iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္၍သင္ဟာ သင္ခ်စ္သူနဲ႔ နယ္ေျမခ်င္းျခားၿပီး အေဝးမွာ ေနေနရသူ တစ္ေယာက္ဆိုရင္ေတာ့ သင္တို႔ ခ်စ္ျခင္းတရားေတြ တည္ၿမဲေနေစဖို႔ ဒီစာေလးကို အခ်ိန္ေပးၿပီး ဖတ္ၾကည့္လိုက္ပါ။
(၁) အရင္ကထက္ ႏွစ္ဆခ်စ္ခင္ၾကင္နာမႈေတြေပးပါ။
သင္ဟာသင့္ခ်စ္သူနဲ႔ ေဝးကြာတဲ႔အေနအထားမွာရွိေနၿပီဆိုရင္ သင့္ခ်စ္သူကို အရင္နီးကပ္တဲ႔ အခ်ိန္ေတြမွာထက္ ပိုၿပီး ၾကင္နာဂရုစိုက္ဖို႔ မေမ့ပါနဲ႔။ တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႔ရေသာ္လည္း တစ္ေယာက္ တစ္ေယာက္ရင္ထဲမွာ တစ္ေယာက္ရွိေနတာကို သိေနျခင္းဟာ သင္တို႔ရဲ႕ Relationship ကို ပိုၿပီးခိုင္ၿမဲေစပါတယ္။

(၂) သင္တို႔ႏွစ္ေယာက္ေတြ႔တဲ႔အခါ အခ်ိန္ေပးဖို႔မေမ့ပါနဲ႔။
အခ်ိန္မ်ားစြာ ခြဲခြာၿပီးေနေနရတဲ႔ သင္တို႔ႏွစ္ေယာက္ ေတြ႔တဲ႔အခါ တစ္ဦးကိုတစ္ဦး အခ်ိန္ေပးဖို႔သတိရပါ။ ဒါ့အျပင္ သင္တုိ႔ႏွစ္ေယာက္ ဘယ္ႏွစ္လေနရင္ တစ္ခါေတြ႔မယ္ ဆိုတာမ်ိဳးကိုပါ ေသခ်ာတိုင္ပင္ၿပီး ကတိကဝတ္သေဘာမ်ိဳး ထားရွိသင့္ပါတယ္။

(၃) ဖုန္းေခၚဆိုဖို႔ ၊ မက္ေဆ့ခ်္ပို႔ဖို႔ ကိုမပ်က္ကြက္ပါနဲ႔။
အလုပ္အားလံုးၿပီးဆံုးမွ ဖုန္းေခၚမယ္ဆိုၿပီး အခ်ိန္မကိုမဆြဲပါနဲ႔။ သင္ဖုန္းေခၚဆိုၿပီး သင္ဘာလုပ္ေနတယ္ ဆိုတာမ်ိဳးကို ေျပာျပျခင္းက သင့္ခ်စ္သူအေပၚ အေလးထားရာေရာက္ပါတယ္။ သင္မအားရင္ေတာင္ မက္ေဆ့ခ်္ပို႔ၿပီး သင္လုပ္ေနတဲ႔ ကိစၥမ်ားအား သင့္ခ်စ္သူကို ေပးသိပါ။

(၄) video call အတြက္ အခ်ိန္ကိုသီးသန္႔သတ္မွတ္ၿပီး ထားပါ။
ဖုန္းေျပာတာနဲ႔ မက္ေဆ့ခ်္ပို႔တာက သင္တို႔ရဲ႕ Relationship တည္ၿမဲေနေစဖို႔ မလံုေလာက္ပါဘူး။ ဒါေၾကာင့္ အခ်ိန္တစ္ခုသတ္မွတ္ၿပီး video call ေျပာျခင္းက သင္တို႔ရဲ႕ Relationship ပိုၿပီးခိုင္မာေအာင္ အေထာက္အကူျပဳမွာပါ။

(၅) သင့္တို႔ Relationship န႔ဲပတ္သက္ၿပီး အိပ္မက္ႀကီးႀကီးထားပါ။
သင္တို႔ႏွစ္ေယာက္ ခုခ်ိန္မွာ ခြဲခြာေနရတာဟာ ေနာက္တစ္ခ်ိန္ နီးစပ္ဖို႔ဆိုတဲ႔ အေတြးမ်ိဳးကို ေခါင္းထဲအၿမဲထည့္ထားပါ။ ဒါက သင့္ ေမွ်ာ္လင့္ခ်က္ကို အသက္ဝင္ေအာင္ ႀကိဳးစားခ်င္စိတ္ကို ပိုၿပီး လံႈ႔ေဆာ္ေပးပါတယ္။

(၆) အရာအားလံုးကို အတူတကြ ခံစားၿပီး ေက်ာ္ျဖတ္ပါ။
သင္တို႔ရဲ႕ ေပ်ာ္ရႊင္ျခင္း၊ ဝမ္းနည္းျခင္းကို အတူတကြ မွ်ေဝခံစားပါ။ သင့္ရဲ႕အေသးအဖဲြ ကိစၥေလးကအစ သင့္ခ်စ္ကို အသိေပးပါ။ ဒါကသင့္တို႔ႏွစ္ေယာက္ရဲ႕ ေဝးေနေပမယ့္ အေတြးအျမင္နဲ႔ ခံစားခ်က္ကို တစ္ထပ္ထဲက်ေစပါတယ္။


Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အကယ်၍သင်ဟာ သင်ချစ်သူနဲ့ နယ်မြေချင်းခြားပြီး အဝေးမှာ နေနေရသူ တစ်ယောက်ဆိုရင်တော့ သင်တို့ ချစ်ခြင်းတရားတွေ တည်မြဲနေစေဖို့ ဒီစာလေးကို အချိန်ပေးပြီး ဖတ်ကြည့်လိုက်ပါ။
(၁) အရင်ကထက် နှစ်ဆချစ်ခင်ကြင်နာမှုတွေပေးပါ။
သင်ဟာသင့်ချစ်သူနဲ့ ဝေးကွာတဲ့အနေအထားမှာရှိနေပြီဆိုရင် သင့်ချစ်သူကို အရင်နီးကပ်တဲ့ အချိန်တွေမှာထက် ပိုပြီး ကြင်နာဂရုစိုက်ဖို့ မမေ့ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရသော်လည်း တစ်ယောက် တစ်ယောက်ရင်ထဲမှာ တစ်ယောက်ရှိနေတာကို သိနေခြင်းဟာ သင်တို့ရဲ့ Relationship ကို ပိုပြီးခိုင်မြဲစေပါတယ်။

(၂) သင်တို့နှစ်ယောက်တွေ့တဲ့အခါ အချိန်ပေးဖို့မမေ့ပါနဲ့။
အချိန်များစွာ ခွဲခွာပြီးနေနေရတဲ့ သင်တို့နှစ်ယောက် တွေ့တဲ့အခါ တစ်ဦးကိုတစ်ဦး အချိန်ပေးဖို့သတိရပါ။ ဒါ့အပြင် သင်တို့နှစ်ယောက် ဘယ်နှစ်လနေရင် တစ်ခါတွေ့မယ် ဆိုတာမျိုးကိုပါ သေချာတိုင်ပင်ပြီး ကတိကဝတ်သဘောမျိုး ထားရှိသင့်ပါတယ်။

(၃) ဖုန်းခေါ်ဆိုဖို့ ၊ မက်ဆေ့ချ်ပို့ဖို့ ကိုမပျက်ကွက်ပါနဲ့။
အလုပ်အားလုံးပြီးဆုံးမှ ဖုန်းခေါ်မယ်ဆိုပြီး အချိန်မကိုမဆွဲပါနဲ့။ သင်ဖုန်းခေါ်ဆိုပြီး သင်ဘာလုပ်နေတယ် ဆိုတာမျိုးကို ပြောပြခြင်းက သင့်ချစ်သူအပေါ် အလေးထားရာရောက်ပါတယ်။ သင်မအားရင်တောင် မက်ဆေ့ချ်ပို့ပြီး သင်လုပ်နေတဲ့ ကိစ္စများအား သင့်ချစ်သူကို ပေးသိပါ။

(၄) video call အတွက် အချိန်ကိုသီးသန့်သတ်မှတ်ပြီး ထားပါ။
ဖုန်းပြောတာနဲ့ မက်ဆေ့ချ်ပို့တာက သင်တို့ရဲ့ Relationship တည်မြဲနေစေဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် အချိန်တစ်ခုသတ်မှတ်ပြီး video call ပြောခြင်းက သင်တို့ရဲ့ Relationship ပိုပြီးခိုင်မာအောင် အထောက်အကူပြုမှာပါ။

(၅) သင့်တို့ Relationship နဲ့ပတ်သက်ပြီး အိပ်မက်ကြီးကြီးထားပါ။
သင်တို့နှစ်ယောက် ခုချိန်မှာ ခွဲခွာနေရတာဟာ နောက်တစ်ချိန် နီးစပ်ဖို့ဆိုတဲ့ အတွေးမျိုးကို ခေါင်းထဲအမြဲထည့်ထားပါ။ ဒါက သင့် မျှော်လင့်ချက်ကို အသက်ဝင်အောင် ကြိုးစားချင်စိတ်ကို ပိုပြီး လှုံ့ဆော်ပေးပါတယ်။

(၆) အရာအားလုံးကို အတူတကွ ခံစားပြီး ကျော်ဖြတ်ပါ။
သင်တို့ရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းကို အတူတကွ မျှဝေခံစားပါ။ သင့်ရဲ့အသေးအဖွဲ ကိစ္စလေးကအစ သင့်ချစ်ကို အသိပေးပါ။ ဒါကသင့်တို့နှစ်ယောက်ရဲ့ ဝေးနေပေမယ့် အတွေးအမြင်နဲ့ ခံစားချက်ကို တစ်ထပ်ထဲကျစေပါတယ်။


Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top