iMyanmarHouse.com - Best Property Website for Myanmar
×

မိမိ၏ ဇနီးသည္ထက္ အဆေပါင္းမ်ားစြာ
ေခ်ာေမာလွပသူကို ျမင္ေတြ႕ေနပါေစ။
Sexy ေတြ က်ေနစမ္းပါေစ။ အီစီကလီေတြ လာထုေနပါေစ။
ဘယ္လိုပင္ ဟန္ေရးလာျပေနပါေစဦးေတာ့။
ကိုယ့္ဇနီးသည္ကလြဲရင္ က်န္တဲ့ မိန္းခေလးမ်ားကို
ဖုတ္ေလတဲ့ငါးပိ ရွိတယ္လို႔ေတာင္ မထင္တတ္ပါ။

မိမိ၏ ဇနီးသည္ကိုသာ ဂ႐ုစိုက္ ၾကင္နာေလ့ရွိတတ္ၾကပီး
အျခားေသာ မိန္းခေလးမ်ားႏွင့္
ခပ္ခြာခြာ ခပ္တန္းတန္းသာ ေနေလ့ရွိၾကပါတယ္။
စကားေျပာဆိုဆက္ဆံရာမွာလည္း လိုအပ္သည္ထက္
ေရာေရာေႏွာေႏွာ ေျပာဆိုဆက္ဆံျခင္း၊
ဟိုပုတ္ ဒီပုတ္ အသားယူျခင္းမ်ိဳး မရွိၾကပါဘူး။

မိမိရဲ႕ ေခၽြးစက္ေတြနဲ႕ မိသားစုရဲ႕
စားဝတ္ေနေရး အတြက္ ဖန္တီးေပးရေသာ္ျငား
ၿငိဳျငင္ျခင္း မရွိ။ ျငဴစူျခင္း မရွိ။ ေစာင္းေျမာင္းျခင္းမရွိ။
ေစတနာ စြမ္းအားေၾကာင့္ ပီတိေတြ ျဖာေနတတ္ၾကတယ္။

ကိုယ့္ ဇနီးသည္ကို မ်က္ရည္က်ေအာင္
ရင္ထဲ ႏွလံုးသားထဲ နာက်င္သြားေအာင္
ဘယ္ေသာခါမွ ေျပာေလ့ မရွိ။ လုပ္ေလ့မရွိပါ။

အိမ္ေထာင္သက္ ၾကာလာေသာ္ျငား
ၾကင္နာ ေႏြးေထြးေသာ အရိပ္အေယာင္မ်ား
သက္ဆံုးတိုင္ ေပ်ာက္ကြယ္ မသြားတတ္။

ဇနီးသည္ရဲ႕ အႀကိဳက္ကို သိတယ္။
ဇနီးသည္ရဲ႕ အၾကည့္ကို သိတယ္။

ဇနီးသည္ရဲ႕အမွားကို ေဒါသႏွင့္ မျပဳျပင္။
ေမတၱာနဲ႔သာ ျပဳျပင္ေပးေလ့ရွိပါတယ္။

ဇနီးသည္ရဲ႕ ကြယ္ရာေရာက္ေနပါေစ။
သစၥာတရားကို ႏွလံုးသားထဲ ထည့္ထားတတ္ၾကတယ္။

ဇနီးသည္ နာမက်န္းျဖစ္တဲ့အခါ
သနားၾကင္နာစြာနဲ႔ ယုယုယယ ျပဳစုေပးတတ္ၾကတယ္။

Messenger မွ အျခားေသာ မိန္းခေလးေတြ စာလာ Chat ရင္
ျပန္ မ Chat ပဲ ကိုယ့္ ဇနီးကို လာျပၾကတယ္။


ဘယ္ဖုန္းလာလာ Speaker ဖြင့္ေျပာရဲတယ္။
ဖုန္း Password ကိုလည္း ေျပာျပထားတယ္။

မိမိ မိသားစု ေပ်ာ္ရႊင္ၿငိမ္းခ်မ္းမႈ႕ကိုသာ အေရးေပးေလ့ရွိတတ္ပီး
ျပင္ပတြင္ အေပ်ာ္ရွာျခင္းမ်ိဳးကို ႏွစ္သက္ေလ့မရွိ။

အနာဂတ္ ရည္မွန္းခ်က္ထဲမွာ မိသားစု ကမ႓ာေလး
သာယာလွပ ေအးခ်မ္းေနဖို႔သာ အဓိက ထားပါတယ္။

မိမိကိုယ္တိုင္ ဗုဒၶအဆံုးအမေအာက္မွာ ေနထိုင္ေလ့ရွိပီး
မိသားစုကိုပါ လက္တြဲေခၚသူျဖစ္တယ္။

သို႔မွသာ
❤️ အိမ္ဦးနတ္ အစစ္ျဖစ္တယ္။
❤️ အိမ္ဦးနတ္ နာမည္ ခံထိုက္တယ္။
❤️ အိမ္ဦးနတ္လို႔ ေခၚထိုက္တယ္။

ေမတၱာျဖင့္

Credit:May Htut Khaung

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိမိ၏ ဇနီးသည်ထက် အဆပေါင်းများစွာ
ချောမောလှပသူကို မြင်တွေ့နေပါစေ။
Sexy တွေ ကျနေစမ်းပါစေ။ အီစီကလီတွေ လာထုနေပါစေ။
ဘယ်လိုပင် ဟန်ရေးလာပြနေပါစေဦးတော့။
ကိုယ့်ဇနီးသည်ကလွဲရင် ကျန်တဲ့ မိန်းခလေးများကို
ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်တတ်ပါ။

မိမိ၏ ဇနီးသည်ကိုသာ ဂရုစိုက် ကြင်နာလေ့ရှိတတ်ကြပီး
အခြားသော မိန်းခလေးများနှင့်
ခပ်ခွာခွာ ခပ်တန်းတန်းသာ နေလေ့ရှိကြပါတယ်။
စကားပြောဆိုဆက်ဆံရာမှာလည်း လိုအပ်သည်ထက်
ရောရောနှောနှော ပြောဆိုဆက်ဆံခြင်း၊
ဟိုပုတ် ဒီပုတ် အသားယူခြင်းမျိုး မရှိကြပါဘူး။

မိမိရဲ့ ချွေးစက်တွေနဲ့ မိသားစုရဲ့
စားဝတ်နေရေး အတွက် ဖန်တီးပေးရသော်ငြား
ငြိုငြင်ခြင်း မရှိ။ ငြူစူခြင်း မရှိ။ စောင်းမြောင်းခြင်းမရှိ။
စေတနာ စွမ်းအားကြောင့် ပီတိတွေ ဖြာနေတတ်ကြတယ်။

ကိုယ့် ဇနီးသည်ကို မျက်ရည်ကျအောင်
ရင်ထဲ နှလုံးသားထဲ နာကျင်သွားအောင်
ဘယ်သောခါမှ ပြောလေ့ မရှိ။ လုပ်လေ့မရှိပါ။

အိမ်ထောင်သက် ကြာလာသော်ငြား
ကြင်နာ နွေးထွေးသော အရိပ်အယောင်များ
သက်ဆုံးတိုင် ပျောက်ကွယ် မသွားတတ်။

ဇနီးသည်ရဲ့ အကြိုက်ကို သိတယ်။
ဇနီးသည်ရဲ့ အကြည့်ကို သိတယ်။

ဇနီးသည်ရဲ့အမှားကို ဒေါသနှင့် မပြုပြင်။
မေတ္တာနဲ့သာ ပြုပြင်ပေးလေ့ရှိပါတယ်။

ဇနီးသည်ရဲ့ ကွယ်ရာရောက်နေပါစေ။
သစ္စာတရားကို နှလုံးသားထဲ ထည့်ထားတတ်ကြတယ်။

ဇနီးသည် နာမကျန်းဖြစ်တဲ့အခါ
သနားကြင်နာစွာနဲ့ ယုယုယယ ပြုစုပေးတတ်ကြတယ်။

Messenger မှ အခြားသော မိန်းခလေးတွေ စာလာ Chat ရင်
ပြန် မ Chat ပဲ ကိုယ့် ဇနီးကို လာပြကြတယ်။


ဘယ်ဖုန်းလာလာ Speaker ဖွင့်ပြောရဲတယ်။
ဖုန်း Password ကိုလည်း ပြောပြထားတယ်။

မိမိ မိသားစု ပျော်ရွှင်ငြိမ်းချမ်းမှု့ကိုသာ အရေးပေးလေ့ရှိတတ်ပီး
ပြင်ပတွင် အပျော်ရှာခြင်းမျိုးကို နှစ်သက်လေ့မရှိ။

အနာဂတ် ရည်မှန်းချက်ထဲမှာ မိသားစု ကမ္ဘာလေး
သာယာလှပ အေးချမ်းနေဖို့သာ အဓိက ထားပါတယ်။

မိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမအောက်မှာ နေထိုင်လေ့ရှိပီး
မိသားစုကိုပါ လက်တွဲခေါ်သူဖြစ်တယ်။

သို့မှသာ
❤️ အိမ်ဦးနတ် အစစ်ဖြစ်တယ်။
❤️ အိမ်ဦးနတ် နာမည် ခံထိုက်တယ်။
❤️ အိမ်ဦးနတ်လို့ ခေါ်ထိုက်တယ်။

မေတ္တာဖြင့်

Credit:May Htut Khaung



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top