iMyanmarHouse.com - Best Property Website for Myanmar
×

အခြန္ကိစၥနဲ႕ ပတ္သက္ၿပီး လူမင္း၊ခင္လိႈင္၊ ထြန္းအိျႏၵာဗို၊ အိျႏၵာေက်ာ္ဇင္တုိ႕က ကိုယ္ပိုင္လူမႈကြန္ယက္ စာမ်က္ႏွာေပၚေတြမွာ ျပန္လည္ေျဖရွင္းထားတာေတြ ေတြ႕ရပါတယ္။ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္တဲ့ အခြန္ေဆာင္တဲ့ အႏုပညာရွင္မ်ား စာရင္းထုတ္ျပန္ၿပီး ေနာက္ပိုင္းမွာေတာ့ ျပန္လည္ေျဖရွင္းထားတာပါ။

 

အခြန္ေဆာင္တဲ့ စာရင္းထဲမွာ မပါဝင္တဲ့ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရံုး ဥကၠဌ ဦးလူမင္းကေတာ့ ကိုယ္ပိုင္ေဖ့စ္ဘြတ္အေကာင့္ကေန မတ္လ(၁)ရက္ေန႕က ျပည္တြင္းအခြန္မ်ားဦးစီး ဌာနသို႕ လိပ္မူၿပီး ယခုလိုေရးသားပါတယ္။
"ျပည္တြင္းအခြန္မ်ားဦးစီး ဌာနသို႔ အသိေပးေၾကညာခ်က္ ထုတ္ျပန္ရာတြင္ ‘က်သင့္သည့္အ ခြန္မ်ားကို တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့ေသာ အႏုပညာရွင္ မ်ားစာရင္းကို အသိေပးေၾကညာ အပ္ပါသည္’ဟု ေရးသားထားပါ သျဖင့္ ေဖာ္ျပပါ အႏုပညာရွင္ ၁၉ ဦးမွလြဲ၍ က်န္အႏုပညာရွင္ မ်ားသည္ အခြန္လံုးဝထမ္းေဆာင္ ျခင္းမရွိဟု အဓိပၸာယ္သက္ေရာက္ ေနပါသည္။ သို႔ေသာ္ ကြၽန္ေတာ္ အပါအဝင္ ႏွစ္စဥ္အခြန္ထမ္း ေဆာင္ေသာ အႏုပညာရွင္မ်ား စြာရွိေနပါေသးသည္။ ယခုဘ႑ာႏွစ္ကုန္ဆံုးရန္လည္း ရက္အနည္း ငယ္က်န္ရွိေနေသးသည္ျဖစ္ရာ ၂၀၁၆-၁၇ ဘ႑ာႏွစ္အတြက္ သာ ထမ္းေဆာင္ရန္ က်န္ရွိေန ျခင္းမ်ားလည္း ျဖစ္ႏုိင္ပါသည္။ ကြၽန္ေတာ္ ကိုယ္တုိင္လည္း ၂၀၁၅-၁၆ ဘ႑ာႏွစ္အထိ အ ခြန္ထမ္းေဆာင္ခဲ့ၿပီးျဖစ္၍ ယခုႏွစ္အတြက္လည္း ထမ္းေဆာင္မည္ ျဖစ္ပါတယ္’’လို႕ ေရးသားထားပါတယ္။
 

ေနာက္ထပ္အခြန္ကိစၥနဲ႕ ပတ္သက္ၿပီး ခင္လိႈင္ကလည္း အခြန္ကိစၥနဲ႕ ပတ္သက္ၿပီး လူမင္းေရးသားထားတဲ့ ပို႕စ္ေအာင္မွာ ယခုလို ေကာမန္႕ဝင္ေရးၿပီး ေျပာထားပါတယ္။
"ကၽြန္ေတာ္လဲ၁၉၉၇ခုနစ္ထဲကဗိုလ္တစ္ေထာင္အခြန္ဦးစီးရံုးမွာစေဆာင္ခဲ့တယ္ေနာက္ေတာ့ေတာင္ဥကၠလာကို၂၀၀၀၀ခုႏွစ္မွာေျပာင္းေတာ့လဲလိပ္စာေျပာင္းၿပီးဆက္ေဆာင္ပါတယ္ေနာက္ၿပီးေက်ာက္ေျမာင္းကိုေျပာင္းေတာ့လဲတာေမအခြန္ဦးစီးမွာ၂၀၁၀ထိေဆာင္ခဲ့တယ္ေနာက္ပိုင္းအခြန္ရံုးကစာမပို႔ေတာ့လို႔မေဆာင္ျဖစ္ေတာ့တာအခုေတာ့သြားၿပီးစံုစမ္းရေတာ့မယ္"လို႕ ေျပာပါတယ္။
 

ထြန္းအိျႏၵာဗိုကလည္း အခြန္ေဆာင္ေၾကာင္းကို ေျပာထားပါေသးတယ္။
‘‘ကြၽန္မ ထြန္းအိႁႏၵာဗိုသည္ ၁၉၉၃ ကစ၍ ၂၀၁၄ အထိ ႏွစ္ စဥ္ အခြန္ေဆာင္ခဲ့ၿပီးပါေၾကာင္း၊ ၂၀၁၅ မွာ အႏုပညာအလုပ္မ်ား ရပ္နားလိုက္ေၾကာင္း ေၾကညာၿပီး ပရဟိတပြဲမ်ားမွာ ေမတၱာျဖင့္ ဒါန ျပဳျခင္းမွလြဲ၍ အႏုပညာေၾကးရ ယူၿပီး အလုပ္မလုပ္ခဲ့ပါေၾကာင္း ႏွင့္ ၂၀၁၆ ႏွစ္လယ္ေလာက္မွ ယေန႔အထိ ဇာတ္ကားတခ်ိဳ႕ျပန္ လည္လက္ခံ႐ိုက္ကူးခဲ့ေၾကာင္း ကို နားမလည္သည့္ တခ်ိဳ႕သူမ်ား သိေစအပ္ပါသည္’’လို႕ သူမရဲ႕ ကိုယ္ပိုင္ေဖ့စ္ဘြတ္ေပၚမွာ ေရးထားပါတယ္။
 

အိျႏၵာေက်ာ္ဇင္ကေတာ့ ကိုယ္ပိုင္ေဖ့စ္ဘြတ္မွာ ယခုလိုေရးထားပါတယ္။
"ႏွစ္စဥ္ေဆာင္ေနက် အ ခြန္ အိႁႏၵာေက်ာ္ဇင္တုိ႔ ကား႐ိုက္ နားထားလိုက္ရလို႔ ဒီတစ္ခါ ၂၀၁၆-၁၇ အတြက္ အခြန္ မေဆာင္ရပါဘူးရွင္။ ဦးစီး ဦးတီ ပဲ အခြန္ေဆာင္ရပါတယ္ရွင့္။ သာမီးအခြန္လြတ္တဲ့ႏွစ္ ျဖစ္ပါ တယ္ရွင့္။ Page ကေန တရားဝင္ ေျပာပါတယ္ရွင့္’’ လို႕ ဆုိပါတယ္။
ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ၂၀၁၆-၂၀၁၇အတြက္ အခြန္ေဆာင္တဲ့ အႏုပညာရွင္မ်ားစာရင္းကို ထုတ္ျပန္ေၾကညာရာမွာ အႏုပညာရွင္(၁၉)ဦးသာရွိခဲ့ၿပီး အခြန္ေဆာင္ဖို႕ က်န္ေနတဲ့ အႏုပညာရွင္မ်ားကို သက္ဆိုင္ရာ ၿမိဳ႕နယ္အခြန္ဦးစီးဌာနရံုးေတြကို ဆက္သြယ္ၿပီး ဘ႑ာႏွစ္မတိုင္မီ အခြန္ေဆာင္ဖို႕ကိုလည္း တိုက္တြန္းထားပါတယ္။

Photo  : လူမင္း၊ ခင္လိႈင္၊ ထြန္းအိျႏၵာဗို၊ အိျႏၵာေက်ာ္ဇင္ေဖ့စ္ဘြတ္

Credit:7day Daily

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အခွန်ကိစ္စနဲ့ ပတ်သက်ပြီး လူမင်း၊ခင်လှိုင်၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်တို့က ကိုယ်ပိုင်လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ ပြန်လည်ဖြေရှင်းထားတာတွေ တွေ့ရပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်တဲ့ အခွန်ဆောင်တဲ့ အနုပညာရှင်များ စာရင်းထုတ်ပြန်ပြီး နောက်ပိုင်းမှာတော့ ပြန်လည်ဖြေရှင်းထားတာပါ။


အခွန်ဆောင်တဲ့ စာရင်းထဲမှာ မပါဝင်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းကတော့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်ကနေ မတ်လ(၁)ရက်နေ့က ပြည်တွင်းအခွန်များဦးစီး ဌာနသို့ လိပ်မူပြီး ယခုလိုရေးသားပါတယ်။
"ပြည်တွင်းအခွန်များဦးစီး ဌာနသို့ အသိပေးကြေညာချက် ထုတ်ပြန်ရာတွင် ‘ကျသင့်သည့်အ ခွန်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အနုပညာရှင် များစာရင်းကို အသိပေးကြေညာ အပ်ပါသည်’ဟု ရေးသားထားပါ သဖြင့် ဖော်ပြပါ အနုပညာရှင် ၁၉ ဦးမှလွဲ၍ ကျန်အနုပညာရှင် များသည် အခွန်လုံးဝထမ်းဆောင် ခြင်းမရှိဟု အဓိပ္ပာယ်သက်ရောက် နေပါသည်။ သို့သော် ကျွန်တော် အပါအဝင် နှစ်စဉ်အခွန်ထမ်း ဆောင်သော အနုပညာရှင်များ စွာရှိနေပါသေးသည်။ ယခုဘဏ္ဍာနှစ်ကုန်ဆုံးရန်လည်း ရက်အနည်း ငယ်ကျန်ရှိနေသေးသည်ဖြစ်ရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် သာ ထမ်းဆောင်ရန် ကျန်ရှိနေ ခြင်းများလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ အ ခွန်ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ယခုနှစ်အတွက်လည်း ထမ်းဆောင်မည် ဖြစ်ပါတယ်’’လို့ ရေးသားထားပါတယ်။


နောက်ထပ်အခွန်ကိစ္စနဲ့ ပတ်သက်ပြီး ခင်လှိုင်ကလည်း အခွန်ကိစ္စနဲ့ ပတ်သက်ပြီး လူမင်းရေးသားထားတဲ့ ပို့စ်အောင်မှာ ယခုလို ကောမန့်ဝင်ရေးပြီး ပြောထားပါတယ်။
"ကျွန်တော်လဲ၁၉၉၇ခုနစ်ထဲကဗိုလ်တစ်ထောင်အခွန်ဦးစီးရုံးမှာစဆောင်ခဲ့တယ်နောက်တော့တောင်ဥက္ကလာကို၂၀၀၀၀ခုနှစ်မှာပြောင်းတော့လဲလိပ်စာပြောင်းပြီးဆက်ဆောင်ပါတယ်နောက်ပြီးကျောက်မြောင်းကိုပြောင်းတော့လဲတာမေအခွန်ဦးစီးမှာ၂၀၁၀ထိဆောင်ခဲ့တယ်နောက်ပိုင်းအခွန်ရုံးကစာမပို့တော့လို့မဆောင်ဖြစ်တော့တာအခုတော့သွားပြီးစုံစမ်းရတော့မယ်"လို့ ပြောပါတယ်။


ထွန်းအိန္ဒြာဗိုကလည်း အခွန်ဆောင်ကြောင်းကို ပြောထားပါသေးတယ်။
‘‘ကျွန်မ ထွန်းအိန္ဒြာဗိုသည် ၁၉၉၃ ကစ၍ ၂၀၁၄ အထိ နှစ် စဉ် အခွန်ဆောင်ခဲ့ပြီးပါကြောင်း၊ ၂၀၁၅ မှာ အနုပညာအလုပ်များ ရပ်နားလိုက်ကြောင်း ကြေညာပြီး ပရဟိတပွဲများမှာ မေတ္တာဖြင့် ဒါန ပြုခြင်းမှလွဲ၍ အနုပညာကြေးရ ယူပြီး အလုပ်မလုပ်ခဲ့ပါကြောင်း နှင့် ၂၀၁၆ နှစ်လယ်လောက်မှ ယနေ့အထိ ဇာတ်ကားတချို့ပြန် လည်လက်ခံရိုက်ကူးခဲ့ကြောင်း ကို နားမလည်သည့် တချို့သူများ သိစေအပ်ပါသည်’’လို့ သူမရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။



အိန္ဒြာကျော်ဇင်ကတော့ ကိုယ်ပိုင်ဖေ့စ်ဘွတ်မှာ ယခုလိုရေးထားပါတယ်။
"နှစ်စဉ်ဆောင်နေကျ အ ခွန် အိန္ဒြာကျော်ဇင်တို့ ကားရိုက် နားထားလိုက်ရလို့ ဒီတစ်ခါ ၂၀၁၆-၁၇ အတွက် အခွန် မဆောင်ရပါဘူးရှင်။ ဦးစီး ဦးတီ ပဲ အခွန်ဆောင်ရပါတယ်ရှင့်။ သာမီးအခွန်လွတ်တဲ့နှစ် ဖြစ်ပါ တယ်ရှင့်။ Page ကနေ တရားဝင် ပြောပါတယ်ရှင့်’’ လို့ ဆိုပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၆-၂၀၁၇အတွက် အခွန်ဆောင်တဲ့ အနုပညာရှင်များစာရင်းကို ထုတ်ပြန်ကြေညာရာမှာ အနုပညာရှင်(၁၉)ဦးသာရှိခဲ့ပြီး အခွန်ဆောင်ဖို့ ကျန်နေတဲ့ အနုပညာရှင်များကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနရုံးတွေကို ဆက်သွယ်ပြီး ဘဏ္ဍာနှစ်မတိုင်မီ အခွန်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Photo  : လူမင်း၊ ခင်လှိုင်၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်ဖေ့စ်ဘွတ်

Credit:7day Daily



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top