iMyanmarHouse.com - Best Property Website for Myanmar
×

မိမိတုိ႔ပင္ကုိယ္စရုိက္ကို ေပၚလြင္ေစတဲ့အရာ မ်ားစြာရိွပါတယ္။ လက္ဖဝါးနဲ႔ လက္ေခ်ာင္းေပၚက အစင္းအေၾကာင္းေတြစကလို႔ တျခားအရာမ်ဳိးစုံက လူတစ္ဦးရဲ႕ ပင္ကုိယ္စရုိက္ကို ေပၚလြင္ေစႏုိင္ပါတယ္။  လူတစ္ေယာက္ရဲ႕ ပင္ကိုယ္စရုိက္ကို သူ/သူမရဲ႕ဖုန္းပြတ္ပုံတုိ႔ကေနတစ္ဆင့္လည္း အကဲခတ္ႏုိင္ သုိ႔မဟုတ္ သိႏိုင္တယ္ဆိုတာ သိျပီးျပီလား။ ဒါ ျဖစ္ႏုိင္ေျခရိွျပီး ရလဒ္ေတြက သိပ္စိတ္ဝင္စားစရာေကာင္းျပီး အထုိက္အေလ်ာက္မွန္ကန္ေၾကာင္း ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။

မိမိဖုန္းသည့္ပြတ္ပုံစံက မိမိပင္ကုိယ္စရုိက္ကုိ ဘယ္လုိေပၚလြင္ေစသလဲ ေလ့လာၾကည့္ရေအာင္။

အေပၚဘက္တြန္းတာ

မိမိဖုန္းကို အေပၚဘက္ဦးတည္ တြန္းတဲ့လူေတြဟာ ၾသဇာတိကၠမနဲ႔ျပည့္သူတစ္ေယာက္လုိ႔ ဆုိပါတယ္။ စိတ္ခံစားခ်က္ေျပာင္းလဲျမန္သူေတြၾကေပမယ့္ ဒီခ်က္က သူတုိ႔ခ်စ္ရသူေတြကို ယုယၾကင္နာမႈကေန ရပ္တန္႔မသြားေစပါဘူး။

ဘယ္ဘက္တြန္းတာ

ဖုန္းကို ဘယ္ဘက္သို႔ တြန္းပြတ္တာက ဒီပုဂၢဳိလ္ဟာ လက္ေတြ႔က်၊ စိတ္ရွည္သည္းခံျပီး ကြ်မ္းက်င္မႈရိွသူျဖစ္ေၾကာင္း ညြန္ျပပါတယ္။ စီးပြားေရးဆိုင္ရာကိစၥရပ္ေတြ ကိုင္တြယ္ေျဖရွင္းရာမွာ ထူးခြ်န္ေျပာင္ေျမာက္ျပီး သဟာဥာဏ္ရႊင္သူေတြလည္း ျဖစ္ပါတယ္။

ေအာက္ဘက္ဆြဲခ်တာ

ဖုန္း lock ဖြင့္ဖုိ႔ ေအာက္ဘက္ဆြဲခ်သူေတြဟာ ဆက္ဆံေရးနဲ႔ အလုပ္ကိစၥေတြမွာ ထက္ျမတ္သူေတြ ျဖစ္ပါတယ္။ ဒီ့အျပင္ စကားအေျခအတင္ေျပာဆိုမႈေကာင္းမြန္သူေတြလည္း ျဖစ္ၾကပါတယ္။

ညာဘက္ဆြဲတာ

ပုံမွန္အားျဖင့္ ဖုန္းကို ဘာဘက္သုိ႔ ဆြဲသူေတြ လက္ေတြ႔မွာ အရမ္းစာနာတတ္သူေတြလုိ႔ ဆုိပါတယ္။ တီထြင္ဖန္တီးႏုိင္စြမ္း အထုံရိွသူေတြ ျဖစ္ပါတယ္။ တသီးတသန္႔ေနတတ္တဲ့ ပင္ကိုယ္စရုိက္ရိွျပီး ဘယ္သူ႔ကိုမွ လြယ္လြယ္နဲ႔ ရင္မဖြင့္တတ္ၾကဘူး။

လက္ႏွစ္ဘက္စလုံးအသုံးျပဳတာ

ဒါက ဒီလူဟာ ကပ်ာကယာ သုိ႔မဟုတ္ တစ္ခ်ိန္လုံး ထိတ္ထိတ္ပ်ာပ်ာ ရိွသူလုိ႔ ဆုိလုိပါတယ္။ မလုိအပ္ဘဲ အခ်ိန္မျဖဳန္းဘဲ အာရုံစူးစုိက္ႏုိင္စြမ္းရိွျပီး အလြန္စိတ္အားျပင္းထန္သူေတြလုိ႔ သိရပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိမိတို့ပင်ကိုယ်စရိုက်ကို ပေါ်လွင်စေတဲ့အရာ များစွာရှိပါတယ်။ လက်ဖဝါးနဲ့ လက်ချောင်းပေါ်က အစင်းအကြောင်းတွေစကလို့ တခြားအရာမျိုးစုံက လူတစ်ဦးရဲ့ ပင်ကိုယ်စရိုက်ကို ပေါ်လွင်စေနိုင်ပါတယ်။  လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို သူ/သူမရဲ့ဖုန်းပွတ်ပုံတို့ကနေတစ်ဆင့်လည်း အကဲခတ်နိုင် သို့မဟုတ် သိနိုင်တယ်ဆိုတာ သိပြီးပြီလား။ ဒါ ဖြစ်နိုင်ခြေရှိပြီး ရလဒ်တွေက သိပ်စိတ်ဝင်စားစရာကောင်းပြီး အထိုက်အလျောက်မှန်ကန်ကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။

မိမိဖုန်းသည့်ပွတ်ပုံစံက မိမိပင်ကိုယ်စရိုက်ကို ဘယ်လိုပေါ်လွင်စေသလဲ လေ့လာကြည့်ရအောင်။

အပေါ်ဘက်တွန်းတာ

မိမိဖုန်းကို အပေါ်ဘက်ဦးတည် တွန်းတဲ့လူတွေဟာ သြဇာတိက္ကမနဲ့ပြည့်သူတစ်ယောက်လို့ ဆိုပါတယ်။ စိတ်ခံစားချက်ပြောင်းလဲမြန်သူတွေကြပေမယ့် ဒီချက်က သူတို့ချစ်ရသူတွေကို ယုယကြင်နာမှုကနေ ရပ်တန့်မသွားစေပါဘူး။

ဘယ်ဘက်တွန်းတာ

ဖုန်းကို ဘယ်ဘက်သို့ တွန်းပွတ်တာက ဒီပုဂ္ဂိုလ်ဟာ လက်တွေ့ကျ၊ စိတ်ရှည်သည်းခံပြီး ကျွမ်းကျင်မှုရှိသူဖြစ်ကြောင်း ညွန်ပြပါတယ်။ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေ ကိုင်တွယ်ဖြေရှင်းရာမှာ ထူးချွန်ပြောင်မြောက်ပြီး သဟာဉာဏ်ရွှင်သူတွေလည်း ဖြစ်ပါတယ်။

အောက်ဘက်ဆွဲချတာ

ဖုန်း lock ဖွင့်ဖို့ အောက်ဘက်ဆွဲချသူတွေဟာ ဆက်ဆံရေးနဲ့ အလုပ်ကိစ္စတွေမှာ ထက်မြတ်သူတွေ ဖြစ်ပါတယ်။ ဒီ့အပြင် စကားအခြေအတင်ပြောဆိုမှုကောင်းမွန်သူတွေလည်း ဖြစ်ကြပါတယ်။

ညာဘက်ဆွဲတာ

ပုံမှန်အားဖြင့် ဖုန်းကို ဘာဘက်သို့ ဆွဲသူတွေ လက်တွေ့မှာ အရမ်းစာနာတတ်သူတွေလို့ ဆိုပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း အထုံရှိသူတွေ ဖြစ်ပါတယ်။ တသီးတသန့်နေတတ်တဲ့ ပင်ကိုယ်စရိုက်ရှိပြီး ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ ရင်မဖွင့်တတ်ကြဘူး။

လက်နှစ်ဘက်စလုံးအသုံးပြုတာ

ဒါက ဒီလူဟာ ကပျာကယာ သို့မဟုတ် တစ်ချိန်လုံး ထိတ်ထိတ်ပျာပျာ ရှိသူလို့ ဆိုလိုပါတယ်။ မလိုအပ်ဘဲ အချိန်မဖြုန်းဘဲ အာရုံစူးစိုက်နိုင်စွမ်းရှိပြီး အလွန်စိတ်အားပြင်းထန်သူတွေလို့ သိရပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top