အကယ်ဒမီ ရရှိသွားပေမယ့် အနုပညာကြေးသတ်မှတ်ချက်များကတော့ပရိုဂျူဆာတွေရဲ့သတ်မှတ်ချက်
အတိုင်းပဲ ရှေ့ဆက်သွားမှာပါလို့ပြောလာတဲ့ သရုပ်ဆောင်အကယ်ဒမီ ထွန်းထွန်း...
'အနုပညာသက်တမ်း
၁၆ နှစ် အတောအတွင်းမှာ ကျွန်တော့်ရဲ့ အနုပညာကြေးကို ကျွန်တော်
မသတ်မှတ်ခဲ့ပါဘူး၊ အခုလည်း ဒီအတိုင်းပါပဲ' အကယ်ဒမီ ထွန်းထွန်း
အကယ်ဒမီ
ရရှိသွားပေမယ့် အနုပညာကြေး သတ်မှတ်ချက်များကတော့
ပရိုဂျူဆာတွေရဲ့သတ်မှတ်ချက် အတိုင်းပဲ ရှေ့ဆက်သွားမှာပါလို့ပြောလာတဲ့
သရုပ်ဆောင်အကယ်ဒမီ ထွန်းထွန်းနဲ့ အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး
- ခိုးဆိုးလုနှိုက်ဇာတ်ကားနဲ့ အကယ်ဒမီရရှိဖို့အတွက် အကယ်ဒမီ မှန်းကြပေမယ့်
တကယ်ကျတော့ အုတ်ကြားမြက်ပေါက်ဇာတ်ကားနဲ့ အခုရရှိတာဆိုတော့ ကိုယ်တိုင်က
ကျတော့ရော ဘယ်ဇာတ်ကားကိုပို ပြီးတော့ အားရကျေနပ်လဲ။
ဖြေ -
ဒီဇာတ်ကားထဲမှာ ပါဝင်ရတဲ့ ကျွန်တော်ရဲ့ကာရိုက်တာနှစ်ခု လုံးကိုကြိုက်တယ်။
ဒီကာရိုက်တာ နှစ်ခုမှာ ကျွန်တော် ၉ဝ ရာခိုင်နှုန်း လောက် တာဝန်ကျေခဲ့တယ်လို့
ခံစားရတယ်။ ကျန်တာကတော့ ကျွန်တော်လုပ်ချင်ပေမယ့် မလုပ်တတ်လို့
မလုပ်လိုက်ရတဲ့ သရုပ်ဆောင်မှုတွေလည်းရှိခဲ့တယ်။ ဒါရိုက်တာကတော့
ရပြီလို့ပြောပေမယ့် ကိုယ်တိုင်သရုပ်မ ဆောင်နိုင်သေးတဲ့ သရုပ်ဆောင်မှုတွေတော့
ကျန်ခဲ့တယ်။
မေး - အကယ်ဒမီရရှိသွားပြီဆို တော့ ရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာလမ်းတစ်လျှောက်မှာ ဘယ် လောက်ထိတာဝန်ပိုကြီးမယ်လို့ထင်လဲ။
ဖြေ
- အကယ်ဒမီဆိုတာကလည်း ကိုယ်ကြိုးစားတဲ့အသီးအပွင့်ကို ကိုယ်တိုင်ခံစားရတော့
အများကြီးပေါ့နော်။ စိတ်ထဲမှာ ကိုယ်ဘာသာကိုယ်လည်း ယုံကြည်မှုပိုများလာတယ်။
ယုံကြည်မှုရှိလာတော့ အနုပညာပဲဖြစ်ဖြစ်၊ ဘယ်အရာပဲဖြစ်ဖြစ် ဖန်တီးမှုအပိုင်း
ပိုပြီးတော့ကောင်းလာတယ်။ ကျွန်တော်တို့ကကျတော့ ကိုယ်ပါဝင်ရတဲ့
ကာရိုက်တာတစ်ခုမှာ တာဝန်ယူနေရတာပဲလေ။
မေး - နှင်းဆီရွှေရင်ထိုးလေးပျောက်သွားတယ်လို့လည်း သိရပါတယ်။
ဖြေ
- ဟုတ်ပါတယ်။ ကျွန်တော်တို့ နှင်းဆီအဖွဲ့သားတွေအားလုံးအတွက်
အောင်သမာဓိကနေပြီးတော့ စပွန်ဆာပေးတဲ့နှင်းဆီရွှေရင်ထိုးလေး
ပျောက်သွားခဲ့တယ်။ ကြယ်လေး တော့ ပြန်ရှာတွေ့တယ်။ ဒါပေမဲ့
မလျော်လိုက်ရပါဘူး။ ကျွန်တော့်ကို လက်ဆောင်ပေးတဲ့အနေနဲ့ပဲ
သဘောထားလိုက်ပါတော့တဲ့။
မေး - စင်ပေါ်မှာပြောသွားတဲ့
ကျေးဇူးတင်စကားနဲ့ပတ်သက်ပြီး တော့လည်း ဘယ်သူကိုပြောတယ်ဆို ပြီးတော့
ပြောလာတာတွေရှိလာတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင် လဲ။
ဖြေ -
အဲဒီနေ့က စင်ပေါ်မှာ ကျွန်တော်ပြောတဲ့စကားက ဒီအတိုင်း ပြောခဲ့တာပါ။
ကျွန်တော်ဘယ်သူ့ ဘယ်သူကိုမှ မထိခိုက်ဘူး။ကျွန်တော့်ကို
ထိခိုက်ပြောလာရင်လည်း ကျွန် တော်မသိဘူး။ ပျော်နေတဲ့အချိန်မှာ
ဖြစ်လာတဲ့ခံစားချက်အတိုင်း ပြောခဲ့တာပါ။ တွေးတဲ့သူတွေကတော့ ကောင်းတဲ့ဘက်က
တွေးတဲ့သူရှိသလို မကောင်းတဲ့ဘက်က တွေးတဲ့သူ လည်းရှိမှာပါ။ ဒါကတော့
ကြိုက်သလိုတွေးလို့ ရပါတယ်။
မေး - နောက်ပိုင်းမှာရော ရုပ်ရှင်နဲ့ ဂီတဘယ်အပိုင်းကို ဦးစားပေးလုပ်ချင်လဲ။
ဖြေ - ဒီနှစ်ပိုင်းထဲမှာတော့ ကျွန် တော်ရုပ်ရှင်ပိုင်းကိုပဲ ဦးစားပေးပြီးတော့ လုပ်ဖြစ်နေဦးမှာပါ။
မေး - အကယ်ဒမီဆုရပြီးနောက်ပိုင်း အနုပညာကြေးမြင့်သွားကြတာ တွေရှိတယ်။ ထွန်းထွန်းရော အနုပညာကြေး မြင့်သွားမလား။
ဖြေ
- ကျွန်တော်အရိုးသားဆုံး ပြောချင်ပါတယ်။ ဒီနေ့အချိန်ထိ ကျွန်တော်ရဲ့
အနုပညာသက်တမ်း ၁၆ နှစ်အတောအတွင်းမှာ ကျွန်တော်ရဲ့အနုပညာကြေးကို
ကျွန်တော်မသတ်မှတ်ခဲ့ပါဘူး။ ကျွန်တော့်ကိုသတ်မှတ်တာ ပရိုဂျူဆာတွေပါ။
ပရိုဂျူဆာတွေသတ်မှတ်တဲ့အတိုင်းပဲဖြစ် နေခဲ့တာပါ။ ကျွန်တော်က ဘယ် တော့မှ
ဘယ်လောက်ရမှရိုက်မယ်ဆိုပြီးတော့ မရှိခဲ့ပါဘူး။ အခုလည်း
ပရိုဂျူဆာတွေသတ်မှတ်တဲ့အတိုင်းပဲဖြစ်မှာပါ။
NN
Credit:democracytoday