ပိုက္ဆံရွိျပီး ဝယ္လို႔ေကာင္းတာနဲ႔ ရွိသမွ် ဝယ္လိုက္လို႔ မျဖစ္ပါဘူး။ ဘာေတြလိုအပ္ေနျပီး ဘာေတြ ဦးစားေပးရမယ္ဆိုတာ သိရမွာျဖစ္ပါတယ္။ ဒီလိုသိျပီး လက္ေတြ႕ဝယ္တဲ့အခါမွာေတာင္ မလိုအပ္တာကို ဝယ္မိတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ေစ်းေကာင္းေကာင္းဝယ္တတ္တဲ့အက်င့္ရဖို႔ သင္သိသင့္တဲ့ အခ်က္ေလးေတြ ရွိပါတယ္။
၁ - ေပါေခ်ာင္ေကာင္း
အက်ႌတစ္ထည္က ၅၀ ရာခုိင္ႏႈန္းေစ်းေလွ်ာ့တာေၾကာင့္ ေပါေခ်ာင္ေကာင္းျဖစ္တာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ သင့္ကိုယ္သင္ေမးပါ။ ဒါကို ဘယ္ႏွစ္ၾကိမ္ဝတ္မွာလဲ။ တစ္ႏွစ္မွာ တစ္ခါေတာင္ သင္ဝတ္ပါ့မလား။ ဝတ္ေတာ့ဝတ္မယ္ မေသခ်ာဘူးဆိုတဲ့ အေျဖမ်ိဳး ထြက္ေနတယ္ဆုိရင္ေတာ့ လံုးဝမဝယ္ပါနဲ႔။ ရွာထားရတဲ့ ပိုက္ဆံကို သင္တကယ္မလိုအပ္ဘဲ ဘယ္လိုအေၾကာင္းေၾကာင့္မွ မသံုးသင့္ပါဘူး။ မလိုတဲ့ေနရာမွာ သံုးတဲ့အတြက္ တကယ္လိုတဲ့အရာေတြ သင့္ဆီမွာ ရွိမလာေတာ့ပါဘူး။
၂ - ေခတ္စားေနတာ
လက္ရွိေခတ္စားေနတဲ့ စတုိင္မ်ိဳးဟာ အသစ္အဆန္းျဖစ္တာေၾကာင့္ သေဘာေတြ႕မိတာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ သင့္အဝတ္ဗီရိုၾကီးတစ္ခုလံုးက လက္ရွိေခတ္စားေနတာေတြနဲ႔ပဲ ျပည့္ေနလို႔မရပါဘူး။ ဒီလိုျပည့္ေနျပီဆုိရင္ေတာ့ သင္ဟာ အဝတ္အစားဝယ္ယူမႈနဲ႔ပတ္သက္ျပီး ကိုယ့္ကိုယ္ကိုယ္ မထိန္းခ်ဳပ္ႏုိင္ေသးသူပါ။ ေစ်းဝယ္မႈနဲ႔ပတ္သက္ျပီး စီမံခန္႔ခြဲမႈ မလုပ္ႏုိင္ေသးသူ ျဖစ္ပါတယ္။
၃ - စမ္းမဝတ္ၾကည့္ဘူး
ငယ္ငယ္က လူၾကီးေတြနဲ႔ အဝတ္အစားသြားဝယ္ရင္ သင့္ကိုစမ္းဝတ္ၾကည့္ဖို႔ အတင္းပဲေျပာတာမ်ိဳးကို မွတ္မိမယ္ထင္ပါတယ္။ အရြယ္အစားလည္းကြက္တိ၊ အေရာင္နဲ႔ ဒီဇိုင္းကလည္း ေျပာစရမလိုေအာင္ ၾကိဳက္တယ္ဆိုေပမယ့္လည္း စမ္းဝတ္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။ အဝတ္အစားမွမဟုတ္ဘဲ ဘယ္ပစၥည္းမဆို စမ္းျပီးဝယ္လို႔ရမယ္ဆို စမ္းရမွာပဲ ျဖစ္ပါတယ္။ ဒီ့အတြက္လည္း အခ်ိန္ယူဖို႔၊ အလုပ္ပို အရႈပ္ခံဖို႔ ဝန္မေလးသင့္ပါဘူး။
၄ - ၾကိဳက္တယ္ဆိုရုံနဲ႔ မရဘူး
ၾကိဳက္တယ္ဆိုရုံေလာက္နဲ႔ မဝယ္ပါနဲ႔။ တကယ္ကို လိုခ်င္ႏွစ္သက္မွဝယ္ပါ။ ခဏခဏ အသံုးဝင္တယ္ဆိုတာ ေသခ်ာဖို႔လည္း လိုပါတယ္။ သင့္ေဘးနားကို ျပန္ၾကည့္ပါ။ သင္တကယ္မသံုးတာေတြ မ်ားေနတယ္ဆုိရင္ေတာ့ သင္က သံုးတာမဟုတ္ဘဲ ျဖဳန္းတာေတြမ်ားေနပါျပီ။
၅ - အနာဂတ္အတြက္ မဝယ္နဲ႔
ဘယ္အခ်ိန္က်ရင္ ဝယ္မယ္ဆိုျပီး အနာဂတ္အတြက္ အဝတ္အစား ၾကိဳဝယ္တာမ်ိဳးလုပ္ဖူးလား။ ဒီလိုဝယ္ယူူမႈမ်ိဳး ေနာက္တစ္ၾကိမ္ ဘယ္ေတာ့မွ မလုပ္ပါနဲ႔။ ပြဲအတြက္ ဝတ္မယ္ဆိုေပမယ့္ အဆိုပါ အဝတ္ကို မဝတ္ျဖစ္တာ၊ အဆိုပါပြဲ မျဖစ္ေတာ့တာ၊ အဆိုပါပြဲကို မတက္ျဖစ္ေတာ့တာေတြ ျဖစ္လာႏုိင္ပါတယ္။ လက္ရွိလိုအပ္ေနတာကိုသာ ဦးစားေပးသင့္တာ ျဖစ္ပါတယ္။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ပိုက်ဆံရှိပြီး ဝယ်လို့ကောင်းတာနဲ့ ရှိသမျှ ဝယ်လိုက်လို့ မဖြစ်ပါဘူး။ ဘာတွေလိုအပ်နေပြီး ဘာတွေ ဦးစားပေးရမယ်ဆိုတာ သိရမှာဖြစ်ပါတယ်။ ဒီလိုသိပြီး လက်တွေ့ဝယ်တဲ့အခါမှာတောင် မလိုအပ်တာကို ဝယ်မိတာမျိုးတွေဖြစ်တတ်ပါတယ်။ ဈေးကောင်းကောင်းဝယ်တတ်တဲ့အကျင့်ရဖို့ သင်သိသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။
၁ - ပေါချောင်ကောင်း
အကျႌတစ်ထည်က ၅၀ ရာခိုင်နှုန်းဈေးလျှော့တာကြောင့် ပေါချောင်ကောင်းဖြစ်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် သင့်ကိုယ်သင်မေးပါ။ ဒါကို ဘယ်နှစ်ကြိမ်ဝတ်မှာလဲ။ တစ်နှစ်မှာ တစ်ခါတောင် သင်ဝတ်ပါ့မလား။ ဝတ်တော့ဝတ်မယ် မသေချာဘူးဆိုတဲ့ အဖြေမျိုး ထွက်နေတယ်ဆိုရင်တော့ လုံးဝမဝယ်ပါနဲ့။ ရှာထားရတဲ့ ပိုက်ဆံကို သင်တကယ်မလိုအပ်ဘဲ ဘယ်လိုအကြောင်းကြောင့်မှ မသုံးသင့်ပါဘူး။ မလိုတဲ့နေရာမှာ သုံးတဲ့အတွက် တကယ်လိုတဲ့အရာတွေ သင့်ဆီမှာ ရှိမလာတော့ပါဘူး။
၂ - ခေတ်စားနေတာ
လက်ရှိခေတ်စားနေတဲ့ စတိုင်မျိုးဟာ အသစ်အဆန်းဖြစ်တာကြောင့် သဘောတွေ့မိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် သင့်အဝတ်ဗီရိုကြီးတစ်ခုလုံးက လက်ရှိခေတ်စားနေတာတွေနဲ့ပဲ ပြည့်နေလို့မရပါဘူး။ ဒီလိုပြည့်နေပြီဆိုရင်တော့ သင်ဟာ အဝတ်အစားဝယ်ယူမှုနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သေးသူပါ။ ဈေးဝယ်မှုနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှု မလုပ်နိုင်သေးသူ ဖြစ်ပါတယ်။
၃ - စမ်းမဝတ်ကြည့်ဘူး
ငယ်ငယ်က လူကြီးတွေနဲ့ အဝတ်အစားသွားဝယ်ရင် သင့်ကိုစမ်းဝတ်ကြည့်ဖို့ အတင်းပဲပြောတာမျိုးကို မှတ်မိမယ်ထင်ပါတယ်။ အရွယ်အစားလည်းကွက်တိ၊ အရောင်နဲ့ ဒီဇိုင်းကလည်း ပြောစရမလိုအောင် ကြိုက်တယ်ဆိုပေမယ့်လည်း စမ်းဝတ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အဝတ်အစားမှမဟုတ်ဘဲ ဘယ်ပစ္စည်းမဆို စမ်းပြီးဝယ်လို့ရမယ်ဆို စမ်းရမှာပဲ ဖြစ်ပါတယ်။ ဒီ့အတွက်လည်း အချိန်ယူဖို့၊ အလုပ်ပို အရှုပ်ခံဖို့ ဝန်မလေးသင့်ပါဘူး။
၄ - ကြိုက်တယ်ဆိုရုံနဲ့ မရဘူး
ကြိုက်တယ်ဆိုရုံလောက်နဲ့ မဝယ်ပါနဲ့။ တကယ်ကို လိုချင်နှစ်သက်မှဝယ်ပါ။ ခဏခဏ အသုံးဝင်တယ်ဆိုတာ သေချာဖို့လည်း လိုပါတယ်။ သင့်ဘေးနားကို ပြန်ကြည့်ပါ။ သင်တကယ်မသုံးတာတွေ များနေတယ်ဆိုရင်တော့ သင်က သုံးတာမဟုတ်ဘဲ ဖြုန်းတာတွေများနေပါပြီ။
၅ - အနာဂတ်အတွက် မဝယ်နဲ့
ဘယ်အချိန်ကျရင် ဝယ်မယ်ဆိုပြီး အနာဂတ်အတွက် အဝတ်အစား ကြိုဝယ်တာမျိုးလုပ်ဖူးလား။ ဒီလိုဝယ်ယူူမှုမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ မလုပ်ပါနဲ့။ ပွဲအတွက် ဝတ်မယ်ဆိုပေမယ့် အဆိုပါ အဝတ်ကို မဝတ်ဖြစ်တာ၊ အဆိုပါပွဲ မဖြစ်တော့တာ၊ အဆိုပါပွဲကို မတက်ဖြစ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိလိုအပ်နေတာကိုသာ ဦးစားပေးသင့်တာ ဖြစ်ပါတယ်။
Credit:duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
၂၀ မေက်ာ္ခင္ ေစ်းဝယ္တတ္ဖို႔ သင္သိသင့္တဲ့ အခ်က္ (၅) ခ်က္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။