iMyanmarHouse.com - Best Property Website for Myanmar
×

လူေတာ္ေတာ္မ်ားမ်ားဟာ သူတုိ႔ရဲ႕အနာဂတ္မွာ ဘာေတြျဖစ္မလဲ၊ ႀကံဳေတြ႔ရမလဲဆိုတာကို ႀကိဳသိေနခ်င္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ႀကံဳေတြ႕ေနရတဲ့ အခက္အခဲေတြကို ေျဖရွင္းႏိုင္ဖုိ႔အတြက္ ေဗဒင္ဆရာေတြဆီက အႀကံဥာဏ္ေကာင္းေတြ လုိခ်င္တတ္ၾကပါတယ္။ ဒါေပမယ့္ ခုလို သြားလိုက္လုိ႔ ျပသနာေတြ ေျဖရွင္းႏိုင္ၾကမွာလား၊ ဒါမွမဟုတ္ ေရွ႕မွာျဖစ္လာမယ့္၊ ႀကံဳေတြ႕မယ့္အရာေတြကို သိေတာ့ေရာ ဘယ္လိုအက်ိဳးေက်းဇူးေတြ ႀကံဳရမွာလဲဆိုတဲ့ ေမးခြန္းေတြထပ္ေပၚလာပါတယ္။ တစ္ခါတစ္ေလ ေဗဒင္က ေဟာလုိက္ေတာ့မွ မသိခ်င္တာေတြ ႀကိဳသိရ၊ အဲ့ဒီမွာ စိတ္ဆင္းရဲျပီး မႀကံဳရေသးတဲ့အရာကို ႀကိဳေတြးပူေနတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။ ဒီစတုိရီဟာ ေဗဒင္ဆရာေတြ မေကာင္းေၾကာင္း ေျပာတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပယ့္ ေဗဒင္ဆရာဆီသြားမွာမ်ိဳးထက္ ကိုယ့္ရဲ႕စိတ္ကို ခုိင္မာေအာင္ ႀကိဳးစားျပီး အနာဂတ္မွာ ႀကံဳေတြ႕လာမယ့္အရာေတြကို ရင္ဆုိင္တာ ပိုေကာင္းတယ္ဆုိတာ ေထာက္ျပေပးသြားမွာပါ။

၁။သူတုိ႔ဟာ သင့္ရဲ႕စိတ္ထဲမွာ ဘာေတြျဖစ္ေနသလဲဆုိတာ သိၾကပါတယ္။ ေျပာႏိုင္ၾကပါတယ္။ ဒါဟာ သင့္အတြက္ ေကာင္းက်ိဳးထက္၊ ဆိုးက်ိဳးေတြ ပိုျဖစ္ေပၚေစႏိုင္တယ္။

လူေတြဟာ ကိုယ့္စိတ္ကို ကိုယ္ႏိုင္ရင္ ကိုယ္လိုခ်င္တဲ့ ပန္းတုိင္းကို အေရာက္လွမ္းႏိုင္ပါတယ္။  စိတ္ပညာရွင္ေတြရဲ႕ အဆုိအရ ေဗဒင္ဆရာေတြဟာ သူတုိ႔ဆီလာတဲ့လူေတြရဲ႕ မသိစိတ္ထဲ၊ သိစိတ္ထဲဘာေတြျဖစ္ေနသလဲဆုိတာ သိၾကပါတယ္။ ခန္႔မွန္းႏိုင္ၾကပါတယ္။ တကယ္လုိ႔မ်ား သူတုိ႔က သင့္ေရွ႕ေရးနဲ႔ ပတ္သက္ျပီး ေကာင္းတာျဖစ္ျဖစ္၊ ဆိုးတာျဖစ္ျဖစ္ တစ္ခုခုေဟာလုိက္ျပီဆုိတာနဲ႔ သင္ဟာ အဲ့ဒီအေၾကာင္းကို တစ္ခ်ိန္လံုးေတြးမိေနပါလိမ့္မယ္။ တစ္ခါတစ္ေလ အဲ့ဒီလိုမျဖစ္ျဖစ္ေအာင္ကို လိုက္လံေဆာင္ရြက္ေနမိပါလိမ့္မယ္။ ေဗဒင္ဆရာေကာင္းေတြကေတာ့ သင္ႀကံဳေတြ႕ရမယ့္ ဆုိးဆိုး၀ါး၀ါးအရာေတြကို ေျပာမျပတတ္ပါဘူး။ ခ်န္ထားျပီး တျခားကိစၥရပ္ေတြကိုသာ ေျပာသြားပါလိမ့္မယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ေသာ ေဗဒင္ဆရာေတြကေတာ့ သင့္ဘ၀နဲ႔ပတ္သက္ျပီး ဆုိးရြားတဲ့အရာေတြကိုသာ အဓိကထား ေျပာသြားတတ္ပါတယ္။ အဲ့ဒီလို ေျပာလိုက္လုိ႔ သင္က သိပ္စိတ္ဆင္းရဲသြားျပီဆုိရင္ စိတ္ထာင္းကိုယ္ေၾကဆုိသလို က်န္းမာေရးခ်ိဳ႕ယြင္းတာေတြ ႀကံဳလာႏိုင္မယ္။ ဒါ့အျပင္ သင္အရင္က လုပ္ႏိုင္တယ္လို႔ ထင္ထားတဲ့အရာေတြကိုေတာင္ မလုပ္ခ်င္မကိုင္ခ်င္ အေလွ်ာ့ေပးခ်င္ ျဖစ္သြားမယ္ဆုိတာ မေမ့ပါနဲ႔။

၂။ေဗဒင္ေမးတယ္ဆုိတာ စြမ္းေဆာင္အား မရွိတဲ့လူ၊ က်ရႈံးသူတြရဲ႕ ေရြးခ်ယ္မႈပါ။

ဘ၀မွာ ေအာင္ျမင္ေပ်ာ္ရႊင္ေနေသူေတြဟာ ဘယ္ေတာ့မွ ေဗဒင္ဆရာဆီ မသြားတတ္ၾကပါဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ သူတုိ႔ဟာ သူတုိ႔ကိုယ္သူတုိ႔ ယံုၾကည္မႈအျပည့္ရွိပါတယ္။ သူတုိ႔ဘယ္လုိႀကိဳးစားရင္ ဘယ္ကိုေရာက္မယ္ဆုိတာကိုလည္း အတိအက် သိေနၾကလို႔ပါပဲ။ စိတ္ေပ်ာ့တဲ့သူေတြကသာ တဲေရာ့ဒ္ပညာရွင္ေတြဆီသြား၊ ေဗဒင္ဆရာေတြဆီသြားျပီး ေရွ႕ေရးက ဘာျဖစ္မလဲ ဆိုတာ ေမးခ်င္ သိခ်င္ၾကပါတယ္တဲ့။ ေဗဒင္ဆရာေတာ္ေတာ္မ်ားမ်ားဟာ လာေမးတဲ့လူေတြရဲ႕ စိတ္ခံစားခ်က္ ဘာေတြျဖစ္ေနမယ္ဆုိတာ ခံစားသိေနႏိုင္တဲ့ စြမ္းရည္ရွိေနၾကပါတယ္။ ဒါ့အျပင္ လာေမးတဲ့သူေတြနဲ႔ စကားေျပာဆိုမႈလုပ္တဲ့အခါ သူတုိ႔ကသာ ဦးေဆာင္ထိန္းခ်ဳပ္ထားတတ္ၾကပါတယ္။ ဒါကလည္း တစ္ဖက္လူက စိတ္ေပ်ာ့ညံ႕တဲ့သူ၊ ယံုလြယ္တဲ့သူျဖစ္ေနလို႔ပါ။

၃။သိထားတာက နည္းေလေလ၊ ညဘက္ေတြႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေလေလပါပဲ။

ေဗဒင္ဆရာက သင့္ရဲ႕ေရွ႕ေရးအေၾကာင္း ေတာ္ေတာ္မ်ားမ်ား ေျပာျပလိုက္ျပီဆုိရင္ ေသခ်ာတာကေတာ့ သင္ဒါေတြကို ႀကိဳေတြးေတာ့မယ္၊ ႀကိဳပူေတာ့မယ္။ အခက္အခဲေတြ ႀကံဳရမယ္ဆုိတာ ႀကိဳသိထားရင္ မႀကံဳခင္ကတည္းက ငါအဲ့ဒီအခ်ိန္က်ရင္ ဘယ္လိုလုပ္ရမလဲဆိုတာ ႀကိဳစိတ္ပူေနပါလိမ့္မယ္။ စိတ္ပညာရွင္ေတြရဲ႕ ေျပာၾကားခ်က္အရ တစ္ခါတစ္ေလ ေရွ႕ေရးအေၾကာင္း ႀကိဳသိ၊ ႀကိဳပူေနျခင္းဟာ သင့္စိတ္ကို အနာတရေတာင္ ျဖစ္ေစပါတယ္တဲ့။ ဒါ့အျပင္ သင္ကိုယ္တုိင္က မေကာင္းတဲ့အရာေတြ ျဖစ္မွာပဲလုိ႔ စိတ္ေရာက္သြားရင္ အက်ိဳးဆက္ဟာ ဘယ္ေတာ့မွ မေကာင္းတတ္ဘူးလုိ႔ ဆိုထားၾကပါတယ္။ အေၾကာက္တရားႀကီးစိုးေနတ့ဲ စိတ္ဟာ အမွန္တရားကိုေတာင္ ျမင္ဖုိ႔ ခက္ခဲသြားတတ္ၾကပါတယ္။

၄။သင္ဟာ သင့္ႀကံမၼာကို ဖန္တီးတဲ့သူဆိုတာ မေမ့ပါနဲ႔။

တကယ္ေတာ့ လူတုိင္းဟာ သူတုိ႔စိတ္ကို သူတုိ႔ခိုင္းေစလုိ႔ရသလို သူတုိ႔ရဲ႕ကံႀကံမၼာကိုလည္း သူတုိ႔ကသာ ဖန္တီးႏိုင္တာပါ။ အနာဂတ္မွာ ဘာျဖစ္လာမလဲဆိုတာကလည္း ကိုယ္ခု ဘာေတြလုပ္ေနသလဲ၊ ဘယ္လိုႀကိဳးစားရပ္တည္ေနသလဲဆုိတာေပၚ မူတည္ပါတယ္။ မိနစ္တုိင္း၊ ေန႔ရက္တုိင္းဟာ သင့္ကို ေျပာင္းလဲမႈေတြ ယူေဆာင္လာေပးေနပါတယ္။ ဒါကို ေမ့ထားလုိ႔ မရပါဘူး။ ကိုယ့္စိတ္ေတြ ရႈပ္ေထြးသြားႏိုင္တဲ့ ေဗဒင္ဆရာဆီသြားမယ့္အစား ခုျဖစ္ခ်င္တဲ့အရာေတြအတြက္ အခ်ိန္ေပးပိုႀကိဳးစားတာ အေကာင္းဆံုးပါ။

၅။ေဗဒင္ေမးျခင္းဟာ သင့္ရဲ႕ အခ်စ္ေရးကိုေတာင္ ပ်က္စီးသြားေစႏိုင္ပါတယ္။

တစ္ခါတစ္ေလ ေဗဒင္ဆရာက ဒီလူက သင့္ရဲ႕ေန႔နံနဲ႔ မကိုက္ညီဘူးဆုိလုိ႔ ကိုယ္တကယ္ခ်စ္ရတဲ့သူကို လမ္းခြဲလိုက္တာ၊ သင့္ရဲ႕ဖူးစာရွင္က ေပၚမလာေသးဘူးဆုိလုိ႔ သင့္လက္ရွိတြဲေနတဲ့ ေကာင္မေလးကို ျဖတ္ပစ္လိုက္တာမ်ိဳးေတြဟာ တကယ္ေတာ့ အူေၾကာင္ေၾကာင္ႏိုင္လြန္းတဲ့ လုပ္ရပ္ေတြပါ။  သင္တကယ္ ခံစားရတာ၊ ႀကံဳလာရတာမ်ိဳး၊ သံသယျဖစ္ရတာမ်ိဳး စတဲ့ ခံစားခ်က္ေတြ ဘာမွမရွိပဲ ေဗဒင္ဆရာရဲ႕စကားအရ ခ်စ္သူကို ျဖတ္ပစ္တာ၊ ေမာင္ႏွမေတြ စကားမေျပာေတာ့တာ၊ အလုပ္ခြင္က လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အေရာမ၀င္ေတာ့တာေတြဟာ တကယ္ ေကာင္းက်ိဳးေတြ ရႏိုင္ပါ့မလားဆိုတာ ေသခ်ာစဥ္းစားၾကည့္ဖုိ႔ေတာ့ လိုပါတယ္။

Credit : trend myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတော်တော်များများဟာ သူတို့ရဲ့အနာဂတ်မှာ ဘာတွေဖြစ်မလဲ၊ ကြုံတွေ့ရမလဲဆိုတာကို ကြိုသိနေချင်တတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဗေဒင်ဆရာတွေဆီက အကြံဉာဏ်ကောင်းတွေ လိုချင်တတ်ကြပါတယ်။ ဒါပေမယ့် ခုလို သွားလိုက်လို့ ပြသနာတွေ ဖြေရှင်းနိုင်ကြမှာလား၊ ဒါမှမဟုတ် ရှေ့မှာဖြစ်လာမယ့်၊ ကြုံတွေ့မယ့်အရာတွေကို သိတော့ရော ဘယ်လိုအကျိုးကျေးဇူးတွေ ကြုံရမှာလဲဆိုတဲ့ မေးခွန်းတွေထပ်ပေါ်လာပါတယ်။ တစ်ခါတစ်လေ ဗေဒင်က ဟောလိုက်တော့မှ မသိချင်တာတွေ ကြိုသိရ၊ အဲ့ဒီမှာ စိတ်ဆင်းရဲပြီး မကြုံရသေးတဲ့အရာကို ကြိုတွေးပူနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီစတိုရီဟာ ဗေဒင်ဆရာတွေ မကောင်းကြောင်း ပြောတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေယ့် ဗေဒင်ဆရာဆီသွားမှာမျိုးထက် ကိုယ့်ရဲ့စိတ်ကို ခိုင်မာအောင် ကြိုးစားပြီး အနာဂတ်မှာ ကြုံတွေ့လာမယ့်အရာတွေကို ရင်ဆိုင်တာ ပိုကောင်းတယ်ဆိုတာ ထောက်ပြပေးသွားမှာပါ။

၁။သူတို့ဟာ သင့်ရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိကြပါတယ်။ ပြောနိုင်ကြပါတယ်။ ဒါဟာ သင့်အတွက် ကောင်းကျိုးထက်၊ ဆိုးကျိုးတွေ ပိုဖြစ်ပေါ်စေနိုင်တယ်။

လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်နိုင်ရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်းကို အရောက်လှမ်းနိုင်ပါတယ်။  စိတ်ပညာရှင်တွေရဲ့ အဆိုအရ ဗေဒင်ဆရာတွေဟာ သူတို့ဆီလာတဲ့လူတွေရဲ့ မသိစိတ်ထဲ၊ သိစိတ်ထဲဘာတွေဖြစ်နေသလဲဆိုတာ သိကြပါတယ်။ ခန့်မှန်းနိုင်ကြပါတယ်။ တကယ်လို့များ သူတို့က သင့်ရှေ့ရေးနဲ့ ပတ်သက်ပြီး ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် တစ်ခုခုဟောလိုက်ပြီဆိုတာနဲ့ သင်ဟာ အဲ့ဒီအကြောင်းကို တစ်ချိန်လုံးတွေးမိနေပါလိမ့်မယ်။ တစ်ခါတစ်လေ အဲ့ဒီလိုမဖြစ်ဖြစ်အောင်ကို လိုက်လံဆောင်ရွက်နေမိပါလိမ့်မယ်။ ဗေဒင်ဆရာကောင်းတွေကတော့ သင်ကြုံတွေ့ရမယ့် ဆိုးဆိုးဝါးဝါးအရာတွေကို ပြောမပြတတ်ပါဘူး။ ချန်ထားပြီး တခြားကိစ္စရပ်တွေကိုသာ ပြောသွားပါလိမ့်မယ်။ ဒါပေမယ့် တစ်ချို့သော ဗေဒင်ဆရာတွေကတော့ သင့်ဘဝနဲ့ပတ်သက်ပြီး ဆိုးရွားတဲ့အရာတွေကိုသာ အဓိကထား ပြောသွားတတ်ပါတယ်။ အဲ့ဒီလို ပြောလိုက်လို့ သင်က သိပ်စိတ်ဆင်းရဲသွားပြီဆိုရင် စိတ်ထာင်းကိုယ်ကြေဆိုသလို ကျန်းမာရေးချို့ယွင်းတာတွေ ကြုံလာနိုင်မယ်။ ဒါ့အပြင် သင်အရင်က လုပ်နိုင်တယ်လို့ ထင်ထားတဲ့အရာတွေကိုတောင် မလုပ်ချင်မကိုင်ချင် အလျှော့ပေးချင် ဖြစ်သွားမယ်ဆိုတာ မမေ့ပါနဲ့။

၂။ဗေဒင်မေးတယ်ဆိုတာ စွမ်းဆောင်အား မရှိတဲ့လူ၊ ကျရှုံးသူတွရဲ့ ရွေးချယ်မှုပါ။

ဘဝမှာ အောင်မြင်ပျော်ရွှင်နေသေူတွေဟာ ဘယ်တော့မှ ဗေဒင်ဆရာဆီ မသွားတတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ သူတို့ဘယ်လိုကြိုးစားရင် ဘယ်ကိုရောက်မယ်ဆိုတာကိုလည်း အတိအကျ သိနေကြလို့ပါပဲ။ စိတ်ပျော့တဲ့သူတွေကသာ တဲရော့ဒ်ပညာရှင်တွေဆီသွား၊ ဗေဒင်ဆရာတွေဆီသွားပြီး ရှေ့ရေးက ဘာဖြစ်မလဲ ဆိုတာ မေးချင် သိချင်ကြပါတယ်တဲ့။ ဗေဒင်ဆရာတော်တော်များများဟာ လာမေးတဲ့လူတွေရဲ့ စိတ်ခံစားချက် ဘာတွေဖြစ်နေမယ်ဆိုတာ ခံစားသိနေနိုင်တဲ့ စွမ်းရည်ရှိနေကြပါတယ်။ ဒါ့အပြင် လာမေးတဲ့သူတွေနဲ့ စကားပြောဆိုမှုလုပ်တဲ့အခါ သူတို့ကသာ ဦးဆောင်ထိန်းချုပ်ထားတတ်ကြပါတယ်။ ဒါကလည်း တစ်ဖက်လူက စိတ်ပျော့ညံ့တဲ့သူ၊ ယုံလွယ်တဲ့သူဖြစ်နေလို့ပါ။

၃။သိထားတာက နည်းလေလေ၊ ညဘက်တွေနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေလေပါပဲ။

ဗေဒင်ဆရာက သင့်ရဲ့ရှေ့ရေးအကြောင်း တော်တော်များများ ပြောပြလိုက်ပြီဆိုရင် သေချာတာကတော့ သင်ဒါတွေကို ကြိုတွေးတော့မယ်၊ ကြိုပူတော့မယ်။ အခက်အခဲတွေ ကြုံရမယ်ဆိုတာ ကြိုသိထားရင် မကြုံခင်ကတည်းက ငါအဲ့ဒီအချိန်ကျရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြိုစိတ်ပူနေပါလိမ့်မယ်။ စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ တစ်ခါတစ်လေ ရှေ့ရေးအကြောင်း ကြိုသိ၊ ကြိုပူနေခြင်းဟာ သင့်စိတ်ကို အနာတရတောင် ဖြစ်စေပါတယ်တဲ့။ ဒါ့အပြင် သင်ကိုယ်တိုင်က မကောင်းတဲ့အရာတွေ ဖြစ်မှာပဲလို့ စိတ်ရောက်သွားရင် အကျိုးဆက်ဟာ ဘယ်တော့မှ မကောင်းတတ်ဘူးလို့ ဆိုထားကြပါတယ်။ အကြောက်တရားကြီးစိုးနေတဲ့ စိတ်ဟာ အမှန်တရားကိုတောင် မြင်ဖို့ ခက်ခဲသွားတတ်ကြပါတယ်။

၄။သင်ဟာ သင့်ကြံမ္မာကို ဖန်တီးတဲ့သူဆိုတာ မမေ့ပါနဲ့။

တကယ်တော့ လူတိုင်းဟာ သူတို့စိတ်ကို သူတို့ခိုင်းစေလို့ရသလို သူတို့ရဲ့ကံကြံမ္မာကိုလည်း သူတို့ကသာ ဖန်တီးနိုင်တာပါ။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကလည်း ကိုယ်ခု ဘာတွေလုပ်နေသလဲ၊ ဘယ်လိုကြိုးစားရပ်တည်နေသလဲဆိုတာပေါ် မူတည်ပါတယ်။ မိနစ်တိုင်း၊ နေ့ရက်တိုင်းဟာ သင့်ကို ပြောင်းလဲမှုတွေ ယူဆောင်လာပေးနေပါတယ်။ ဒါကို မေ့ထားလို့ မရပါဘူး။ ကိုယ့်စိတ်တွေ ရှုပ်ထွေးသွားနိုင်တဲ့ ဗေဒင်ဆရာဆီသွားမယ့်အစား ခုဖြစ်ချင်တဲ့အရာတွေအတွက် အချိန်ပေးပိုကြိုးစားတာ အကောင်းဆုံးပါ။

၅။ဗေဒင်မေးခြင်းဟာ သင့်ရဲ့ အချစ်ရေးကိုတောင် ပျက်စီးသွားစေနိုင်ပါတယ်။

တစ်ခါတစ်လေ ဗေဒင်ဆရာက ဒီလူက သင့်ရဲ့နေ့နံနဲ့ မကိုက်ညီဘူးဆိုလို့ ကိုယ်တကယ်ချစ်ရတဲ့သူကို လမ်းခွဲလိုက်တာ၊ သင့်ရဲ့ဖူးစာရှင်က ပေါ်မလာသေးဘူးဆိုလို့ သင့်လက်ရှိတွဲနေတဲ့ ကောင်မလေးကို ဖြတ်ပစ်လိုက်တာမျိုးတွေဟာ တကယ်တော့ အူကြောင်ကြောင်နိုင်လွန်းတဲ့ လုပ်ရပ်တွေပါ။  သင်တကယ် ခံစားရတာ၊ ကြုံလာရတာမျိုး၊ သံသယဖြစ်ရတာမျိုး စတဲ့ ခံစားချက်တွေ ဘာမှမရှိပဲ ဗေဒင်ဆရာရဲ့စကားအရ ချစ်သူကို ဖြတ်ပစ်တာ၊ မောင်နှမတွေ စကားမပြောတော့တာ၊ အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရောမဝင်တော့တာတွေဟာ တကယ် ကောင်းကျိုးတွေ ရနိုင်ပါ့မလားဆိုတာ သေချာစဉ်းစားကြည့်ဖို့တော့ လိုပါတယ်။


Credit : trend myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top