iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
Unicode Version
(၁) လက်ဖက်ရည်ကြမ်း သောက်ပါ
လက်ဖက်ရည်ကြမ်း သောက်တာဟာ အပန်းပြေစေပြီး စိတ်ဖိစီးမှုလျော့ပါးစေတဲ့ အိမ်သုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ အင်္ဂလန်မှ လေ့လာသူတွေက လက်ဖက်ရည်ကြမ်းသောက်တဲ့သူတွေဟာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်း ပမာဏကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ကော်တီစောကို ကြောက်ရွံ့မှုနဲ့ ပူပင်သောကတွေကို တုံ့ပြန်တဲ့ အနေနဲ့ အယ်ဒရီနယ်ဂလင်း (Adrenaline) ကနေ ထုတ်ပါတယ်။ ဒီ ဟော်မုန်းဟာ ခုခံစွမ်းအား ကျဆင်းတာကနေ ဝမ်းဗိုက် အဆီပိုတွေ ရှိလာစေတဲ့အထိ ကျန်းမာရေး ပြဿနာအမျိုးမျိုးကို ဖြစ်လာစေနိုင်ပါတယ်။
(၂) လတ်ဆတ်သန့်ရှင်းသော လေကို ရှူပါ
စိတ်ဖိစီးမှုများတဲ့သူတွေဟာ အများအားဖြင့် သဘာဝလောက နဲ့ ကင်းကွာနေတတ်ကြ ပါတယ်။ လေကောင်း လေသန့်ရတဲ့ နေရာတွေ ဖြစ်တဲ့ ပန်းခြံထဲ၊ ဥယျာဉ်တွေထဲ ကို သွားရောက်လည်ပတ်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။ စိတ်ဖိစီးမှု ပြေလျော့စေမယ့် နည်းလမ်းကောင်း ပါ။
(၃) စာအုပ်ကောင်း တစ်အုပ် ဖတ်ပါ
စိတ်ဖိစီးမှုများနေရင် မဖြေရှင်းနိုင်တဲ့ အရာတွေအတွက် ထိုင်ပြီး စိတ်ညစ်မနေသင့်ပါဘူး။ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်ပေးလိုက်ပါက သင့်ပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့ အဖြေကောင်းတစ်ခု ရလာနိုင်ပါတယ်။
(၄) ရယ်နိုင်အောင် ကြိုးစားပါ
ရယ်မောတာက စိတ်ရောကိုယ်ပါ ကျန်းမာစေတာကြောင့် ရယ်မောနိုင်အောင် ဟာသကား ကြည့်တာ၊ ဟာသ စာပေတွေ ဖတ်တာ၊ အင်တာနက်က Youtube ဝက်ဘ်ဆိုက် မှာ သင်ကြိုက်တဲ့ လူရွှင်တော်နာမည် ရှာပြီးကြည့်တာ နဲ့ ရယ်စရာပြောတတ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။
(၅) စိတ်ကူးယဉ်ဖွယ်ရာ ကောင်းသောဇာတ်လမ်းကို ကြည့်ပါ
စိတ်ညစ်နေရင် စိတ်ခံစားမှု ကောင်းနေအောင် သင့်ကို ပျော်ရွှင်စေနိုင်မယ့် အရာတွေကို လုပ်ဆောင်ပေးပါ။ ဒါဟာ စိတ်ဓာတ်ကျနေစဉ်မှာ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်နိုင်ဖို့အတွက် အရေးပါ ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top