iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္တစ္ဖက္ႏွင့္ မအားလပ္ေပမယ့္ မိမိရဲ႕ကေလးငယ္ကို မိခင္ႏုိ႔တိုက္ေကၽြးခ်င္တဲ့ ေမေမေတြ အတြက္ မိခင္ႏုိ႔ရည္ကို သိမ္းဆည္းထိန္းသိမ္းပံုေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

1. ႀကိဳတင္ညႇစ္ထုတ္ထားတဲ့ ႏုိ႔ရည္ေတြကို ဘယ္လိုဘူးနဲ႔သိမ္းဆည္းမလဲ

 ႏုိ႔ရည္ေတြကိုမညႇစ္ထုတ္မီ လက္ကိုဆပ္ျပာႏွင့္စင္ၾကယ္စြာေဆးေၾကာဖုိ႔ လိုအပ္ပါတယ္။ ထုိ႔ေနာက္ညႇစ္ထုတ္ထားတဲ့ ႏုိ႔ရည္ကိုသန္႔ရွင္းၿပီးအဖံုးရွိတဲ့ ဖန္ထည္ (သို႔) BPA ပါဝင္မႈမရွိတဲ့ ပလတ္စတစ္ဗူးထဲမွာ သိမ္းဆည္းႏုိင္ပါတယ္။ ဒါမွမဟုတ္ ႏုိ႔ရည္သိုေလွာင္ဖုိ႔အတြက္ ရည္ရြယ္ၿပီး
ထုတ္လုပ္ထားတဲ့ ပလတ္စတစ္အိတ္ေတြအသံုးျပဳႏုိင္တယ္ဆိုေပမယ့္ ၎အိတ္ေတြက ေပါက္ၿပဲယိုစိမ့္
လြယ္ၿပီး ဘက္တီးရီယားပိုးမႊားဝင္ေရာက္ႏုိင္ေျခ ပိုမ်ားပါတယ္။ ပိုၿပီးေတာ့ေသခ်ာခ်င္တယ္ဆုိရင္ေတာ့
 ႏုိ႔ထည့္ထားတဲ့အိတ္ကို ေလလံုတဲ့ပလပ္စတစ္ဘူးထဲမွာထည့္ၿပီး အဖံုးကိုေသခ်ာဖံုးထားပါ။

 အိမ္သံုး၊ ေစ်းသံုးအတြက္ ထုတ္လုပ္ထားတဲ့ ကၽြတ္ကၽြတ္အိတ္၊ တစ္ခါသံုးခြက္ စတာေတြကိုေတာ့ အသံုးမျပဳသင့္ပါဘူး။

2. ညႇစ္ထုတ္ထားတဲ့ ႏုိ႔ရည္ကို သိုေလွာင္ဖို႔ အေကာင္းဆံုးနည္းလမ္းကဘာလဲ

 ႏုိ႔ရည္ထုတ္ထားတဲ့ ရက္စြဲအတိအက်ကို ႏုိ႔ဘူးတခုခ်င္းစီတုိင္းမွာ ေရစိုခံမွင္ႏွင့္ ေရးၿပီးမွတ္သားထားပါ။ ၿပီးလွ်င္ ေရခဲေသတၱာရဲ႕ အေအးဆံုးအစိတ္အပိုင္းမွာ သိမ္းဆည္းပါ။ ေရခဲေသတၱာမရွိပါက ေရခဲပံုးထဲမွာ
 ေခတၱ ခဏသိမ္းဆည္းႏုိင္ပါတယ္။ ႏုိ႔ရည္ေတြ ကို ႏွစ္ေအာင္စမွ ေလးေအာင္စအထိ ခြဲၿပီးသိမ္းထားပါ။
 ေအးခဲလာခ်ိန္ တြင္ ႏုိ႔ရည္ထုထည္က်ယ္ျပန္႔လာႏုိင္တာေၾကာင့္ ဗူးႏႈတ္ခမ္းေရာက္တဲ့အထိ
 ႏုိ႔ရည္မေရာက္ေအာင္ဂ႐ုစိုက္ပါ။

3. ႏုိ႔ရည္အေဟာင္းနဲ႔အသစ္ကို ေရာထည့္လို႔ရသလား

တစ္ေန႔တည္းမွာ ညႇစ္ထုတ္ထားတာဆုိရင္ေတာ့ ႏုိ႔ရည္အေဟာင္းနဲ႔အသစ္ တစ္ပုလင္းထဲမွာေရာၿပီး သိမ္းဆည္းႏုိင္ပါတယ္။ ဒါေပမယ့္ ပူေႏြးေနတဲ့ ႏုိ႔ရည္အသစ္က ေအးခဲေနတဲ့ႏုိ႔ေတြကိုအရည္ေပ်ာ္ေစႏုိင္
 တာေၾကာင့္ ႏုိ႔ရည္အသစ္ကို ေအးေအာင္အရင္လုပ္ၿပီးမွ အေဟာင္းႏွင့္ေရာၿပီးသိမ္းဆည္းပါ။

4. ႏုိ႔ရည္ေတြက ဘယ္ေလာက္ၾကာရွည္ခံသလဲ

 ႏုိ႔ရည္ေတြဘယ္ေလာက္ၾကာရွည္ခံတယ္ဆုိတာ သိမ္းဆည္းထားတဲ့ နည္းလမ္းေပၚမွာမူတည္ၿပီး ကြဲျပားႏိုင္ပါတယ္။ ႏုိ႔ရည္ေတြၾကာရွည္ခံဖို႔အတြက္ ေအာက္ပါနည္းလမ္းေတြကို လိုက္နာဖုိ႔
လိုအပ္ပါတယ္။

(1) အသစ္စက္စက္ညႇစ္ထုတ္ထားတဲ့ႏို႔ရည္ကို အခန္းအပူခ်ိန္မွာ 6 နာရီအထိထားႏုိင္ပါတယ္။ ဒါေပမယ့္ ရာသီဥတုပူေႏြးေနခ်ိန္မွာေတာ့ ေလးနာရီအတြင္း အသံုးျပဳျခင္းက အေကာင္းဆံုးျဖစ္ပါတယ္။

(2) ေရခဲေသတၱာ (Refrigerator) ထဲမွာဆုိရင္ေတာ့ ႏုိ႔ရည္ကို 5 ရက္အထိ သိမ္းဆည္းႏုိင္ပါတယ္။ 3 ရက္အတြင္း အသံုးျပဳသင့္တယ္လို႔ ပညာရွင္ေတြကအၾကံျပဳထားပါတယ္။

(3) ေရခဲပံုးထဲမွာ ထည့္ထားမယ္ဆုိပါက တစ္ရက္အတြင္း အသံုးျပဳရမွာျဖစ္ပါတယ္။ သိမ္းဆည္းထားတဲ့အခ်ိန္ၾကာျမင့္လာတာႏွင့္အမွ် ႏုိ႔ထဲမွာပါဝင္တဲ့ ဗီတာမင္ C ဓာတ္ဆံုး႐ႈံးမႈမ်ားျပားလာမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေပါင္မျပည့္လမေစ့ေသာကေလး၊ ေနမေကာင္းေသာကေလး စတဲ့အေျခေနေပၚမွာမူတည္ၿပီး ႏုိ႔ရည္သိမ္းဆည္းမူလမ္းၫႊန္ခ်က္ေတြ ေျပာင္းလဲႏုိင္ပါတယ္။

5. ေအးခဲေနတဲ့ ႏုိ႔ရည္ေတြကို အရည္ေပ်ာ္ေအာင္ ဘယ္လိုလုပ္မလဲ

 ဦးဆံုးသိမ္းထားတဲ့ ႏုိ႔ရည္ကိုအရင္ဆံုးအရည္ေပ်ာ္ေအာင္လုပ္ပါ။ ႏုိ႔ဘူးကို ေရေႏြးဇလံုထဲမွာ စိမ္ထားၿပီး ျဖည္းျဖည္းခ်င္းအရည္ေပ်ာ္ပါေစ။ မုိက္ခ႐ိုေဝ့မီးဖိုထဲထည့္ျခင္း၊ မီးဖိုေပၚတြင္ အပူေပးျခင္းတို႔ကို ေရွာင္ၾကဥ္ပါ။ ျမန္ျမန္အပူေပးျခင္းက ႏုိ႔ရည္မွာပါဝင္တဲ့ ပဋိဇီဝပစၥည္းေတြကို ထိခိုက္ေစပါတယ္။

တစ္ႀကိမ္အရည္ေပ်ာ္ၿပီးသားႏုိ႔ရည္ကို 24 နာရီအတြင္း အသံုးျပဳသင့္ပါတယ္။

6. အရည္ေပ်ာ္ေအာင္လုပ္ထားတဲ့ ေအးခဲႏုိ႔ရည္က လတ္လတ္ဆတ္ဆတ္ ညႇစ္ထုတ္ထားတဲ့ ႏို႔ရည္နဲ႔ ကြာျခားမႈရွိပါသလား။

စားေသာက္တဲ့အစားအစာေပၚမူတည္ၿပီး ႏုိ႔ရည္အေရာင္ကြဲျပားႏုိင္ပါတယ္။ အရည္ေပ်ာ္ေအာင္ျပဳလုပ္ ထားတဲ့ ေအးခဲႏုိ႔ရည္က ႏုိ႔ရည္အသစ္ႏွင့္ အေရာင္ေရာအနံ႔ပါကြာျခားမႈရွိေပမယ့္ ကေလးငယ္ေတြကို တိုက္ေကၽြးဖုိ႔အတြက္ ေဘးကင္းပါတယ္။


Credit: DrMyanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 Unicode Version

အလုပ်တစ်ဖက်နှင့် မအားလပ်ပေမယ့် မိမိရဲ့ကလေးငယ်ကို မိခင်နို့တိုက်ကျွေးချင်တဲ့ မေမေတွေ အတွက် မိခင်နို့ရည်ကို သိမ်းဆည်းထိန်းသိမ်းပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။

1. ကြိုတင်ညှစ်ထုတ်ထားတဲ့ နို့ရည်တွေကို ဘယ်လိုဘူးနဲ့သိမ်းဆည်းမလဲ

 နို့ရည်တွေကိုမညှစ်ထုတ်မီ လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာဆေးကြောဖို့ လိုအပ်ပါတယ်။ ထို့နောက်ညှစ်ထုတ်ထားတဲ့ နို့ရည်ကိုသန့်ရှင်းပြီးအဖုံးရှိတဲ့ ဖန်ထည် (သို့) BPA ပါဝင်မှုမရှိတဲ့ ပလတ်စတစ်ဗူးထဲမှာ သိမ်းဆည်းနိုင်ပါတယ်။ ဒါမှမဟုတ် နို့ရည်သိုလှောင်ဖို့အတွက် ရည်ရွယ်ပြီး
ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေအသုံးပြုနိုင်တယ်ဆိုပေမယ့် ၎င်းအိတ်တွေက ပေါက်ပြဲယိုစိမ့်
လွယ်ပြီး ဘက်တီးရီယားပိုးမွှားဝင်ရောက်နိုင်ခြေ ပိုများပါတယ်။ ပိုပြီးတော့သေချာချင်တယ်ဆိုရင်တော့
 နို့ထည့်ထားတဲ့အိတ်ကို လေလုံတဲ့ပလပ်စတစ်ဘူးထဲမှာထည့်ပြီး အဖုံးကိုသေချာဖုံးထားပါ။

 အိမ်သုံး၊ ဈေးသုံးအတွက် ထုတ်လုပ်ထားတဲ့ ကျွတ်ကျွတ်အိတ်၊ တစ်ခါသုံးခွက် စတာတွေကိုတော့ အသုံးမပြုသင့်ပါဘူး။

2. ညှစ်ထုတ်ထားတဲ့ နို့ရည်ကို သိုလှောင်ဖို့ အကောင်းဆုံးနည်းလမ်းကဘာလဲ

 နို့ရည်ထုတ်ထားတဲ့ ရက်စွဲအတိအကျကို နို့ဘူးတခုချင်းစီတိုင်းမှာ ရေစိုခံမှင်နှင့် ရေးပြီးမှတ်သားထားပါ။ ပြီးလျှင် ရေခဲသေတ္တာရဲ့ အအေးဆုံးအစိတ်အပိုင်းမှာ သိမ်းဆည်းပါ။ ရေခဲသေတ္တာမရှိပါက ရေခဲပုံးထဲမှာ
 ခေတ္တ ခဏသိမ်းဆည်းနိုင်ပါတယ်။ နို့ရည်တွေ ကို နှစ်အောင်စမှ လေးအောင်စအထိ ခွဲပြီးသိမ်းထားပါ။
 အေးခဲလာချိန် တွင် နို့ရည်ထုထည်ကျယ်ပြန့်လာနိုင်တာကြောင့် ဗူးနှုတ်ခမ်းရောက်တဲ့အထိ
 နို့ရည်မရောက်အောင်ဂရုစိုက်ပါ။

3. နို့ရည်အဟောင်းနဲ့အသစ်ကို ရောထည့်လို့ရသလား

တစ်နေ့တည်းမှာ ညှစ်ထုတ်ထားတာဆိုရင်တော့ နို့ရည်အဟောင်းနဲ့အသစ် တစ်ပုလင်းထဲမှာရောပြီး သိမ်းဆည်းနိုင်ပါတယ်။ ဒါပေမယ့် ပူနွေးနေတဲ့ နို့ရည်အသစ်က အေးခဲနေတဲ့နို့တွေကိုအရည်ပျော်စေနိုင်
 တာကြောင့် နို့ရည်အသစ်ကို အေးအောင်အရင်လုပ်ပြီးမှ အဟောင်းနှင့်ရောပြီးသိမ်းဆည်းပါ။

4. နို့ရည်တွေက ဘယ်လောက်ကြာရှည်ခံသလဲ

 နို့ရည်တွေဘယ်လောက်ကြာရှည်ခံတယ်ဆိုတာ သိမ်းဆည်းထားတဲ့ နည်းလမ်းပေါ်မှာမူတည်ပြီး ကွဲပြားနိုင်ပါတယ်။ နို့ရည်တွေကြာရှည်ခံဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့
လိုအပ်ပါတယ်။

(1) အသစ်စက်စက်ညှစ်ထုတ်ထားတဲ့နို့ရည်ကို အခန်းအပူချိန်မှာ 6 နာရီအထိထားနိုင်ပါတယ်။ ဒါပေမယ့် ရာသီဥတုပူနွေးနေချိန်မှာတော့ လေးနာရီအတွင်း အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

(2) ရေခဲသေတ္တာ (Refrigerator) ထဲမှာဆိုရင်တော့ နို့ရည်ကို 5 ရက်အထိ သိမ်းဆည်းနိုင်ပါတယ်။ 3 ရက်အတွင်း အသုံးပြုသင့်တယ်လို့ ပညာရှင်တွေကအကြံပြုထားပါတယ်။

(3) ရေခဲပုံးထဲမှာ ထည့်ထားမယ်ဆိုပါက တစ်ရက်အတွင်း အသုံးပြုရမှာဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့အချိန်ကြာမြင့်လာတာနှင့်အမျှ နို့ထဲမှာပါဝင်တဲ့ ဗီတာမင် C ဓာတ်ဆုံးရှုံးမှုများပြားလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ပေါင်မပြည့်လမစေ့သောကလေး၊ နေမကောင်းသောကလေး စတဲ့အခြေနေပေါ်မှာမူတည်ပြီး နို့ရည်သိမ်းဆည်းမူလမ်းညွှန်ချက်တွေ ပြောင်းလဲနိုင်ပါတယ်။

5. အေးခဲနေတဲ့ နို့ရည်တွေကို အရည်ပျော်အောင် ဘယ်လိုလုပ်မလဲ

 ဦးဆုံးသိမ်းထားတဲ့ နို့ရည်ကိုအရင်ဆုံးအရည်ပျော်အောင်လုပ်ပါ။ နို့ဘူးကို ရေနွေးဇလုံထဲမှာ စိမ်ထားပြီး ဖြည်းဖြည်းချင်းအရည်ပျော်ပါစေ။ မိုက်ခရိုဝေ့မီးဖိုထဲထည့်ခြင်း၊ မီးဖိုပေါ်တွင် အပူပေးခြင်းတို့ကို ရှောင်ကြဉ်ပါ။ မြန်မြန်အပူပေးခြင်းက နို့ရည်မှာပါဝင်တဲ့ ပဋိဇီဝပစ္စည်းတွေကို ထိခိုက်စေပါတယ်။

တစ်ကြိမ်အရည်ပျော်ပြီးသားနို့ရည်ကို 24 နာရီအတွင်း အသုံးပြုသင့်ပါတယ်။

6. အရည်ပျော်အောင်လုပ်ထားတဲ့ အေးခဲနို့ရည်က လတ်လတ်ဆတ်ဆတ် ညှစ်ထုတ်ထားတဲ့ နို့ရည်နဲ့ ကွာခြားမှုရှိပါသလား။

စားသောက်တဲ့အစားအစာပေါ်မူတည်ပြီး နို့ရည်အရောင်ကွဲပြားနိုင်ပါတယ်။ အရည်ပျော်အောင်ပြုလုပ် ထားတဲ့ အေးခဲနို့ရည်က နို့ရည်အသစ်နှင့် အရောင်ရောအနံ့ပါကွာခြားမှုရှိပေမယ့် ကလေးငယ်တွေကို တိုက်ကျွေးဖို့အတွက် ဘေးကင်းပါတယ်။


Credit: DrMyanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top