လက္ဖက္သုပ္၊ ခ်င္းသုပ္စတဲ့ အသုပ္ေတြမွာပဲျဖစ္ျဖစ္၊ မုန္႔ေတြလုပ္
ရာမွာပဲျဖစ္ျဖစ္ သံုးေလ့ရွိၾကတဲ့ ႏွမ္းေစ့ေလးေတြနဲ႔ပတ္သက္တဲ့
က်န္းမာေရးေကာင္းက်ိဳးေတြ သိထားဖို႔ မွ်ေဝခ်င္ပါတယ္။
အာဟာရဓာတ္မ်ိဳးစံုပါဝင္ျခင္း
ႏွမ္းေစ့မွာ
ဗီတာမင္ဘီနဲ႔ သတၱဳဓာတ္တခ်ိဳ႕ ပါဝင္ပါတယ္။ အာ႐ံု ေၾကာအတြက္
ေထာက္ကူေပးတာေၾကာင့္ သင္ယူမႈ၊ ေတြး ေတာမႈ၊ မွတ္ဉာဏ္နဲ႔ စိတ္အာ႐ံုေတြကို
စြမ္းရည္ျပည့္ဝေစပါတယ္။ သတၱဳ ဓာတ္အေနနဲ႔ဆုိရင္လည္း ေၾကးနီ၊ မဂၢနိစ္၊
ကယ္လ္ဆီယမ္၊ ေဖာ့စဖရိတ္၊ သံဓာတ္၊ ဇင့္နဲ႔ မဂၢနီဆီယမ္ စတာေတြပါဝင္တဲ့ အတြက္
ကိုယ္တြင္းဇီဝျဖစ္စဥ္အတြက္ အက်ိဳးျပဳသလို အ႐ိုးက်န္းမာေရး၊
အစာေခ်ဖ်က္မႈစနစ္နဲ႔ ဒဏ္ရာ၊ အနာမ်ားက်က္ေစၿပီး ဆဲလ္မ်ား ပ်က္စီးမႈမွလည္း
ကာကြယ္ေပးႏုိင္ပါတယ္။
ခံတြင္းက်န္းမာေစျခင္း
ႏွမ္းက
သြားကိုျဖဴေစတဲ့အျပင္ သြားနဲ႔ပတ္သက္တဲ့ ေရာဂါေတြကို
ေပ်ာက္ကင္းႏုိင္စြမ္းရွိပါတယ္။ သြားပ်က္စီးမႈေတြကို ကာကြယ္ ေပးသလုိ
သြားဖံုးေတြ က်ိန္းစပ္တာမ်ိဳးေတြကိုလည္း သက္သာ ေစပါတယ္။
ႏွလံုးက်န္းမာေရးေကာင္းေစျခင္း
ခႏၶာကိုယ္တြင္းက
မေကာင္းတဲ့ ကိုလက္စထေရာေတြကို ဖယ္ရွား ေပးၿပီး ေကာင္းမြန္တဲ့
ကိုလက္စထေရာေတြကို မ်ားျပားလာေစ ပါတယ္။ ေလျဖတ္တာတို႔၊
ႏွလံုးေသြးေၾကာပိတ္ေရာဂါေတြကို ကာကြယ္ေပးႏုိင္ပါတယ္။
ကင္ဆာေရာဂါ ကာကြယ္ေပးျခင္း
ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိရွိတဲ့အတြက္
ရင္သားကင္ဆာ၊ အူ၊အဆုတ္၊ ပန္ကရိယ၊ ပေရာ့စတိတ္ကင္ဆာေတြနဲ႔ လူကီးမီးယား
ေသြးကင္ဆာ စတဲ့ အမ်ိဳးမ်ိဳးေသာ ကင္ဆာေရာဂါေတြ မျဖစ္ပြား ေအာင္လည္း
ကာကြယ္ေပးႏုိင္ပါတယ္။
Credit : 7day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
လက်ဖက်သုပ်၊ ချင်းသုပ်စတဲ့ အသုပ်တွေမှာပဲဖြစ်ဖြစ်၊ မုန့်တွေလုပ် ရာမှာပဲဖြစ်ဖြစ် သုံးလေ့ရှိကြတဲ့ နှမ်းစေ့လေးတွေနဲ့ပတ်သက်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ သိထားဖို့ မျှဝေချင်ပါတယ်။
အာဟာရဓာတ်မျိုးစုံပါဝင်ခြင်း
နှမ်းစေ့မှာ ဗီတာမင်ဘီနဲ့ သတ္တုဓာတ်တချို့ ပါဝင်ပါတယ်။ အာရုံ ကြောအတွက် ထောက်ကူပေးတာကြောင့် သင်ယူမှု၊ တွေး တောမှု၊ မှတ်ဉာဏ်နဲ့ စိတ်အာရုံတွေကို စွမ်းရည်ပြည့်ဝစေပါတယ်။ သတ္တု ဓာတ်အနေနဲ့ဆိုရင်လည်း ကြေးနီ၊ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်၊ သံဓာတ်၊ ဇင့်နဲ့ မဂ္ဂနီဆီယမ် စတာတွေပါဝင်တဲ့ အတွက် ကိုယ်တွင်းဇီဝဖြစ်စဉ်အတွက် အကျိုးပြုသလို အရိုးကျန်းမာရေး၊ အစာချေဖျက်မှုစနစ်နဲ့ ဒဏ်ရာ၊ အနာများကျက်စေပြီး ဆဲလ်များ ပျက်စီးမှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
ခံတွင်းကျန်းမာစေခြင်း
နှမ်းက သွားကိုဖြူစေတဲ့အပြင် သွားနဲ့ပတ်သက်တဲ့ ရောဂါတွေကို ပျောက်ကင်းနိုင်စွမ်းရှိပါတယ်။ သွားပျက်စီးမှုတွေကို ကာကွယ် ပေးသလို သွားဖုံးတွေ ကျိန်းစပ်တာမျိုးတွေကိုလည်း သက်သာ စေပါတယ်။
နှလုံးကျန်းမာရေးကောင်းစေခြင်း
ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှား ပေးပြီး ကောင်းမွန်တဲ့ ကိုလက်စထရောတွေကို များပြားလာစေ ပါတယ်။ လေဖြတ်တာတို့၊ နှလုံးသွေးကြောပိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ကင်ဆာရောဂါ ကာကွယ်ပေးခြင်း
ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့အတွက် ရင်သားကင်ဆာ၊ အူ၊အဆုတ်၊ ပန်ကရိယ၊ ပရော့စတိတ်ကင်ဆာတွေနဲ့ လူကီးမီးယား သွေးကင်ဆာ စတဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေ မဖြစ်ပွား အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
Credit : 7day daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ႏွမ္းေစ့ရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြကို သိသလား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။