iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပ အတြက္လည္း အက်ဳိးျဖစ္ထြန္းတယ္ဆိုလို႔ နာနတ္သီးကို အစိတ္ေလးေတြစိတ္၊ သံပရာသီးညွစ္ၿပီး ရသာပိုနဲ႔ စားတာ။ စားလို႔လည္း ေကာင္းတယ္။ ေႏြရာသီမွာ စားရင္ ရင္ေအးေစတယ္။ နာနတ္သီးမွာ ဗီတာမင္ဓာတ္မ်ားစြာနဲ႔ သတၱဳဓာတ္ေတြ အမ်ားႀကီး ပါဝင္ပါတယ္။ ကယ္လ္ဆီယမ္ (Calcium)၊ ပိုတက္စီယမ္ (Potassium)၊ အမွ်င္ (Fibre) နဲ႔ ဗီတာမင္စီဓာတ္ (Vitamin C)တို႔ ပါဝင္ပါတယ္။ ကယ္လ္ဆီယမ္ပါေတာ့ အ႐ိုးေတြကို သန္စြမ္းေတာင့္တင္းေစပါတယ္။ နာနတ္သီးမွာ မက္ဂနီီယမ္ဓာတ္ (Magnesium) လည္း ပါဝင္တာမို႔ အ႐ိုးေတြနဲ႔ အရြတ္ေတြ၊ အေၾကာမွ်င္မ်ားကိုပါ ေခ်ာေခ်ာေမြ႔ေမြ႔ရွိေစၿပီး ထုိင္လိုက္ထလိုက္ရင္ ဂၽြတ္ခနဲမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

လူငယ္ပိုင္းအရြယ္ေတြ နာနတ္သီးစားရင္ အရုိးေတြ ႀကီးထြားမႈ ျမန္ေစလို႔ အရပ္ရွည္မယ္၊ ထြားက်ိဳင္းေစမွာမို႔လို႔ ေမာ္ဒယ္ဘိြဳင္းလုပ္ခ်င္သူေတြ၊ ေမာ္ဒယ္လ္ဂဲလ္လုပ္ခ်င္သူေတြ စားသင့္ပါတယ္။ လူႀကီးပိုင္းအရြယ္က်ေတာ့ အ႐ိုးေတြကို ေခ်ာ္လဲတာ ေျခေခါက္လဲတာေတာင္ မက်ိဳဳးေစဘဲ ခိုင္မာသန္စြမ္းေစတဲ့သတၱိရွိပါတယ္။ မ်က္စိမႈန္သူမ်ားစားရင္ အျမင္အာ႐ံုၾကည္လင္သန္စြမ္းေစတယ္။ သက္ႀကီးရြယ္အိုမွာ ဇရာေၾကာင့္ျဖစ္တတ္တဲ့ မႈံမႈိင္းရီေဝျခင္းေတြကိုလည္း မျဖစ္ေစပါဘူး။

တစ္ခ်ိဳ႕က ဗီတာစီဓာတ္ (Vitamin C) အမ်ားႀကီးပါတယ္ဆိုၿပီး လိေမၼာ္ရည္ကို ေသာက္ၾကပါတယ္။ လိေမၼာ္ရည္ဟာ ဗီတာမင္စီ ေပါႂကြယ္ဝတာေၾကာင့္ အေအးမိ၊ ဖ်ားနာေတြကို သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါေပမယ့္ နာနတ္သီးမွာ ဗီတာမင္စီတူတူပါဝင္တဲ့အျပင္ ဘ႐ိုမီလိန္းဓာတ္ (Bromelain) ပါတာေၾကာင့္ ပန္းနာရင္ၾကပ္ကို သက္သာေျပေလ်ာ့ေစမႈ၊ အဆစ္အျမစ္ ကိုက္ခဲတာ သက္သာေစမႈနဲ႔ အနာေတြကို အျမန္က်က္ေစပါတယ္။

ကုိယ္လိုခ်င္တဲ့ အက်ဳိးေက်းဇူးကို ၾကည့္ၿပီး နာနတ္သီးအလံုးေရနဲ႔ စားတတ္ဖို႔ေတာ့ လိုအပ္ပါတယ္။ ဥပမာ အျမင္အာ႐ံုအတြက္ဆို တစ္ေန႔ကို သံုးလံုးေလာက္ စားရမယ္။ အ႐ိုးခိုင္မာသန္စြမ္းဖို႔အတြက္ နာနတ္သီးေဖ်ာ္ရည္ တစ္ေန႔ကို တစ္ခြက္ ေသာက္သံုးေပးရပါမယ္။ နာနတ္သီးကို တျခားအစားအေသာက္ေတြနဲ႔ ေရာေထြးၿပီး စားတာထက္ နာနတ္သီးတစ္မ်ိဳးတည္း သီးသန္႔စားေပးျခင္းက အက်ိဳးေက်းဇူးပိုမိုထိေရာက္ေစပါတယ္။

ေန႔လယ္စာစားေသာက္ၿပီးမွ စားရင္ အစာေၾကညက္မႈကို အေထာက္အကူ ျပဳေပးပါတယ္။ တျခား အစားအေသာက္မ်ားနဲ႔ ယွဥ္တြဲစားေသာက္မယ္ဆိုရင္ေတာ့ နာနတ္သီးရဲ႕ အစြမ္းအာနိသင္ဟာ အစာေခ်ဖ်က္မႈကို ေထာက္ပံ့ကူညီေပးသြားပါလိမ့္မယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 Unicode Version

အလှအပ အတွက်လည်း အကျိုးဖြစ်ထွန်းတယ်ဆိုလို့ နာနတ်သီးကို အစိတ်လေးတွေစိတ်၊ သံပရာသီးညှစ်ပြီး ရသာပိုနဲ့ စားတာ။ စားလို့လည်း ကောင်းတယ်။ နွေရာသီမှာ စားရင် ရင်အေးစေတယ်။ နာနတ်သီးမှာ ဗီတာမင်ဓာတ်များစွာနဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ကယ်လ်ဆီယမ် (Calcium)၊ ပိုတက်စီယမ် (Potassium)၊ အမျှင် (Fibre) နဲ့ ဗီတာမင်စီဓာတ် (Vitamin C)တို့ ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်ပါတော့ အရိုးတွေကို သန်စွမ်းတောင့်တင်းစေပါတယ်။ နာနတ်သီးမှာ မက်ဂနီယမ်ဓာတ် (Magnesium) လည်း ပါဝင်တာမို့ အရိုးတွေနဲ့ အရွတ်တွေ၊ အကြောမျှင်များကိုပါ ချောချောမွေ့မွေ့ရှိစေပြီး ထိုင်လိုက်ထလိုက်ရင် ဂျွတ်ခနဲမဖြစ်အောင် ကာကွယ်ပေးပါတယ်။

လူငယ်ပိုင်းအရွယ်တွေ နာနတ်သီးစားရင် အရိုးတွေ ကြီးထွားမှု မြန်စေလို့ အရပ်ရှည်မယ်၊ ထွားကျိုင်းစေမှာမို့လို့ မော်ဒယ်ဘွိုင်းလုပ်ချင်သူတွေ၊ မော်ဒယ်လ်ဂဲလ်လုပ်ချင်သူတွေ စားသင့်ပါတယ်။ လူကြီးပိုင်းအရွယ်ကျတော့ အရိုးတွေကို ချော်လဲတာ ခြေခေါက်လဲတာတောင် မကျိုုးစေဘဲ ခိုင်မာသန်စွမ်းစေတဲ့သတ္တိရှိပါတယ်။ မျက်စိမှုန်သူများစားရင် အမြင်အာရုံကြည်လင်သန်စွမ်းစေတယ်။ သက်ကြီးရွယ်အိုမှာ ဇရာကြောင့်ဖြစ်တတ်တဲ့ မှုံမှိုင်းရီဝေခြင်းတွေကိုလည်း မဖြစ်စေပါဘူး။

တစ်ချို့က ဗီတာစီဓာတ် (Vitamin C) အများကြီးပါတယ်ဆိုပြီး လိမ္မော်ရည်ကို သောက်ကြပါတယ်။ လိမ္မော်ရည်ဟာ ဗီတာမင်စီ ပေါကြွယ်ဝတာကြောင့် အအေးမိ၊ ဖျားနာတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် နာနတ်သီးမှာ ဗီတာမင်စီတူတူပါဝင်တဲ့အပြင် ဘရိုမီလိန်းဓာတ် (Bromelain) ပါတာကြောင့် ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေမှု၊ အဆစ်အမြစ် ကိုက်ခဲတာ သက်သာစေမှုနဲ့ အနာတွေကို အမြန်ကျက်စေပါတယ်။

ကိုယ်လိုချင်တဲ့ အကျိုးကျေးဇူးကို ကြည့်ပြီး နာနတ်သီးအလုံးရေနဲ့ စားတတ်ဖို့တော့ လိုအပ်ပါတယ်။ ဥပမာ အမြင်အာရုံအတွက်ဆို တစ်နေ့ကို သုံးလုံးလောက် စားရမယ်။ အရိုးခိုင်မာသန်စွမ်းဖို့အတွက် နာနတ်သီးဖျော်ရည် တစ်နေ့ကို တစ်ခွက် သောက်သုံးပေးရပါမယ်။ နာနတ်သီးကို တခြားအစားအသောက်တွေနဲ့ ရောထွေးပြီး စားတာထက် နာနတ်သီးတစ်မျိုးတည်း သီးသန့်စားပေးခြင်းက အကျိုးကျေးဇူးပိုမိုထိရောက်စေပါတယ်။

နေ့လယ်စာစားသောက်ပြီးမှ စားရင် အစာကြေညက်မှုကို အထောက်အကူ ပြုပေးပါတယ်။ တခြား အစားအသောက်များနဲ့ ယှဉ်တွဲစားသောက်မယ်ဆိုရင်တော့ နာနတ်သီးရဲ့ အစွမ်းအာနိသင်ဟာ အစာချေဖျက်မှုကို ထောက်ပံ့ကူညီပေးသွားပါလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...








 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top