iMyanmarHouse.com - Best Property Website for Myanmar
×











Credit : momolay

ပို့သပေးပါတယ်။

#Unicode Version


ချစ်သူ၊ ရည်းစား၊ လင်မယားတွေရဲ့ ဆက်ဆံရေးမှာ သစ္စာတရားဟာ ခိုင်မြဲသောချစ်ခြင်းတရား၏ အခြေခံအုတ်မြစ်ပါ။ ဒီကနေ့တော့ သစ္စာတရားနှင့် ပြည့်ဝသော ချစ်ခြင်းတရားများမှ ရရှိနိုင်သော ကောင်းကျိုးချမ်းသာများကို ဖော်ပြပေးလိုက်ပါတယ်။

- သင့်ချစ်သူအပေါ် သစ္စာရှိခြင်းက သူကလည်း သင့်အပေါ် အပြန်အလှန်သစ္စာရှိဖို့ တွန်းအားပေးပါတယ်။

- သစ္စာတရားဟာ သင်တို့ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းကို ပိုမိုခိုင်မြဲစေပါတယ်။

- သစ္စာရှိခြင်းဟာ သင့်စိတ်ကို အေးချမ်းစေပါတယ်။ သင်လိမ်ထားသမျှတွေ ပေါ်သွားမလား၊ သင့်ချစ်သူများ သိသွားမလားလို့လည်း စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။

- သစ္စာရှိခြင်းကြောင့် သင်တို့ချစ်သူနှစ်ဦးရဲ့ အနာဂါတ်ရည်မှန်းချက်တွေအပေါ် ပိုမိုအာရုံစိုက်နိုင်ပါတယ်။

- သင့်ရဲ့သစ္စာရှိမှု့ကြောင့် သင့်ချစ်သူ၊ သင့်ရဲ့ ဂုဏ်သိက္ခာနဲ့ မိမိကိုယ်ကို ယုံကြည်မှု့ကို ပိုမိုတိုးပွားစေပါတယ်။

- သစ္စာရှိသူတွေဟာ ဘဝမှာပိုမိုပျော်ရွှင်ရတတ်ပြီး၊ အချိန်တိုင်းကို အပြုံးအစစ်တွေနဲ့ ဖြတ်သန်းနိုင်ပါတယ်။

- သင့်ရဲ့ သစ္စာရှိမှု့ကြောင့် သင့်ချစ်သူရဲ့ ယုံကြည်မှု့နဲ့ ပေးဆပ်မှု့အားလုံးကို သင်ပိုင်ဆိုင်နိုင်ပါတယ်။

- သင်တို့ချစ်သူ ၂ ဦးရဲ့ အပြန်အလှန် သစ္စာရှိမှု့ဟာ အများသူငှာတွေက သင်တို့စုံတွဲကို လေးစားအားကျစေပါတယ်။

- ယုံကြည်မှုကို တည်ဆောက်ဖို့က ခဲယဉ်းပေမယ့် ယုံကြည်မှုတွေ ပျက်ဆီးဖို့ကတော့ အင်မတန် လွယ်ကူပါတယ်။

Credit : momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top