ေက်ာက္ခ်ဥ္သည္ အေရာင္ကင္း၍ ရွစ္ေျမွာင့္ ခရစၥတယ္ကေလးမ်ားအျဖစ္
ဖဲြ႔စည္းေနေသာ အခဲျဖစ္သည္။ ထိုအခဲတြင္ ေရ ၄၅ ရာခိုင္ႏႈန္းခန္႔ ပါ၀င္၏။
အလ်ဴမီနီယမ္ ဆာလဖိတ္(ဓာတ္ဆား) ႏွင့္ ပိုတက္ဆီယမ္ ဆာလဖိတ္(ဓာတ္ဆား)
သို႔မဟုတ္ အမ္မိုးနီးယမ္း ဆာလဖိတ္(ဓာတ္ဆား)ႏွစ္မ်ိဳးကို အညီအမွ်ေရာစပ္ကာ
အရည္ေဖ်ာ္၍ လုပ္လွ်င္ ရွစ္ေျမွာင့္ ခရစၥတယ္ ေက်ာက္ခ်ဥ္ကေလးမ်ား ျဖစ္လာသည္။
ေက်ာက္ခ်ဥ္ကို
သယံဇာတအျဖစ္ျဖင့္ တူးေဖာ္ရရွိနိုင္သည္။ သို႔ေသာ္ ေက်ာက္မီးေသြးမွ
ဓာတ္ေငြ႔ကို ထုတ္ယူရာတြင္ ေက်ာက္ခ်ဥ္ကို ေဘးထြက္ပစၥည္းအေနျဖင့္
အေျမာက္အမ်ား ရရွိနိုင္သည္။ ေရွးေခတ္အခါ က လူမ်ားသည္ ေက်ာက္ခ်ဥ္ပါေသာ
ေက်ာက္တံုးကို မီးဖုတ္၍ ေက်ာက္ခ်ဥ္ကို ထုတ္ယူၾကသည္။ အလယ္ ေခတ္ေလာက္က
ဥေရာပနိုင္ငံမ်ား၌ အသံုးျပဳေသာ ေက်ာက္ခ်ဥ္ကို ဥေရာပအေရွ႕ဖက္ရွိ
မြတ္စလင္နိုင္ငံ မ်ားမွ ရရွိသည္။ ၁၅ရာစုႏွစ္သို႔ ေရာက္ေသာအခါမွ
ေက်ာက္ခ်ဥ္တြင္းမ်ားကို အီတလီႏိုင္ငံ ေတာင္ပိုင္းတြင္ ေတြ႔ရွိၾကေလသည္။
ေက်ာက္ခ်ဥ္၏
ထူးျခားေသာ အခ်က္တစ္ရပ္မွာ က်ံဳ႕ေစခ်ဳပ္ေစတတ္ေသာ သတၱိျဖစ္၏။ ဥဒါဟရုဏ္
ေက်ာက္ခ်ဥ္တခဲကို ႏႈတ္ခမ္းတြင္ ပြတ္တိုက္ၾကည့္လွ်င္ ႏႈတ္ခမ္းသည္
က်ဳံယံု႔တင္းမာသြားသည္ကို ေတြ႔ရမည္။ ေက်ာက္ခ်ဥ္ကို ေဆး၀ါးအျဖစ္ျဖင့္
အမ်ိဳးမ်ိဳး အသံုးျပဳႏိုင္ရာ ေသြးတိတ္ေအာင္ျပဳျခင္း၊
အနာစိမ္းမ်ားကုသျခင္းတို႔အတြက္ ေကာင္း၏။ ထို႔ျပင္ အထည္အလိပ္မ်ား
ေဆးဆိုးရာတြင္လည္း ေဆးေရာင္ကို ခ်ဳပ္ရန္အတြက္ အသံုး၀င္သည္။ သို႔ရာတြင္
ဤသို႔ ခ်ဳပ္ေဆးအျဖစ္ျဖင့္ အသံုးျပဳေသာ ေက်ာက္ခ်ဥ္၌ သံဓာတ္မပါေအာင္
သတိျပဳရသည္။ သားေရနယ္ရာ၌၎ စကၠဴလုပ္ငန္းတြင္ စကၠဴကို
မင္အစုတ္နည္းေအာင္ျပဳလုပ္ရာ၌၎၊ ေနာက္က်ိေသာေရကို ၾကည္လင္ေအာင္ ျပဳလုပ္ရာ၌၎
ေက်ာက္ခ်ဥ္ကို အသံုးျပဳၾက၏။ ေရကိုၾကည္လင္ေစရန္ ေရတိုင္ကီမ်ားတြင္ တခါတရံ
ေက်ာက္ခ်ဥ္ သက္သက္ကိုျဖစ္ေစ ထံုးျဖင့္ေရာ၍ျဖစ္ေစ အသံုးျပဳတတ္ၾကသည္။
ေက်ာက္ခ်ဥ္သည္ ေဆး၀ါးဖက္တြင္ အသံုး၀င္ေသာ္လည္း တန္ရံုထက္လြန္၍
စားသံုးမိလွ်င္ ဥပဒ္ေပးတတ္သည္။ ေက်ာက္ခ်ဥ္ကို မီးဖုတ္ၾကည့္လွ်င္
ေရသည္အေငြ႔ျဖစ္သြား၍ အမႈန္႔သာ က်န္သည္။
မွတ္ခ်က္။ ျမန္မာ့စြယ္စံုက်မ္းအတဲြ(၂)မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။
Credit:MOI Webportal Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ကျောက်ချဉ်သည် အရောင်ကင်း၍ ရှစ်မြှောင့် ခရစ္စတယ်ကလေးများအဖြစ် ဖွဲ့စည်းနေသော အခဲဖြစ်သည်။ ထိုအခဲတွင် ရေ ၄၅ ရာခိုင်နှုန်းခန့် ပါဝင်၏။ အလျူမီနီယမ် ဆာလဖိတ်(ဓာတ်ဆား) နှင့် ပိုတက်ဆီယမ် ဆာလဖိတ်(ဓာတ်ဆား) သို့မဟုတ် အမ်မိုးနီးယမ်း ဆာလဖိတ်(ဓာတ်ဆား)နှစ်မျိုးကို အညီအမျှရောစပ်ကာ အရည်ဖျော်၍ လုပ်လျှင် ရှစ်မြှောင့် ခရစ္စတယ် ကျောက်ချဉ်ကလေးများ ဖြစ်လာသည်။
ကျောက်ချဉ်ကို သယံဇာတအဖြစ်ဖြင့် တူးဖော်ရရှိနိုင်သည်။ သို့သော် ကျောက်မီးသွေးမှ ဓာတ်ငွေ့ကို ထုတ်ယူရာတွင် ကျောက်ချဉ်ကို ဘေးထွက်ပစ္စည်းအနေဖြင့် အမြောက်အများ ရရှိနိုင်သည်။ ရှေးခေတ်အခါ က လူများသည် ကျောက်ချဉ်ပါသော ကျောက်တုံးကို မီးဖုတ်၍ ကျောက်ချဉ်ကို ထုတ်ယူကြသည်။ အလယ် ခေတ်လောက်က ဥရောပနိုင်ငံများ၌ အသုံးပြုသော ကျောက်ချဉ်ကို ဥရောပအရှေ့ဖက်ရှိ မွတ်စလင်နိုင်ငံ များမှ ရရှိသည်။ ၁၅ရာစုနှစ်သို့ ရောက်သောအခါမှ ကျောက်ချဉ်တွင်းများကို အီတလီနိုင်ငံ တောင်ပိုင်းတွင် တွေ့ရှိကြလေသည်။
ကျောက်ချဉ်၏ ထူးခြားသော အချက်တစ်ရပ်မှာ ကျုံ့စေချုပ်စေတတ်သော သတ္တိဖြစ်၏။ ဥဒါဟရုဏ် ကျောက်ချဉ်တခဲကို နှုတ်ခမ်းတွင် ပွတ်တိုက်ကြည့်လျှင် နှုတ်ခမ်းသည် ကျုံယုံ့တင်းမာသွားသည်ကို တွေ့ရမည်။ ကျောက်ချဉ်ကို ဆေးဝါးအဖြစ်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်ရာ သွေးတိတ်အောင်ပြုခြင်း၊ အနာစိမ်းများကုသခြင်းတို့အတွက် ကောင်း၏။ ထို့ပြင် အထည်အလိပ်များ ဆေးဆိုးရာတွင်လည်း ဆေးရောင်ကို ချုပ်ရန်အတွက် အသုံးဝင်သည်။ သို့ရာတွင် ဤသို့ ချုပ်ဆေးအဖြစ်ဖြင့် အသုံးပြုသော ကျောက်ချဉ်၌ သံဓာတ်မပါအောင် သတိပြုရသည်။ သားရေနယ်ရာ၌၎င်း စက္ကူလုပ်ငန်းတွင် စက္ကူကို မင်အစုတ်နည်းအောင်ပြုလုပ်ရာ၌၎င်း၊ နောက်ကျိသောရေကို ကြည်လင်အောင် ပြုလုပ်ရာ၌၎င်း ကျောက်ချဉ်ကို အသုံးပြုကြ၏။ ရေကိုကြည်လင်စေရန် ရေတိုင်ကီများတွင် တခါတရံ ကျောက်ချဉ် သက်သက်ကိုဖြစ်စေ ထုံးဖြင့်ရော၍ဖြစ်စေ အသုံးပြုတတ်ကြသည်။ ကျောက်ချဉ်သည် ဆေးဝါးဖက်တွင် အသုံးဝင်သော်လည်း တန်ရုံထက်လွန်၍ စားသုံးမိလျှင် ဥပဒ်ပေးတတ်သည်။ ကျောက်ချဉ်ကို မီးဖုတ်ကြည့်လျှင် ရေသည်အငွေ့ဖြစ်သွား၍ အမှုန့်သာ ကျန်သည်။
မှတ်ချက်။ မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit:MOI Webportal Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေက်ာက္ခ်ဥ္ အစြမ္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။