iMyanmarHouse.com - Best Property Website for Myanmar
×

အိႏၵိယတြင္ ရိုးစင္းလွေသာ ရွလကာရည္သံုးၿပီး စမ္းသပ္မႈေၾကာင့္ သားအိမ္ေခါင္းကင္ဆာျဖင့္ ေသဆံုးႏႈန္း သံုးပံုတစ္ပံု ေလ်ာ့က်မႈရွိေၾကာင္းသိရသည္။ဖြံ႔ၿဖိဳးဆဲႏုိင္ငံမ်ားတြင္သားအိမ္ေခါင္းအသားစယူ စစ္ေဆးျခင္းႏွင့္ လိင္အဂၤါၾကြက္ႏို႔ပုိးစစ္ေဆးမႈတို႔မွာ ေစ်းၾကီးလြန္းေၾကာင္း၊ အေမရိကန္တြင္ သားအိမ္ေခါင္းအသားစ စစ္ေဆးမႈႏွင့္ ကင္ဆာအၾကိဳ၊ ကင္ဆာျဖစ္စဥ္တုိ႔ႏွင့္ ဆက္စပ္ေနေသာ ပံုမမွန္ဆဲလ္ စစ္ေဆးမႈခံယူျခင္းတုိ႔ေၾကာင့္ သားအိမ္ေခါင္းကင္ဆာျဖစ္ႏႈန္းကုိ သိသိ သာသာေလ်ာ့က်ေစေၾကာင္း ေတြ႔ရွိခဲ့သျဖင့္ အသက္ ၂၁ ႏွစ္ႏွင့္ အ ထက္အေမရိကန္ အမ်ဳိးသမီးအားလံုး သံုးႏွစ္တစ္ၾကိမ္ သားအိမ္ေခါင္း အသားစယူစစ္ေဆးမႈကုိ ခံ ယူသင့္ေၾကာင္း ဆုိထားသည္။

သားအိမ္ ေခါင္းကင္ဆာေရာဂါ ၉၉ရာခိုင္ႏႈန္းေက်ာ္မွာ လိင္အဂၤါၾကြက္ႏို႔ပုိးေၾကာင့္ျဖစ္သျဖင့္ လိင္အဂၤါၾကြက္ႏို႔ပုိးစစ္ေဆးမႈခံယူပါက သားအိမ္ေခါင္းကင္ဆာရွာေဖြရာတုိင္ အတိအက် သိရွိႏုိင္သည္။ သို႔ရာတြင္သားအိမ္ေခါင္းကင္ဆာစစ္ေဆးမႈမူလနည္းလမ္းအေနျဖင့္လိင္အဂၤါၾကြက္ႏုိ႔ပုိးစစ္ေဆးမႈအစား သားအိမ္ေခါင္း အသားစယူစစ္ေဆးမႈ ခံယူသင့္၊ မသင့္ဆုိသည္ကုိ မ်ဳိးဆက္ပြားက်န္းမာေရး ကြ်မ္းက်င္သူတုိ႔ အျငင္းပြားခဲ့ေသာ္လမ္း ဖြံ႔ျဖိဳးဆဲ တုိင္းျပည္အမ်ားစုက ထိုနည္းလမ္းႏွစ္ရပ္စလံုးကုိ ေစ်းၾကီးလြန္းသျဖင့္ မတတ္ႏုိင္ပါ။


ႏွစ္မ်ားစြာၾကာၿပီးေနာက္ သားအိမ္ေခါင္းအသားစယူစစ္ေဆးမႈအစား အသံုးျပဳႏုိင္သည့္ ရွလကာရည္ျဖင့္ စစ္ေဆးမႈကုိ ေဖာ္ထုတ္ႏုိင္ခဲ့သည္။ ေစ်းမၾကီးဘဲကြ်မ္းက်င္မႈလည္း သိပ္မလို၊ ကိရိယာလည္း အလြန္အမင္း မလိုအပ္သည့္ရွလကာရည္စမ္းသပ္မႈသည္ရွလကာရွည္ဆြတ္ထားေသာ ဂြမ္းစျဖင့္ သားအိမ္ေခါင္းကုိ ထိေတြ႔ျခင္းျဖစ္ၿပီး ကင္ဆာအၾကိဳအက်ိတ္မ်ားရွိလွ်င္ အျဖဴေရာင္ ေျပာင္းသြားသည့္ ရလဒ္ကုိ မိနစ္ပုိင္းအတြင္း ေတြ႔ႏုိင္သည္။ မြမ္ဘုိင္းတြင္ေနထုိင္ေသာ အမ်ဳိးသမီး တစ္သိန္းခြဲကုိ ေလ့လာမႈအရ ရွလကာရည္စစ္ေဆး မႈေၾကာင့္သားအိမ္ ေခါင္းကင္ဆာျဖင့္ ေသဆံုးႏုိင္ေျခကုိ ၃၁ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏုိင္ခဲ့ေၾကာင္း ေတြ႔ရွိခဲ့သည္။


Credit:ဇြန္

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိန္ဒိယတွင် ရိုးစင်းလှသော ရှလကာရည်သုံးပြီး စမ်းသပ်မှုကြောင့် သားအိမ်ခေါင်းကင်ဆာဖြင့် သေဆုံးနှုန်း သုံးပုံတစ်ပုံ လျော့ကျမှုရှိကြောင်းသိရသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သားအိမ်ခေါင်းအသားစယူ စစ်ဆေးခြင်းနှင့် လိင်အင်္ဂါကြွက်နို့ပိုးစစ်ဆေးမှုတို့မှာ ဈေးကြီးလွန်းကြောင်း၊ အမေရိကန်တွင် သားအိမ်ခေါင်းအသားစ စစ်ဆေးမှုနှင့် ကင်ဆာအကြို၊ ကင်ဆာဖြစ်စဉ်တို့နှင့် ဆက်စပ်နေသော ပုံမမှန်ဆဲလ် စစ်ဆေးမှုခံယူခြင်းတို့ကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းကို သိသိ သာသာလျော့ကျစေကြောင်း တွေ့ရှိခဲ့သဖြင့် အသက် ၂၁ နှစ်နှင့် အ ထက်အမေရိကန် အမျိုးသမီးအားလုံး သုံးနှစ်တစ်ကြိမ် သားအိမ်ခေါင်း အသားစယူစစ်ဆေးမှုကို ခံ ယူသင့်ကြောင်း ဆိုထားသည်။

သားအိမ် ခေါင်းကင်ဆာရောဂါ ၉၉ရာခိုင်နှုန်းကျော်မှာ လိင်အင်္ဂါကြွက်နို့ပိုးကြောင့်ဖြစ်သဖြင့် လိင်အင်္ဂါကြွက်နို့ပိုးစစ်ဆေးမှုခံယူပါက သားအိမ်ခေါင်းကင်ဆာရှာဖွေရာတိုင် အတိအကျ သိရှိနိုင်သည်။ သို့ရာတွင်သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုမူလနည်းလမ်းအနေဖြင့်လိင်အင်္ဂါကြွက်နို့ပိုးစစ်ဆေးမှုအစား သားအိမ်ခေါင်း အသားစယူစစ်ဆေးမှု ခံယူသင့်၊ မသင့်ဆိုသည်ကို မျိုးဆက်ပွားကျန်းမာရေး ကျွမ်းကျင်သူတို့ အငြင်းပွားခဲ့သော်လမ်း ဖွံ့ဖြိုးဆဲ တိုင်းပြည်အများစုက ထိုနည်းလမ်းနှစ်ရပ်စလုံးကို ဈေးကြီးလွန်းသဖြင့် မတတ်နိုင်ပါ။


နှစ်များစွာကြာပြီးနောက် သားအိမ်ခေါင်းအသားစယူစစ်ဆေးမှုအစား အသုံးပြုနိုင်သည့် ရှလကာရည်ဖြင့် စစ်ဆေးမှုကို ဖော်ထုတ်နိုင်ခဲ့သည်။ ဈေးမကြီးဘဲကျွမ်းကျင်မှုလည်း သိပ်မလို၊ ကိရိယာလည်း အလွန်အမင်း မလိုအပ်သည့်ရှလကာရည်စမ်းသပ်မှုသည်ရှလကာရှည်ဆွတ်ထားသော ဂွမ်းစဖြင့် သားအိမ်ခေါင်းကို ထိတွေ့ခြင်းဖြစ်ပြီး ကင်ဆာအကြိုအကျိတ်များရှိလျှင် အဖြူရောင် ပြောင်းသွားသည့် ရလဒ်ကို မိနစ်ပိုင်းအတွင်း တွေ့နိုင်သည်။ မွမ်ဘိုင်းတွင်နေထိုင်သော အမျိုးသမီး တစ်သိန်းခွဲကို လေ့လာမှုအရ ရှလကာရည်စစ်ဆေး မှုကြောင့်သားအိမ် ခေါင်းကင်ဆာဖြင့် သေဆုံးနိုင်ခြေကို ၃၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။


Credit:ဇွန်


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top