iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ ေဆးက်မ္း မ်ား အလိုအရ ခါး၏ ၊ စပ္ရွားရွားရွိ၏ ။ ေအး၏ ၊ ေၾကက်က္ လြယ္၏ ၊ ၀မ္းကို သက္ေစ၏ ၊ ပိုးကို ႏိုင္၏ ၊ ဆာေလာင္ျခင္းကို ျဖစ္ေစတတ္၏ ၊ သည္းေျခ သလိပ္ကို ႏိုင္၏ ။ မ်က္စိေရာဂါ ၊ ေယာနိ၌ ျဖစ္ေသာ ေရာဂါမ်ား ၊ ေသြးအား နည္းျခင္း ၊ ဆီးႏွင့္ စပ္ေသာ ေရာဂါမ်ားကို ေပ်ာက္ေစသည္။ ၾကက္ဟင္းခါးရြက္ကို ဆား၊ ထန္းလ်က္ ထည့္၍ ၃ ခြက္ တစ္ခြက္တင္ က်ိဳေသာက္က တုန္ဖ်ား ၊ ခ်မ္းဖ်ား ေပ်ာက္၏ ။

အရြက္ႀကိတ္ ၫွစ္ရည္ကို ေသာက္လွ်င္ အူတြင္းရွိ ေရာဂါပိုးမ်ားကို ေသေၾက ပ်က္စီး၏ ။ၾကက္ဟင္းခါး ရြက္ရည္ကို ဖန္ခါးသီးႏွင့္ ေသြးေသာက္ေသာ္ အသည္းေရာင္၍ အသား၀ါေသာ ေရာဂါ ေပ်ာက္ကင္း၏။ မူးေမာ္ျခင္းလည္း ေပ်ာက္ရန္ လည္းေကာင္း ၊ ေၫွာ္ခံေဆး အျဖစ္ လည္းေကာင္း ၊ ၾကက္ဟင္းခါးရြက္ကို ေခ်၍ ရွဴေပး ရ၏။ အဖ်ားကို ႏိုင္ေသာ သတၱိရွိသျဖင့္ အရြက္ကို ႀကိတ္၍ ရေသာ အရည္ကို တိုက္ေပးျခင္းျဖင့္ ေသြးလြန္ တုပ္ေကြး ေရာဂါ ေပ်ာက္၏။

ေခြးရူးကိုက္ေသာ ေနရာမ်ားတြင္အရြက္ကိုႀကိတ္၍ အံုေပးျခင္း၊ အရည္ၫွစ္ ထည့္ေပးျခင္း ၊ ေသာက္ေပးျခင္းျဖင့္ ေပ်ာက္ကင္း၏။ ၾကက္ဟင္းခါးသီး အေျခာက္ကို ေက်ာက္ပ်ဥ္တြင္ ေသြးလူးေသာ္ လည္ေခ်ာင္း ေရာင္ေသာ ေရာဂါ ေပ်ာက္ကင္း၏ ။ၾကက္ဟင္းခါးသီးရည္ကို ဆီႏွင့္ ေရာေသာက္က ကာလ၀မ္းေရာဂါ ေပ်ာက္ကင္း ၏ ။ ၎အရည္တြင္ ပ်ားရည္အနည္းငယ္ ေရာေသာက္လွ်င္ ေရဖ်ဥ္းေရာဂါ ေပ်ာက္ကင္း၏။အသီးႏုအရည္ကို မီးေပၚ၌ ေႏြး၍ လိမ္းေပးလွ်င္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏ ။


Credit:Mg Mandalay


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မြန်မာ ဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက် လွယ်၏ ၊ ဝမ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေ သလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သော ရောဂါများ ၊ သွေးအား နည်းခြင်း ၊ ဆီးနှင့် စပ်သော ရောဂါများကို ပျောက်စေသည်။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက် ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။

အရွက်ကြိတ် ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေ ပျက်စီး၏ ။ကြက်ဟင်းခါး ရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသော ရောဂါ ပျောက်ကင်း၏။ မူးမော်ခြင်းလည်း ပျောက်ရန် လည်းကောင်း ၊ ညှော်ခံဆေး အဖြစ် လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကို ချေ၍ ရှူပေး ရ၏။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန် တုပ်ကွေး ရောဂါ ပျောက်၏။

ခွေးရူးကိုက်သော နေရာများတွင်အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ် ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။ ကြက်ဟင်းခါးသီး အခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်း ရောင်သော ရောဂါ ပျောက်ကင်း၏ ။ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည်အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။


Credit:Mg Mandalay




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top