iMyanmarHouse.com - Best Property Website for Myanmar
×

မီးဖုိေခ်ာင္ထဲက မရွိမျဖစ္ တဲ့အရာေတြထဲမွာ အသားငါး၊ ဟင္းသီးဟင္းရြက္နဲ႔ မုန္႔ေတြ၊ အသီးေတြ တင္လွီးတဲ့ စဥ္းတီတံုး ေတြပါဝင္ၿပီး အဲဒီပစၥည္းနဲ႔ပတ္ သက္လို႔ သိဖို႔လိုတာေလးေတြကုိ မွ်ေဝေပးလိုက္ပါတယ္။

ပလတ္စတစ္ (သို႔)သစ္သားစဥ္း တီတံုး - ပလတ္စတစ္ျပားေတြက ေတာ့ သန္႔ရွင္းေရးလုပ္ဖို႔ လြယ္ ကူသလို ေျခာက္ေသြ႕တာလည္း ျမန္ပါတယ္။ သစ္သားစဥ္းတီတံုး ကေတာ့ ေသခ်ာတုိက္ခြၽတ္ေဆး ေၾကာဖုိ႔လိုသလို ေျခာက္ေသြ႕ ေအာင္လုပ္ဖို႔ဆိုရင္လည္း အခ်ိန္ ယူပါတယ္။

ေရာဂါပိုးေပါက္ပြားမႈ - စဥ္းတီ တံုးေတြမွာ က်န္းမာေရးကို ဒုကၡ ေပးႏုိင္တဲ့ ပိုးမႊားေတြ ေပါက္ပြား ေနႏိုင္တာမို႔ ဘယ္လိုစဥ္းတီတံုး မ်ဳိး ေရြးရမလဲဆိုတာ အေရး ႀကီးလာပါၿပီ။ သစ္သားက ပိုးမႊား ေပါက္ပြားႏုိင္ေျခ ပိုမ်ားေပမယ့္ လို႔ ပလတ္စတစ္ျပားဆိုရင္လည္း ဓားခုတ္ရာအစင္းျခစ္ရာေတြမွာ ပိုးမႊားေပါက္ႏိုင္ပါတယ္။

ေသခ်ာစြာသန္႔စင္ျခင္း - အစာ အဆိပ္သင့္တာတို႔၊ မသန္႔ရွင္းတဲ့ ပိုးမႊားေတြ ခႏၶာကိုယ္ထဲမေရာက္ ဖို႔အတြက္ အထူးသတိထားဖို႔လို တာကေတာ့ စဥ္းတီတံုးကို သန္႔ ရွင္းေနေအာင္ ေသခ်ာေဆးေၾကာ ထားဖို႔ပါ။ စဥ္းတီတံုးမ်က္ႏွာျပင္ ကို မုန္႔ဖုတ္ေဆာ္ဒါ၊ ဆား၊ ေရတုိ႔ နဲ႔ ေဆးေၾကာႏုိင္သလို ရွာလကာ ရည္တို႔၊ သံပရာသီးတို႔ သံုးၿပီး ေတာ့ ေဆးေၾကာကာ ေျခာက္ ေသြ႕သန္႔ရွင္းစြာ ထားရွိသံုးစြဲဖို႔လို အပ္ပါတယ္။

သီးသန္႔စဥ္းတီတံုးမ်ားထားပါ - အသားငါးေတြလွီးဖို႔ကသတ္ သတ္၊ သစ္သီးေတြ၊ ဟင္းသီး ဟင္းရြက္ေတြလွီးဖို႔အတြက္ သတ္သတ္စီထားၿပီး သံုးစြဲတာအေကာင္းဆံုးပါ။ ဘယ္အရာပဲ လွီးလွီး စဥ္းတီတံုးေတြကို အၿမဲတမ္း သန္႔ရွင္းေရးလုပ္ထားဖို႔ ကေတာ့ လံုးဝေမ့လို႔မျဖစ္ပါဘူး။

Credit : 7day daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မီးဖိုချောင်ထဲက မရှိမဖြစ် တဲ့အရာတွေထဲမှာ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ မုန့်တွေ၊ အသီးတွေ တင်လှီးတဲ့ စဉ်းတီတုံး တွေပါဝင်ပြီး အဲဒီပစ္စည်းနဲ့ပတ် သက်လို့ သိဖို့လိုတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပလတ်စတစ် (သို့)သစ်သားစဉ်း တီတုံး - ပလတ်စတစ်ပြားတွေက တော့ သန့်ရှင်းရေးလုပ်ဖို့ လွယ် ကူသလို ခြောက်သွေ့တာလည်း မြန်ပါတယ်။ သစ်သားစဉ်းတီတုံး ကတော့ သေချာတိုက်ချွတ်ဆေး ကြောဖို့လိုသလို ခြောက်သွေ့ အောင်လုပ်ဖို့ဆိုရင်လည်း အချိန် ယူပါတယ်။

ရောဂါပိုးပေါက်ပွားမှု - စဉ်းတီ တုံးတွေမှာ ကျန်းမာရေးကို ဒုက္ခ ပေးနိုင်တဲ့ ပိုးမွှားတွေ ပေါက်ပွား နေနိုင်တာမို့ ဘယ်လိုစဉ်းတီတုံး မျိုး ရွေးရမလဲဆိုတာ အရေး ကြီးလာပါပြီ။ သစ်သားက ပိုးမွှား ပေါက်ပွားနိုင်ခြေ ပိုများပေမယ့် လို့ ပလတ်စတစ်ပြားဆိုရင်လည်း ဓားခုတ်ရာအစင်းခြစ်ရာတွေမှာ ပိုးမွှားပေါက်နိုင်ပါတယ်။

သေချာစွာသန့်စင်ခြင်း - အစာ အဆိပ်သင့်တာတို့၊ မသန့်ရှင်းတဲ့ ပိုးမွှားတွေ ခန္ဓာကိုယ်ထဲမရောက် ဖို့အတွက် အထူးသတိထားဖို့လို တာကတော့ စဉ်းတီတုံးကို သန့် ရှင်းနေအောင် သေချာဆေးကြော ထားဖို့ပါ။ စဉ်းတီတုံးမျက်နှာပြင် ကို မုန့်ဖုတ်ဆော်ဒါ၊ ဆား၊ ရေတို့ နဲ့ ဆေးကြောနိုင်သလို ရှာလကာ ရည်တို့၊ သံပရာသီးတို့ သုံးပြီး တော့ ဆေးကြောကာ ခြောက် သွေ့သန့်ရှင်းစွာ ထားရှိသုံးစွဲဖို့လို အပ်ပါတယ်။

သီးသန့်စဉ်းတီတုံးများထားပါ - အသားငါးတွေလှီးဖို့ကသတ် သတ်၊ သစ်သီးတွေ၊ ဟင်းသီး ဟင်းရွက်တွေလှီးဖို့အတွက် သတ်သတ်စီထားပြီး သုံးစွဲတာအကောင်းဆုံးပါ။ ဘယ်အရာပဲ လှီးလှီး စဉ်းတီတုံးတွေကို အမြဲတမ်း သန့်ရှင်းရေးလုပ်ထားဖို့ ကတော့ လုံးဝမေ့လို့မဖြစ်ပါဘူး။

Credit : 7day daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top