ခရီးေဝးသြားတဲ့အခါ ေလေၾကာင္းနဲ႔သြားတာ ပိုျမန္ပါတယ္။ ျပည္ပခရီးစဥ္ေတြဆုိလည္း ေလယာဥ္စီးၿပီးေတာ့ပဲ သြားေနရတာေလ။ ေလယာဥ္စီးၿပီး မၾကာခဏ ခရီးသြားေနၾကသူေတြအေနနဲ႔ ဒါေလးေတြကို သိထားဖုိ႔လိုအပ္ပါတယ္။
၁။ ေအာက္ဆီဂ်င္စီးဆင္းမႈနည္း
Hypoxia ဆုိတာ ခႏၶာကိုယ္တြင္းက တစ္ရႈးေတြဆီကို ေအာက္ဆီဂ်င္ေရာက္ရွိမႈ နည္းသြားျခင္းကို ဆုိလုိတာပါ။ ဒီလိုအေျခအေနမ်ိဳးက ေလယာဥ္စီးေနခ်ိန္မွာသာ ျဖစ္ေလ့ျဖစ္ထရွိပါတယ္။ ေလယာဥ္က ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း ၈၀၀၀ အကြာကေန ပ်ံသန္းေတာ့ အဆုတ္ေတြက ေအာက္ဆီဂ်င္ကို တစ္ရႈးေတြဆီကို ပံုမွန္ပမာဏအတုိင္းေရာက္ေအာင္ မလုပ္ႏိုင္ေတာ့ပါဘူး။ ေအာက္ဆီဂ်င္ လံုလံုေလာက္ေလာက္မေရာက္ေတာ့ ေခါင္းကိုက္၊ ေခါင္းမူးတာအျပင္ အာ႐ံုစူးစိုက္မႈခက္တာနဲ႔ ၾကံဳရပါတယ္။
၂။ ေျခေထာက္ေသြးေၾကာေတြပိတ္
ေျခခ်ၿပီးထုိင္ေနရတဲ့အခါ ေျခက်င္းဝတ္နားမွာ ေသြးေၾကာေတြ ပိတ္ကုန္ပါတယ္။ ေျခေထာက္ ေသြးက်တယ္လို႔လည္း ေခၚၾကပါတယ္။ ေသြးေၾကာေတြထဲမွာ ပိတ္ဆို႔ေနတဲ့အခါ ေျခေထာက္က ေရာင္ရမ္းနာက်င္လာတယ္ေလ။
၃။ အၾကားအာ႐ံုေလ်ာ့
လူတစ္ေယာက္နားေထာင္ႏိုင္တဲ့ ပံုမွန္ အသံႏႈန္းက ၉၅ မွ ၁၀၅ ဒက္ဆီဘယ္ (decibels) သာ ရွိပါတယ္။ ေလယာဥ္ပ်ံတက္စဥ္မွာ ထြက္ေပၚလာတဲ့ အင္ဂ်င္သံက ၁၁၅ ဒက္ဆီဘယ္ ရွိတာမုိ႔ ယင္းအခိုက္အတန္႔မွာ နားကအူသြားတာမ်ိဳး ၾကံဳရပါတယ္။
၄။ အစာစားလိုစိတ္နည္း
ေလယာဥ္ေပၚမွာ လိုက္ပါစီးနင္းေနတဲ့အခါ လွ်ာေပၚက အရသာခံဖုေလးေတြက ဖိအားဒဏ္ေၾကာင့္ အလုပ္ေကာင္းေကာာင္းမလုပ္ေတာာ့ပါဘူး။ အဲ့ဒီအခါ စားခ်င္စိတ္ ေလ်ာ့နည္းသြားပါတယ္။ ေလထုဖိအားနဲ႔ ေလယာဥ္ထဲက ေလထုေျခာက္ေသြ႕မႈ ေျပာင္းလဲျခင္းေတြက အစာစားခ်င္စိတ္ကို ၃၀ ရာခိုင္ႏႈန္းနဲ႔အထက္ ေလ်ာ့သြားေစပါတယ္။
၅။ ေလယာဥ္မူးတာ
ကားမူးတဲ့အခါ ၾကံဳရတာမ်ိဳးပါ။ ေခါင္းေတြမူးၿပီး အန္ခ်င္သလိုေတြျဖစ္တာမ်ိဳးေပါ့။ လူတစ္ကိုယ္လံုးလည္း ျဖဴေဖ်ာ့ၿပီး ေခြယိုင္ေနပါတယ္။ ဒါေပမဲ့ ဒါက ၾကာၾကာေတာ့ ျဖစ္ေလ့မရွိပါဘူး။
၆။ ႏံုးခ်ိ
ေလယာဥ္စီးရတဲ့အခါ ခႏၶာကိုယ္တြင္းက လုပ္ေဆာင္ခ်က္အခ်ိဳ႕က အထက္မွာေဖာ္ျပခဲ့သလို ပံုမွန္မဟုတ္တာမ်ိဳးေတြနဲ႔ ၾကံဳရတာေၾကာင့္ လူက ေမာပန္းႏံုးခ်ိလာပါတယ္။ ေလယာဥ္ၾကာၾကာစီးရေလေလ ပိုဆုိးေလေလပါပဲ။ အိပ္ခ်ိန္ ကေျပာင္းကျပန္ျဖစ္တာလည္း ပါဝင္ပါတယ္။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခရီးဝေးသွားတဲ့အခါ လေကြောင်းနဲ့သွားတာ ပိုမြန်ပါတယ်။ ပြည်ပခရီးစဉ်တွေဆိုလည်း လေယာဉ်စီးပြီးတော့ပဲ သွားနေရတာလေ။ လေယာဉ်စီးပြီး မကြာခဏ ခရီးသွားနေကြသူတွေအနေနဲ့ ဒါလေးတွေကို သိထားဖို့လိုအပ်ပါတယ်။
၁။ အောက်ဆီဂျင်စီးဆင်းမှုနည်း
Hypoxia ဆိုတာ ခန္ဓာကိုယ်တွင်းက တစ်ရှုးတွေဆီကို အောက်ဆီဂျင်ရောက်ရှိမှု နည်းသွားခြင်းကို ဆိုလိုတာပါ။ ဒီလိုအခြေအနေမျိုးက လေယာဉ်စီးနေချိန်မှာသာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လေယာဉ်က ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၈၀၀၀ အကွာကနေ ပျံသန်းတော့ အဆုတ်တွေက အောက်ဆီဂျင်ကို တစ်ရှုးတွေဆီကို ပုံမှန်ပမာဏအတိုင်းရောက်အောင် မလုပ်နိုင်တော့ပါဘူး။ အောက်ဆီဂျင် လုံလုံလောက်လောက်မရောက်တော့ ခေါင်းကိုက်၊ ခေါင်းမူးတာအပြင် အာရုံစူးစိုက်မှုခက်တာနဲ့ ကြုံရပါတယ်။
၂။ ခြေထောက်သွေးကြောတွေပိတ်
ခြေချပြီးထိုင်နေရတဲ့အခါ ခြေကျင်းဝတ်နားမှာ သွေးကြောတွေ ပိတ်ကုန်ပါတယ်။ ခြေထောက် သွေးကျတယ်လို့လည်း ခေါ်ကြပါတယ်။ သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့အခါ ခြေထောက်က ရောင်ရမ်းနာကျင်လာတယ်လေ။
၃။ အကြားအာရုံလျော့
လူတစ်ယောက်နားထောင်နိုင်တဲ့ ပုံမှန် အသံနှုန်းက ၉၅ မှ ၁၀၅ ဒက်ဆီဘယ် (decibels) သာ ရှိပါတယ်။ လေယာဉ်ပျံတက်စဉ်မှာ ထွက်ပေါ်လာတဲ့ အင်ဂျင်သံက ၁၁၅ ဒက်ဆီဘယ် ရှိတာမို့ ယင်းအခိုက်အတန့်မှာ နားကအူသွားတာမျိုး ကြုံရပါတယ်။
၄။ အစာစားလိုစိတ်နည်း
လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းနေတဲ့အခါ လျှာပေါ်က အရသာခံဖုလေးတွေက ဖိအားဒဏ်ကြောင့် အလုပ်ကောင်းကောာင်းမလုပ်တောာ့ပါဘူး။ အဲ့ဒီအခါ စားချင်စိတ် လျော့နည်းသွားပါတယ်။ လေထုဖိအားနဲ့ လေယာဉ်ထဲက လေထုခြောက်သွေ့မှု ပြောင်းလဲခြင်းတွေက အစာစားချင်စိတ်ကို ၃၀ ရာခိုင်နှုန်းနဲ့အထက် လျော့သွားစေပါတယ်။
၅။ လေယာဉ်မူးတာ
ကားမူးတဲ့အခါ ကြုံရတာမျိုးပါ။ ခေါင်းတွေမူးပြီး အန်ချင်သလိုတွေဖြစ်တာမျိုးပေါ့။ လူတစ်ကိုယ်လုံးလည်း ဖြူဖျော့ပြီး ခွေယိုင်နေပါတယ်။ ဒါပေမဲ့ ဒါက ကြာကြာတော့ ဖြစ်လေ့မရှိပါဘူး။
၆။ နုံးချိ
လေယာဉ်စီးရတဲ့အခါ ခန္ဓာကိုယ်တွင်းက လုပ်ဆောင်ချက်အချို့က အထက်မှာဖော်ပြခဲ့သလို ပုံမှန်မဟုတ်တာမျိုးတွေနဲ့ ကြုံရတာကြောင့် လူက မောပန်းနုံးချိလာပါတယ်။ လေယာဉ်ကြာကြာစီးရလေလေ ပိုဆိုးလေလေပါပဲ။ အိပ်ချိန် ကပြောင်းကပြန်ဖြစ်တာလည်း ပါဝင်ပါတယ်။
Credit:duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေလယာဥ္စီးေနစဥ္ သင့္ခႏၶာကိုယ္မွာ ခံစားရမယ့္အရာ (၆) ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။