iMyanmarHouse.com - Best Property Website for Myanmar
×

ေနရာတုိင္းလိုလိုမွာ အလြယ္ကူဆံုးဝယ္ယူစားသံုးႏုိင္တဲ့ ငွက္ေပ်ာသီးေတြဟာ လူတုိင္းအတြက္ ကာယ/ဉာဏစြမ္းအား၊ က်န္းမာသန္စြမ္းမႈေတြကို ေပးစြမ္းႏုိင္တဲ့အတြက္ ငွက္ေပ်ာသီးရဲ႕ က်န္းမာေရးေကာင္းက်ဳိးေတြထဲက တခ်ဳိ႕ကို မွ်ေဝေပး ခ်င္ပါတယ္။ စိတ္က်ေရာဂါ၊ အရက္နာက်တာ၊ ေက်ာက္ကပ္ကင္ဆာ၊ ဆီးခ်ဳိ၊ အ႐ိုးပြေရာဂါနဲ႔ မ်က္စိကြယ္တာေတြကို ကာကြယ္ေပးႏုိင္တယ္လို႔ဆုိပါတယ္။ ငွက္ေပ်ာသီးဟာ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိရွိတာေၾကာင့္ နာတာရွည္ေရာဂါ ျဖစ္ပြားျခင္းမွ ကာကြယ္ေပးႏုိင္သလို အစာစားၿပီး ငွက္ေပ်ာသီးစားရင္ ေသြးတြင္းသၾကားဓာတ္ကိုပံုမွန္ျဖစ္ေစၿပီး ကိုယ္ဝန္ေဆာင္ေတြ မနက္ခင္းပ်ဳိ႕ခ်င္အန္ခ်င္ျဖစ္တာေတြကိုလည္း သက္သာေစႏုိင္ပါတယ္။

ခႏၶာကိုယ္ေဖာေရာင္တာေတြကို သက္သာေစႏုိင္တဲ့အျပင္ အာ႐ံုေၾကာေတြကို အားျဖစ္ေစႏုိင္ပါတယ္။ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေအာင္လည္း ေထာက္ကူေပးႏိုင္ၿပီး ႏွလံုးေရာဂါနဲ႔ ေလျဖတ္တာေတြ ကာကြယ္ႏိုင္ေၾကာင္း ႏိုင္ငံတကာ က်န္းမာေရးအဖြဲ႕အစည္းေတြက လက္ခံထားၾကပါတယ္။ ပိုတက္ဆီယမ္ႂကြယ္ဝၿပီး ခႏၶာကိုယ္တက္ႂကြလန္းဆန္းေစ တဲ့အတြက္ စာေမးပြဲေျဖမယ့္သူေတြဆုိရင္လည္း ငွက္ေပ်ာသီးစားေပးသင့္တယ္လို႔ဆိုပါတယ္။ ပူျပင္းတဲ့ရာသီေတြမွာ ငွက္ေပ်ာသီးစားေပးျခင္းျဖင့္ ခႏၶာကိုယ္ရဲ႕ အပူခ်ိန္ကိုေလ်ာ့ပါးေစၿပီး ေအးျမေစႏုိင္ပါတယ္။ ငွက္ေပ်ာသီးရဲ႕ တန္ဖိုးရွိလွတဲ့ က်န္းမာေရးေကာင္းက်ဳိးေတြသိၾကၿပီဆိုေတာ့ ေမ်ာက္စာဆိုၿပီး မစားဘဲမေနသင့္ေတာ့ဘူးဆိုတာ သေဘာေပါက္သင့္ၿပီ ထင္ပါတယ္။

Credit:7Day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နေရာတိုင်းလိုလိုမှာ အလွယ်ကူဆုံးဝယ်ယူစားသုံးနိုင်တဲ့ ငှက်ပျောသီးတွေဟာ လူတိုင်းအတွက် ကာယ/ဉာဏစွမ်းအား၊ ကျန်းမာသန်စွမ်းမှုတွေကို ပေးစွမ်းနိုင်တဲ့အတွက် ငှက်ပျောသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေထဲက တချို့ကို မျှဝေပေး ချင်ပါတယ်။ စိတ်ကျရောဂါ၊ အရက်နာကျတာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးချို၊ အရိုးပွရောဂါနဲ့ မျက်စိကွယ်တာတွေကို ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ငှက်ပျောသီးဟာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် နာတာရှည်ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်သလို အစာစားပြီး ငှက်ပျောသီးစားရင် သွေးတွင်းသကြားဓာတ်ကိုပုံမှန်ဖြစ်စေပြီး ကိုယ်ဝန်ဆောင်တွေ မနက်ခင်းပျို့ချင်အန်ချင်ဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ခန္ဓာကိုယ်ဖောရောင်တာတွေကို သက်သာစေနိုင်တဲ့အပြင် အာရုံကြောတွေကို အားဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျအောင်လည်း ထောက်ကူပေးနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ကာကွယ်နိုင်ကြောင်း နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေက လက်ခံထားကြပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝပြီး ခန္ဓာကိုယ်တက်ကြွလန်းဆန်းစေ တဲ့အတွက် စာမေးပွဲဖြေမယ့်သူတွေဆိုရင်လည်း ငှက်ပျောသီးစားပေးသင့်တယ်လို့ဆိုပါတယ်။ ပူပြင်းတဲ့ရာသီတွေမှာ ငှက်ပျောသီးစားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလျော့ပါးစေပြီး အေးမြစေနိုင်ပါတယ်။ ငှက်ပျောသီးရဲ့ တန်ဖိုးရှိလှတဲ့ ကျန်းမာရေးကောင်းကျိုးတွေသိကြပြီဆိုတော့ မျောက်စာဆိုပြီး မစားဘဲမနေသင့်တော့ဘူးဆိုတာ သဘောပေါက်သင့်ပြီ ထင်ပါတယ်။

Credit:7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top