iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ေန႔စဥ္ဘဝအေျခအေနကို ဒီထက္ အမ်ားႀကီး ပိုတိုးတက္ေစမယ့္ နည္းလမ္းတစ္ခုကေတာ့ ဒိုင္ယာရီေရးတဲ့အက်င့္ရွိျခင္း ျဖစ္ပါတယ္။ အေကာင္းျမင္တတ္ေအာင္ ေလ့က်င့္နည္းေတြထဲက တစ္ခုအပါအဝင္ျဖစ္ပါတယ္။

ဒိုင္ယာာရီ ဘယ္လိုေရးၾကမလဲ။ တစ္ပတ္မွာ အနည္းဆံုး (၃) ႀကိမ္ေလာက္ေတာ့ ဒိုင္ယာရီစာအုပ္ကို ဖြင့္ၿပီး ေရးသင့္ပါတယ္။ ဒိုင္ယာရီေရးက်င့္ရွိသူေတြက စိတ္ဖိစီးမႈဒဏ္ကို အေတာ္အတန္ ေလွ်ာ့ခ်တတ္ၾကတာကို ေတြ႔ရပါတယ္။ စိတ္္ပင္ပန္းႏုံးခ်ိေနသူမ်ားနဲ႔ စိတ္က်ေရာဂါရွိေနသူမ်ားအတြက္ အေတာ္အသင့္ သက္သာေစတဲ့ နည္းတစ္မ်ဳိးလည္းျဖစ္ပါတယ္။ ခါတိုင္း ေရးေနၾကမဟုတ္ရင္ေတာ့ ဒီေမးခြန္း (၁၀) ခုကိုသာ ေရွ႕ဆံုးမွာ ကူးထားလိုက္ၿပီး ေန႔တိုင္းျဖစ္ျဖစ္ အခ်ိန္ရရင္ ရသလို တစ္ပတ္မွာ (၃) ၾကိမ္ေလာက္ေတာ့ ဝင္ေရးသင့္ပါတယ္။

(၁) ဘဝမွာ ေကာင္းေကာင္းမြန္မြန္ေနရတယ္ဆိုတာ ဘယ္လိုဟာကို ေျပာတာလဲ။ ေပ်ာ္ရႊင္တဲ့ဘဝ ဆိုတာအေပၚ သင္ခံယူထားတဲ့အျမင္ကို ေျပာတာပါ။ ဥပမာ ပိုက္ဆံမ်ားမ်ားသံုးႏိုင္တဲ့သူေတြကို ျမင္ရင္ သူတို႔ဘဝက ေကာင္းလိုက္တာ၊ ပိုက္ဆံမ်ားမ်ားရွိတဲ့ဘဝက ေကာင္းတဲ့ဘဝ ျဖစ္တယ္ လို႔ သင္ ျမင္ရင္ အဲဒီအတိုင္း ခ်ေရးလိုက္ပါ။ ဒါမွမဟုတ္ မိသားစု လူစံု တက္စံု ထမင္းတူတူစားရတာကို ေပ်္ာရႊင္စရာေကာင္းတယ္လို႔ ျမင္ရင္ သင့္အျမင္ကို ပြင့္ပြင့္လင္းလင္း ခ်ေရးရုံပါပဲ။

(၂) လူေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ အေတြးအေခၚခ်င္း မတူတာ၊ အဆင့္အတန္းခ်င္းမတူတာ၊ ဘဝအေနအထားခ်င္းမတူတာနဲ႔ အက်ိဳးေပးမတူတာေတြ ျမင္ခဲ့တယ္ဆိုရင္ ဘာလို႔ ဒီလို ျဖစ္ရတာလဲ ဆိုတဲ့ အေၾကာင္းရင္းကို သင္ထင္သလို ခ်ေရးလိုက္ပါ။

(၃) သင့္ဘဝအေျခအေနကို (၁) မွတ္ကေန (၁၀) မွတ္အတြင္း အမွတ္ေပးၾကည့္မယ္ဆိုရင္ ဘယ္ေလာက္ရႏိုင္မယ္ထင္လဲ။

(၄) အမွတ္ေတြပိုတက္လာေအာင္ ဘာေတြလုပ္လို႔ ရမယ္ထင္ပါသလဲ။ သင့္မွာ ေျပာင္းလဲစရာ၊ အာရုံပိုစိုက္စရာ၊ ခ်က္ခ်င္းဆံုးျဖတ္စရာေတြ ရွိေနလား။

(၅) သင္ လုပ္ဖုိ႔လုိအပ္ေနတဲ့ ကိစၥေတြကို ဘယ္လိုမ်ိဳး ၿပီးေအာင္ လုပ္မယ္ စဥ္းစားထားလဲ။ ကိစၥေသးေသးေလးေတြအျဖစ္ ခဲြထားၿပီးေတာ့ အပိုင္းလိုက္ပံုမွန္လုပ္မွာလား။ ဒီအတြက္ အခ်ိန္ေတြ စီမံခန္႔ခဲြထားၿပီးသားလား။

(၆) သင့္ လက္ကိုင္ထားတဲ့ ယံုၾကည္မႈက ဘယ္အရာျဖစ္မလဲ။ ေဆာင္ပုဒ္ (သို႔) ေျပာေနက် စကား ရွိရင္ ခ်ေရးထားပါ။

(၇) သင္ လိုခ်င္တဲ့ဘဝကို ရရွိဖို႔ လုပ္ရမွာေတြအတြက္ အားရွိစရာ အေၾကာင္းရင္းေတြရွိေနလို႔လား။  ရွိရင္ ခ်ေရးမွတ္ထားပါ။

(၈) သင္ တကယ္ ခ်စ္ျမတ္ႏိုးတဲ့အရာေတြက ဘာေတြလဲ။ ငါ ဒါလုပ္ရတာ သေဘာက်တယ္ဆိုၿပီး ကိုယ့္ကိုယ္ကိုေပ်ာ္ေစဖို႔ လုပ္တဲ့အရာတိုင္းက ကိုယ့္ကိုယ္ကို ခ်စ္တဲ့အျပဳအမူေတြ မဟုတ္တတ္ပါဘူး။ တကယ္ ေပ်ာ္ေစတဲ့အရာေတြဆိုတာ သင့္ကို  ပိုမပင္ပန္းေစဘဲ ပိုေပါ့ပါးသြားေစတယ္။ သင့္အတြက္ အားရွိေစတယ္။ ဒီ အရာေၾကာင့္ အခ်ိန္နဲ႔ အင္အားကို  ကုန္ဆံုးေနရတာတန္တယ္လို႔ ခံစားမႈေပးတဲ့အရာေတြ ျဖစ္တတ္ပါတယ္။ မ်ားေသာအားျဖင့္ ဝါသနာ၊ စိတ္ဝင္စားမႈနဲ႔ ေန႔စဥ္အေလ့အက်င့္ လိုမ်ိဳး အေသးအမႊားအရာေလးေတြ ျဖစ္ေနတတ္ပါတယ္။

Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်နေ့စဉ်ဘဝအခြေအနေကို ဒီထက် အများကြီး ပိုတိုးတက်စေမယ့် နည်းလမ်းတစ်ခုကတော့ ဒိုင်ယာရီရေးတဲ့အကျင့်ရှိခြင်း ဖြစ်ပါတယ်။ အကောင်းမြင်တတ်အောင် လေ့ကျင့်နည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒိုင်ယာာရီ ဘယ်လိုရေးကြမလဲ။ တစ်ပတ်မှာ အနည်းဆုံး (၃) ကြိမ်လောက်တော့ ဒိုင်ယာရီစာအုပ်ကို ဖွင့်ပြီး ရေးသင့်ပါတယ်။ ဒိုင်ယာရီရေးကျင့်ရှိသူတွေက စိတ်ဖိစီးမှုဒဏ်ကို အတော်အတန် လျှော့ချတတ်ကြတာကို တွေ့ရပါတယ်။ စိတ်ပင်ပန်းနုံးချိနေသူများနဲ့ စိတ်ကျရောဂါရှိနေသူများအတွက် အတော်အသင့် သက်သာစေတဲ့ နည်းတစ်မျိုးလည်းဖြစ်ပါတယ်။ ခါတိုင်း ရေးနေကြမဟုတ်ရင်တော့ ဒီမေးခွန်း (၁၀) ခုကိုသာ ရှေ့ဆုံးမှာ ကူးထားလိုက်ပြီး နေ့တိုင်းဖြစ်ဖြစ် အချိန်ရရင် ရသလို တစ်ပတ်မှာ (၃) ကြိမ်လောက်တော့ ဝင်ရေးသင့်ပါတယ်။

(၁) ဘဝမှာ ကောင်းကောင်းမွန်မွန်နေရတယ်ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ။ ပျော်ရွှင်တဲ့ဘဝ ဆိုတာအပေါ် သင်ခံယူထားတဲ့အမြင်ကို ပြောတာပါ။ ဥပမာ ပိုက်ဆံများများသုံးနိုင်တဲ့သူတွေကို မြင်ရင် သူတို့ဘဝက ကောင်းလိုက်တာ၊ ပိုက်ဆံများများရှိတဲ့ဘဝက ကောင်းတဲ့ဘဝ ဖြစ်တယ် လို့ သင် မြင်ရင် အဲဒီအတိုင်း ချရေးလိုက်ပါ။ ဒါမှမဟုတ် မိသားစု လူစုံ တက်စုံ ထမင်းတူတူစားရတာကို ပျေ်ာရွှင်စရာကောင်းတယ်လို့ မြင်ရင် သင့်အမြင်ကို ပွင့်ပွင့်လင်းလင်း ချရေးရုံပါပဲ။

(၂) လူတွေ တစ်ယောက်နဲ့ တစ်ယောက် အတွေးအခေါ်ချင်း မတူတာ၊ အဆင့်အတန်းချင်းမတူတာ၊ ဘဝအနေအထားချင်းမတူတာနဲ့ အကျိုးပေးမတူတာတွေ မြင်ခဲ့တယ်ဆိုရင် ဘာလို့ ဒီလို ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သင်ထင်သလို ချရေးလိုက်ပါ။

(၃) သင့်ဘဝအခြေအနေကို (၁) မှတ်ကနေ (၁၀) မှတ်အတွင်း အမှတ်ပေးကြည့်မယ်ဆိုရင် ဘယ်လောက်ရနိုင်မယ်ထင်လဲ။

(၄) အမှတ်တွေပိုတက်လာအောင် ဘာတွေလုပ်လို့ ရမယ်ထင်ပါသလဲ။ သင့်မှာ ပြောင်းလဲစရာ၊ အာရုံပိုစိုက်စရာ၊ ချက်ချင်းဆုံးဖြတ်စရာတွေ ရှိနေလား။

(၅) သင် လုပ်ဖို့လိုအပ်နေတဲ့ ကိစ္စတွေကို ဘယ်လိုမျိုး ပြီးအောင် လုပ်မယ် စဉ်းစားထားလဲ။ ကိစ္စသေးသေးလေးတွေအဖြစ် ခွဲထားပြီးတော့ အပိုင်းလိုက်ပုံမှန်လုပ်မှာလား။ ဒီအတွက် အချိန်တွေ စီမံခန့်ခွဲထားပြီးသားလား။

(၆) သင့် လက်ကိုင်ထားတဲ့ ယုံကြည်မှုက ဘယ်အရာဖြစ်မလဲ။ ဆောင်ပုဒ် (သို့) ပြောနေကျ စကား ရှိရင် ချရေးထားပါ။

(၇) သင် လိုချင်တဲ့ဘဝကို ရရှိဖို့ လုပ်ရမှာတွေအတွက် အားရှိစရာ အကြောင်းရင်းတွေရှိနေလို့လား။  ရှိရင် ချရေးမှတ်ထားပါ။

(၈) သင် တကယ် ချစ်မြတ်နိုးတဲ့အရာတွေက ဘာတွေလဲ။ ငါ ဒါလုပ်ရတာ သဘောကျတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုပျော်စေဖို့ လုပ်တဲ့အရာတိုင်းက ကိုယ့်ကိုယ်ကို ချစ်တဲ့အပြုအမူတွေ မဟုတ်တတ်ပါဘူး။ တကယ် ပျော်စေတဲ့အရာတွေဆိုတာ သင့်ကို  ပိုမပင်ပန်းစေဘဲ ပိုပေါ့ပါးသွားစေတယ်။ သင့်အတွက် အားရှိစေတယ်။ ဒီ အရာကြောင့် အချိန်နဲ့ အင်အားကို  ကုန်ဆုံးနေရတာတန်တယ်လို့ ခံစားမှုပေးတဲ့အရာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဝါသနာ၊ စိတ်ဝင်စားမှုနဲ့ နေ့စဉ်အလေ့အကျင့် လိုမျိုး အသေးအမွှားအရာလေးတွေ ဖြစ်နေတတ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top