iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
အမျိုးသမီးတွေအတွက် လတစ်လရဲ့ ၄၊ ၅၊ ၆ ရက်တာကာလဟာ စိတ်ညစ်စရာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဒီရာသီလာချိန်ကာလတွေမှာ နာကျင်မှုတွေ သက်သာစေနိုင်တဲ့ အရာတွေရှိပေမယ့် ကျန်းမာရေး ဂရုစိုက်ဖို့လည်း အရေးကြီးပြန်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးထိန်းသိမ်းခြင်းအပြင် မလုပ်သင့်တဲ့ အလေ့အကျင့်တွေ ရှိပါတယ်။
၁။ အားအင်မြောက်များစွာ ကုန်ခမ်းပြီး ခန္ဓာကိုယ်ကနေ သွေးတွေ ဆုံးရှုံးနေရလို့ ရာသီလာချိန်အတွင်း အစားအသောက်တွေ မစားပဲနေဖို့ အားမပေးပါဘူး။
၂။ ညကြီးမင်းကြီး အစားအသောက်တွေ အငမ်းမရစားတာမျိုးတွေ ရှောင်ပါ။ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါက အဆီများတဲ့ အစားအစာတွေကို ကြေအောင် မခြေဖျက်နိုင်ပါဘူး။
၃။ ရာသီလာချိန် ဗိုက်အောင့်ဗိုက်နာခြင်းက မိန်းကလေးတွေအတွက် ညအိပ်ပျော်ဖို့ ခက်ခဲစေပေမယ့် ညကောင်းကောင်းအိပ်ပြီး ခန္ဓာကိုယ်ကို အနားပေးဖို့ အကြံပြုထားပါတယ်။
၄။ နို့ထွက်ပစ္စည်းတွေမှာ arachidonic acid တွေပါလို့ ဓမ္မတာချိန် နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။
၅။ စိတ်မကောင်းစရာ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုခြင်းနဲ့ ဝမ်းနည်းစရာ တေးသီချင်းတွေ နားထောင်ခြင်းစတဲ့ စိတ်မချမ်းမြေ့စရာ လုပ်ဆောင်ချက်တွေ ရှောင်ကြဉ်ပါ။ အဲဒါက အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
၆။ ရာသီလာချိန်အတွင်း အကာအကွယ်မပြုဘဲ လိင်ဆက်ဆံမှုပြုပါက ရောဂါကူးစက်ခံရနိုင်ခြေ အလားအလာပိုများပါတယ်။
၇။ လစဉ်အမျိုးသမီးရောဂါ ခံစားနေရစဉ် ပြင်းထန်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ပါက ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေပြီး အားအင်ကုန်ခမ်းစေနိုင်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top