iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္ ၃၊ ၄ၾကိမ္မက ဆီးထသြားတတ္သူေတြအတြက္ သတင္းေကာင္းတစ္ခုပါ။ ဆားစာသုံးမႈေလွ်ာ့ခ်ျခင္းက ခုလုိ ညဘက္ ခဏခဏဆီးသြားမႈကို ေလွ်ာ့ခ်ေပးႏုိင္ေၾကာင္း သုေတသီေတြ ေလ့လာေတြ႔ရိွခဲ့ပါတယ္။

ညဘက္ ေသးထထေပါက္ရျခင္းက အသက္ ၆၀ ေက်ာ္မွာ လူအမ်ားစု ျဖစ္တတ္ပါတယ္။ သာမန္ျပသနာတစ္ခုလုိ႔ ထင္ရေပမယ့္ အိပ္ေရးပ်က္ျခင္းက စိတ္ဖိစီးမႈ၊ ေဒါသထြက္လြယ္ျခင္း သို႔မဟုတ္ အားအင္ကုန္ခမ္းမႈစတဲ့ ျပသနာေတြျဖစ္ေစႏုိင္ျပီး ဘဝေပ်ာ္ရႊင္မႈေပၚ အပ်က္သေဘာေဆာင္တဲ့ အက်ဳိးသက္ေရာက္မႈ ရိွႏုိင္ပါတယ္။

"ေန႔စဥ္ပုံမွန္စားေသာက္မႈ ပုံစံအနည္းငယ္ေျပာင္းလဲျခင္းက ဒီျပသနာကို ေျဖရွင္းေပးႏုိင္တယ္"လုိ႔ လန္ဒန္ျမိဳ႕ European Society of Urology က ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပထားပါတယ္။ ညအခ်ိန္ ဆီးထထသြားရတာက လူအမ်ားစုအတြက္ အထူးသျဖင့္ အသက္ၾကီးလာတဲ့အခါ တကယ့္ျပသနာတစ္ရပ္ျဖစ္ပါတယ္။

ဆားအစားမ်ားျပီး ညဘက္အိပ္ေပ်ာ္ဖို႔ အခက္ခဲရိွသူ အမ်ဳိးသားနဲ႔ အမ်ဳိးသမီး အေယာက္ ၃၂၁ ကို သုေတသီေတြ ေလ့လာမႈျပဳလုပ္ခဲ့ပါတယ္။ ဒီလူနာေတြကို ဆားေလွ်ာ့စားဖုိ႔ ညႊန္ၾကားခဲ့ပါတယ္။ အဲဒီလုိ ၁၂ ပတ္တိတိ လုိက္နာခဲ့ၾကျပီးေနာက္ သူတုိ႔ကုိ ဆားစားသုံးမႈ တုိင္းတာခဲ့ပါတယ္။

၂၂၃ ေယာက္က ဆားစားသုံးမႈ တစ္ေန႔ကို ၁၀.၇ ဂရမ္ကေန ၈.၀ဂရမ္အထိ ေလွ်ာ့ခ်ႏုိင္ခဲ့ပါတယ္။ ညဘက္ ပွ်မ္းမွ်ဆီးသြားမႈအၾကိမ္ေရက ၂.၃ဆကေန ၁.၄ဆထိ က်ဆင္းခဲ့ပါတယ္။ ေန႔စဥ္ပုံမွန္အစားအစာထဲမွာ ဆားေလွ်ာ့ခ်တဲ့အခါ ေန႔ဘက္ဆီးသြားမႈ ေလွ်ာ့နည္းသြားေၾကာင္းလည္း သုေတသီေတြ ေလ့လာေတြ႔ရိွခဲ့ၾကပါတယ္။
Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ညဘက် ၃၊ ၄ကြိမ်မက ဆီးထသွားတတ်သူတွေအတွက် သတင်းကောင်းတစ်ခုပါ။ ဆားစာသုံးမှုလျှော့ချခြင်းက ခုလို ညဘက် ခဏခဏဆီးသွားမှုကို လျှော့ချပေးနိုင်ကြောင်း သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။

ညဘက် သေးထထပေါက်ရခြင်းက အသက် ၆၀ ကျော်မှာ လူအများစု ဖြစ်တတ်ပါတယ်။ သာမန်ပြသနာတစ်ခုလို့ ထင်ရပေမယ့် အိပ်ရေးပျက်ခြင်းက စိတ်ဖိစီးမှု၊ ဒေါသထွက်လွယ်ခြင်း သို့မဟုတ် အားအင်ကုန်ခမ်းမှုစတဲ့ ပြသနာတွေဖြစ်စေနိုင်ပြီး ဘဝပျော်ရွှင်မှုပေါ် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

"နေ့စဉ်ပုံမှန်စားသောက်မှု ပုံစံအနည်းငယ်ပြောင်းလဲခြင်းက ဒီပြသနာကို ဖြေရှင်းပေးနိုင်တယ်"လို့ လန်ဒန်မြို့ European Society of Urology က လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားပါတယ်။ ညအချိန် ဆီးထထသွားရတာက လူအများစုအတွက် အထူးသဖြင့် အသက်ကြီးလာတဲ့အခါ တကယ့်ပြသနာတစ်ရပ်ဖြစ်ပါတယ်။

ဆားအစားများပြီး ညဘက်အိပ်ပျော်ဖို့ အခက်ခဲရှိသူ အမျိုးသားနဲ့ အမျိုးသမီး အယောက် ၃၂၁ ကို သုတေသီတွေ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ ဒီလူနာတွေကို ဆားလျှော့စားဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီလို ၁၂ ပတ်တိတိ လိုက်နာခဲ့ကြပြီးနောက် သူတို့ကို ဆားစားသုံးမှု တိုင်းတာခဲ့ပါတယ်။

၂၂၃ ယောက်က ဆားစားသုံးမှု တစ်နေ့ကို ၁၀.၇ ဂရမ်ကနေ ၈.ဝဂရမ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ညဘက် ပျှမ်းမျှဆီးသွားမှုအကြိမ်ရေက ၂.၃ဆကနေ ၁.၄ဆထိ ကျဆင်းခဲ့ပါတယ်။ နေ့စဉ်ပုံမှန်အစားအစာထဲမှာ ဆားလျှော့ချတဲ့အခါ နေ့ဘက်ဆီးသွားမှု လျှော့နည်းသွားကြောင်းလည်း သုတေသီတွေ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top