iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ တက္တူးနဲ႕လူတစ္ဦးျဖစ္လို႕ သင့္ကို သင့္ပတ္၀န္းက်င္ အသိုင္းအ၀ိုင္းက အထူးအဆန္းသဖြယ္ၾကည့္တာ၊ ဒါမွမဟုတ္ သင့္တက္တူးကို ဘာေတြထိုးထားတာလဲဆုိျပီး ေမးျမန္းစူးစမ္းတာမ်ိဳးေတြ မၾကာခဏခံရပါလိမ့္မယ္။ တက္တူးနဲ႕ ပတ္သက္ျပီး တစ္ခါတစ္ေလမဟုတ္ပဲ အျမဲတမ္း အေမးခံရတဲ့ ေမးခြန္းေတြလည္း ရွိတတ္ပါတယ္။ တက္တူးထုိးထားတဲ့သူအတြက္ အဲ့ဒီလို ေမးခြန္းေတြထဲက အူေၾကာင္ေၾကာင္အႏုိင္ဆုံးနဲ႕ မုန္းစရာအေကာင္းဆံုးလို႕ ခံစား ရတဲ့  ေမးခြန္းေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ တက္တူးထိုးတာ နာလားဟင္။
ဒီေမးခြန္းကို လူတိုင္းနီးပါး ေမးတတ္ၾကပါတယ္။ တက္တူးနဲ႕ပတ္သက္ျပီး အေမးခံရဆံုးေမးခြန္းနဲ႕ ဘယ္လိုျပန္ေျဖရမွန္းမသိတဲ့ ေမးခြန္းမ်ိဳးပါ။ တက္တူးထိုးတာ အပ္နဲ႕ ထိုးျခစ္ေနတာမို႕ နာပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္ကာလ ေလးတစ္ခုဟာ ဘယ္ေတာ့မွျပန္မရေတာ့တဲ့ အခ်ိန္ကာလာေလးျဖစ္တဲ့အျပင္ အမွတ္တရေတြ ဖန္တီးေပးလိုက္တဲ့ ေပ်ာ္စရာအခ်ိန္ပါပဲ။

၂။ ေနာင္တရမွာ မေၾကာက္ဘူးလား။
လူတုိင္းဟာ စထုိးေတာ့မယ္ဆုိကတည္းက ဒီေမးခြန္းကို ပ်မ္းမ်ွအားျဖင့္ ေတြးထားျပီးသားပါ။ သူတုိ႕မွာ ဘာ့ေၾကာင့္ဒီတက္တူးကို ထုိးရတယ္ဆုိတဲ့ အေၾကာင္းျပခ်က္ေတြ ရွိတတ္ပါတယ္။

၃။ ေနာက္ပိုင္း ရည္းစားေတြ၊ ခ်စ္သူေတြရလာတဲ့အခါ ဒါကိုသေဘာမက်မွာ မေၾကာက္ဘူးလား။
တကယ္ေတာ့ ေၾကာက္စရာမရွိပါဘူး။ ကိုယ့္ကိုခ်စ္ျပီဆုိကတည္းက ကိုယ့္ရဲ႕အျပဳအမူအေနအထား၊ ကုိယ္ခ်စ္ျမတ္ႏိုးတဲ့အရာကို လက္ခံႏိုင္မွ ကိုယ့္ဘ၀ထဲ ၀င္လာသင့္တယ္ မဟုတ္ဘူးလား။ ျပီးေတာ့ ကိုယ့္ရဲ႕ခႏၶာကိုယ္ကို ကိုယ္သာပိုင္ပါတယ္။ တစ္ပါးသူအမိန္႕နာခံျပီး ကိုယ္ခ်စ္တဲ့၊ သေဘာက်တဲ့အရာကို ၾကိတ္မွိတ္မ်ိဳသိပ္ေနစရာ မလိုပါဘူး။

၄။ တက္တူးမွာ အဓိပၸါယ္ရွိသလား။
လူတုိင္းဟာ ဘာ့ေၾကာင့္ ဒီတက္တူးထိုးျဖစ္တယ္၊ ထိုးရတယ္ဆုိတာမ်ိဳး ရွိျပီးသားပါ။ သူထိုးထားတဲ့ တက္တူးက ဖန္စီျဖစ္ေနရင္ေတာင္ သူဘာ့ေၾကာင့္ ဒီတက္တူးထိုးရသလဲဆုိတဲ့ ေမးခြန္းအတြက္ အေျဖရွိေနပါတယ္။

၅။ဒါဘယ္ေလာက္ေပးရသလဲ။
ဒီေမးခြန္းကိုေမးတဲ့အခါ သင္ကိုယ္တုိင္က ဒီတက္တူးေလာကထဲကဆုိရင္ေတာ့ ကိစၥမရွိပါဘူး၊ မဟုတ္ပဲ အျပင္လူတစ္ေယာက္ အေနနဲ႕ တက္တူးကို ေစ်းႏႈန္းနဲ႕ တန္ဖိုးျဖတ္ေ၀ဖန္ဖုိ႕ဆုိရင္ေတာ့ လံုး၀မေမးသင့္ပါဘူး။

၆။အလုပ္ေလ်ွာက္တဲ့အခါ အလုပ္ရပါ့မလား။
ကိုယ့္တက္တူးကို လက္ခံတဲ့အလုပ္ပဲ ေရြးလုပ္မယ္လုိ႕ မေျပာႏိုင္ေပမယ့္ တက္တူးကို ဖ်က္ပစ္ခိုင္းတဲ့အလုပ္မ်ိဳးဆုိရင္ေတာ့ ၀င္လုပ္ျဖစ္မွာ မဟုတ္ဘူး။

၇။ လူေတြက မင္းကိုတစ္မ်ိဳးျမင္မွာ မေၾကာက္ဘူးလား။
ကိုယ့္ခႏၶာကိုယ္ေပၚက ကိုယ္တကယ္သေဘာက်တဲ့ တက္တူးတုိင္းကို လူေတြကိုျမင္ေစခ်င္တယ္။ ဒီလိုေခတ္မွာ တစ္မ်ိဳးျမင္လည္း ဂရုမစိုက္ျဖစ္ေတာ့ဘူး။ ဆယ္ေယာက္မွာ တစ္ေယာက္က ကိုယ့္ကို ေ၀ဖန္တာမ်ိဳးေတာ့ ဘာလုိ႕ဂရုစိုက္ေနေတာ့မွာလဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်ဟာ တက်တူးနဲ့လူတစ်ဦးဖြစ်လို့ သင့်ကို သင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အထူးအဆန်းသဖွယ်ကြည့်တာ၊ ဒါမှမဟုတ် သင့်တက်တူးကို ဘာတွေထိုးထားတာလဲဆိုပြီး မေးမြန်းစူးစမ်းတာမျိုးတွေ မကြာခဏခံရပါလိမ့်မယ်။ တက်တူးနဲ့ ပတ်သက်ပြီး တစ်ခါတစ်လေမဟုတ်ပဲ အမြဲတမ်း အမေးခံရတဲ့ မေးခွန်းတွေလည်း ရှိတတ်ပါတယ်။ တက်တူးထိုးထားတဲ့သူအတွက် အဲ့ဒီလို မေးခွန်းတွေထဲက အူကြောင်ကြောင်အနိုင်ဆုံးနဲ့ မုန်းစရာအကောင်းဆုံးလို့ ခံစား ရတဲ့  မေးခွန်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ တက်တူးထိုးတာ နာလားဟင်။
ဒီမေးခွန်းကို လူတိုင်းနီးပါး မေးတတ်ကြပါတယ်။ တက်တူးနဲ့ပတ်သက်ပြီး အမေးခံရဆုံးမေးခွန်းနဲ့ ဘယ်လိုပြန်ဖြေရမှန်းမသိတဲ့ မေးခွန်းမျိုးပါ။ တက်တူးထိုးတာ အပ်နဲ့ ထိုးခြစ်နေတာမို့ နာပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကာလ လေးတစ်ခုဟာ ဘယ်တော့မှပြန်မရတော့တဲ့ အချိန်ကာလာလေးဖြစ်တဲ့အပြင် အမှတ်တရတွေ ဖန်တီးပေးလိုက်တဲ့ ပျော်စရာအချိန်ပါပဲ။

၂။ နောင်တရမှာ မကြောက်ဘူးလား။
လူတိုင်းဟာ စထိုးတော့မယ်ဆိုကတည်းက ဒီမေးခွန်းကို ပျမ်းမျှအားဖြင့် တွေးထားပြီးသားပါ။ သူတို့မှာ ဘာ့ကြောင့်ဒီတက်တူးကို ထိုးရတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ရှိတတ်ပါတယ်။

၃။ နောက်ပိုင်း ရည်းစားတွေ၊ ချစ်သူတွေရလာတဲ့အခါ ဒါကိုသဘောမကျမှာ မကြောက်ဘူးလား။
တကယ်တော့ ကြောက်စရာမရှိပါဘူး။ ကိုယ့်ကိုချစ်ပြီဆိုကတည်းက ကိုယ့်ရဲ့အပြုအမူအနေအထား၊ ကိုယ်ချစ်မြတ်နိုးတဲ့အရာကို လက်ခံနိုင်မှ ကိုယ့်ဘဝထဲ ဝင်လာသင့်တယ် မဟုတ်ဘူးလား။ ပြီးတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကိုယ်သာပိုင်ပါတယ်။ တစ်ပါးသူအမိန့်နာခံပြီး ကိုယ်ချစ်တဲ့၊ သဘောကျတဲ့အရာကို ကြိတ်မှိတ်မျိုသိပ်နေစရာ မလိုပါဘူး။

၄။ တက်တူးမှာ အဓိပ္ပါယ်ရှိသလား။
လူတိုင်းဟာ ဘာ့ကြောင့် ဒီတက်တူးထိုးဖြစ်တယ်၊ ထိုးရတယ်ဆိုတာမျိုး ရှိပြီးသားပါ။ သူထိုးထားတဲ့ တက်တူးက ဖန်စီဖြစ်နေရင်တောင် သူဘာ့ကြောင့် ဒီတက်တူးထိုးရသလဲဆိုတဲ့ မေးခွန်းအတွက် အဖြေရှိနေပါတယ်။

၅။ဒါဘယ်လောက်ပေးရသလဲ။
ဒီမေးခွန်းကိုမေးတဲ့အခါ သင်ကိုယ်တိုင်က ဒီတက်တူးလောကထဲကဆိုရင်တော့ ကိစ္စမရှိပါဘူး၊ မဟုတ်ပဲ အပြင်လူတစ်ယောက် အနေနဲ့ တက်တူးကို ဈေးနှုန်းနဲ့ တန်ဖိုးဖြတ်ဝေဖန်ဖို့ဆိုရင်တော့ လုံးဝမမေးသင့်ပါဘူး။

၆။အလုပ်လျှောက်တဲ့အခါ အလုပ်ရပါ့မလား။
ကိုယ့်တက်တူးကို လက်ခံတဲ့အလုပ်ပဲ ရွေးလုပ်မယ်လို့ မပြောနိုင်ပေမယ့် တက်တူးကို ဖျက်ပစ်ခိုင်းတဲ့အလုပ်မျိုးဆိုရင်တော့ ဝင်လုပ်ဖြစ်မှာ မဟုတ်ဘူး။

၇။ လူတွေက မင်းကိုတစ်မျိုးမြင်မှာ မကြောက်ဘူးလား။
ကိုယ့်ခန္ဓာကိုယ်ပေါ်က ကိုယ်တကယ်သဘောကျတဲ့ တက်တူးတိုင်းကို လူတွေကိုမြင်စေချင်တယ်။ ဒီလိုခေတ်မှာ တစ်မျိုးမြင်လည်း ဂရုမစိုက်ဖြစ်တော့ဘူး။ ဆယ်ယောက်မှာ တစ်ယောက်က ကိုယ့်ကို ဝေဖန်တာမျိုးတော့ ဘာလို့ဂရုစိုက်နေတော့မှာလဲ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top