iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပအတြက္ေတာ့ ႐ွားေဇာင္းလက္ပပ္က ဆရာႀကီးပဲ။ ေနရာစံု သံုးလို႔လည္းရတယ္။ ဒါတင္မက စားလို႔လည္း ရေသးတယ္။ ဆံပင္အတြက္၊ အသားအေရအတြက္ ေကာင္းက်ိဳးေပးသလို စားရင္လည္း အပူၿငိမ္းေစတယ္ေလ။ ႐ွားေဇာင္းလက္ပပ္ကို ဘယ္ေနရာေတြမွာ ဘယ္လိုသံုးရမလဲဆုိတာ ေဖာ္ျပလိုက္ပါတယ္။

၁။ ဆံပင္

ဆံသားေတြကို ေခ်ာေမြ႕ ေတာက္ေျပာင္ေစပါတယ္။ ႐ွားေဇာင္းလက္ပပ္အႏွစ္ကို ဆံပင္အရင္းကေန အဖ်ားအထိ လိမ္းၿပီး တဘက္နဲ႔ ေပါင္းထားလိုက္ပါ။ နာရီဝက္ၾကာမွ ေရေဆးခ်လိုက္ရင္ ေတာက္ေျပာင္တဲ့ ဆံပင္ေတြကို ပိုင္ဆုိင္ႏိုင္မွာျဖစ္ပါတယ္။ ရွားေဇာင္းလက္ပပ္နဲ႕ ၾကက္ဥအႏွစ္ကို ေရာစပ္ၿပီး ဆံပင္ကို လိမ္းကာ နာရီဝက္ေလာက္ၾကာမွ ေခါင္းေလွ်ာ္မယ္ဆုိ ဆံပင္သန္ၿပီး ေတာက္ေျပာင္လာေစပါတယ္။

၂။ အသားအေရ

အသားအေရအတြက္ ထုတ္လုပ္တဲ့ အလွကုန္ပစၥည္းေတြမွာ ႐ွားေဇာင္းလက္ပပ္ကို ထည့္သြင္းေဖာ္စပ္ၾကပါတယ္။ ဗီတာမင္ E ပါဝင္လို႔ အသားအေရကို စိုေျပေစတယ္ေလ။ ေရခ်ိဳးခါနီးတိုင္း ရွားေဇာင္းလက္ပပ္အႏွစ္နဲ႔ ပြတ္ေပးပါ။ ေျခာက္သြားမွ ေရခ်ိဳးေပးမယ္ဆုိ အသားေရမြဲေျခာက္တာေတြ အသားေရာင္ မညီတာေတြ ေလ်ာ့ပါးၿပီး စိုေျပလာေစပါတယ္။ အိပ္ေရးပ်က္လို႔ မ်က္ကြင္းညိဳေနရင္ ႐ွားေဇာင္းလက္ပပ္ေလး ခဏေလာက္ ကပ္လိုက္တာနဲ႔ ညိဳတာေတြ ေပ်ာက္သြားေရာ။

၃။ က်န္းမာေရးအတြက္

ဗီတာမင္ C, B1, B2, B6 တုိ႔ ပါဝင္လို႔ ကိုယ္ခံစြမ္းအားကိုလည္း ေကာင္းေစပါတယ္။ အေအးမိလို႔ လည္ေခ်ာင္းနာရင္ ရွားေဇာင္းလက္ပပ္အႏွစ္ကို စားေပးလို႔ရပါတယ္။ ေဖ်ာ္ရည္အေနနဲ႔ ေဖ်ာ္ေသာက္ရင္ အစာမေၾကတာ ေပ်ာက္ပါတယ္။ ရင္ပူရင္ဆာတာကိုလည္း ေလ်ာ့က်ေစပါတယ္။ ထန္းလ်က္ေလးနဲ႔ယိုထိုးၿပီး စားေပးရင္ ဝမ္းေအးတယ္။ စားလို႔အိပ္လို႔ေကာင္းပါတယ္။ မီးေလာင္၊ ေရေႏြးပူေလာင္၊ ေနေလာင္တဲ့ ေနရာေတြကို ရွားေဇာင္းလက္ပပ္အႏွစ္ေလး ကပ္ထားေပးရင္ အရည္ၾကည္ဖု မထေတာ့ပါဘူး။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အလှအပအတွက်တော့ ရှားဇောင်းလက်ပပ်က ဆရာကြီးပဲ။ နေရာစုံ သုံးလို့လည်းရတယ်။ ဒါတင်မက စားလို့လည်း ရသေးတယ်။ ဆံပင်အတွက်၊ အသားအရေအတွက် ကောင်းကျိုးပေးသလို စားရင်လည်း အပူငြိမ်းစေတယ်လေ။ ရှားဇောင်းလက်ပပ်ကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ ဆံပင်

ဆံသားတွေကို ချောမွေ့ တောက်ပြောင်စေပါတယ်။ ရှားဇောင်းလက်ပပ်အနှစ်ကို ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပြီး တဘက်နဲ့ ပေါင်းထားလိုက်ပါ။ နာရီဝက်ကြာမှ ရေဆေးချလိုက်ရင် တောက်ပြောင်တဲ့ ဆံပင်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ရှားဇောင်းလက်ပပ်နဲ့ ကြက်ဥအနှစ်ကို ရောစပ်ပြီး ဆံပင်ကို လိမ်းကာ နာရီဝက်လောက်ကြာမှ ခေါင်းလျှော်မယ်ဆို ဆံပင်သန်ပြီး တောက်ပြောင်လာစေပါတယ်။

၂။ အသားအရေ

အသားအရေအတွက် ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေမှာ ရှားဇောင်းလက်ပပ်ကို ထည့်သွင်းဖော်စပ်ကြပါတယ်။ ဗီတာမင် E ပါဝင်လို့ အသားအရေကို စိုပြေစေတယ်လေ။ ရေချိုးခါနီးတိုင်း ရှားဇောင်းလက်ပပ်အနှစ်နဲ့ ပွတ်ပေးပါ။ ခြောက်သွားမှ ရေချိုးပေးမယ်ဆို အသားရေမွဲခြောက်တာတွေ အသားရောင် မညီတာတွေ လျော့ပါးပြီး စိုပြေလာစေပါတယ်။ အိပ်ရေးပျက်လို့ မျက်ကွင်းညိုနေရင် ရှားဇောင်းလက်ပပ်လေး ခဏလောက် ကပ်လိုက်တာနဲ့ ညိုတာတွေ ပျောက်သွားရော။

၃။ ကျန်းမာရေးအတွက်

ဗီတာမင် C, B1, B2, B6 တို့ ပါဝင်လို့ ကိုယ်ခံစွမ်းအားကိုလည်း ကောင်းစေပါတယ်။ အအေးမိလို့ လည်ချောင်းနာရင် ရှားဇောင်းလက်ပပ်အနှစ်ကို စားပေးလို့ရပါတယ်။ ဖျော်ရည်အနေနဲ့ ဖျော်သောက်ရင် အစာမကြေတာ ပျောက်ပါတယ်။ ရင်ပူရင်ဆာတာကိုလည်း လျော့ကျစေပါတယ်။ ထန်းလျက်လေးနဲ့ယိုထိုးပြီး စားပေးရင် ဝမ်းအေးတယ်။ စားလို့အိပ်လို့ကောင်းပါတယ်။ မီးလောင်၊ ရေနွေးပူလောင်၊ နေလောင်တဲ့ နေရာတွေကို ရှားဇောင်းလက်ပပ်အနှစ်လေး ကပ်ထားပေးရင် အရည်ကြည်ဖု မထတော့ပါဘူး။

Credit : Duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top