iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီရဲ႕ ျပင္းတဲ့အပူခ်ိန္ေၾကာင့္၊ မိတ္၊ အေရးျပားေပၚ အဖုအပိမ့္ အနီကြက္တုိ႔နဲ႔ တျခားျပသနာေတြ ျဖစ္တတ္ပါတယ္။ ဒီပူအိုက္တဲ့ရာသီမွာ မိခင္ေတြ မိမိကေလးငယ္ကို ဘယ္လိုဂရုစုိက္ေစာင့္ေရွာက္ရမလဲဆိုတာလည္း ေခါင္းေျခာက္စရာပါ။ ကေလးငယ္ေတြအတြက္ ဒီပူအုိက္တဲ့ဒဏ္ကို ၾကံ့ၾကံ့ခံႏုိင္ဖုိ႔ ဆိုတာ သိပ္ေတာ့မလြယ္ပါဘူး။ ေႏြရာသီအတြင္း မိမိကေလးငယ္ အသက္ရွဴေခ်ာင္ျပီး ေအးျမမႈရိွေအာင္ လုပ္ႏုိင္တဲ့အခ်က္ေတြ ရိွပါတယ္။ ပူျပင္းမႈဒဏ္ကို အလြယ္အကူ ေက်ာ္လႊားေအာင္ႏုိင္ဖုိ႔ နည္းလမ္းေတြကေတာ့…

ကေလးကို သင့္ေတာ္တဲ့ အဝတ္အစားေတြ ဝတ္ေပးပါ

ခ်ည္ထည္ေတြက ေႏြရာသီအတြက္ အသင့္ေတာ္ဆုံးျဖစ္ပါတယ္။ ခ်ည္သားမဟုတ္တဲ့ တျခားအထည္ေတြက အပူစုပ္ျပီး ကေလးအဖုိ႔ မသက္မသာျဖစ္ႏုိင္တဲ့အျပင္ မိတ္နဲ႔ အေရျပားေပၚ အဖုအပိမ့္ အနီကြက္ထမႈေတြ ျဖစ္ပြားေစႏုိင္ပါတယ္။

ေသးခံကို မၾကာမၾကာလွဲေပးပါ

ေသးခံကို ၃ နာရီတစ္ၾကိမ္ လဲွေပးသင့္ပါတယ္။ ေႏြရာသီအတြင္း စုိထုိင္းမႈနဲ႔ ေခြ်းျပန္မႈတုိ႔ ပုဂၢလိကေနရာေတြမွာ ျဖစ္တတ္တာေၾကာင့္ အနီကြက္ အဖုအပိမ့္ေတြ မျဖစ္ေအာင္ ပုိ၍ သတိထားပါ။ ေသးခံမ၀တ္ေပးခင္ သုိ႔မဟုတ္ အညစ္အေၾကး သန္႔စင္ျပီးေနာက္ ေသခ်ာေဆးေၾကာသန္႔စင္ျပီး ေျခာက္ေအာင္ သုတ္ပါ။

ေရဓာတ္ ထိန္းသိမ္းေပးပါ

ေႏြရာသီအတြင္း ကေလးေတြၾကား ေရဓာတ္ခန္းေျခာက္မႈက အျဖစ္မ်ားဆုံး ျပသနာတစ္ခု ျဖစ္ပါတယ္။ ႏုိ႔တုိက္ျခင္းတုိ႔က ကေလးကို ေရဓာတ္လုံေလာက္စြာ ရရိွေအာင္ ထိန္းသိမ္းေပးပါလိမ့္မယ္။ တကယ္လုိ႔ ကေလးႏုိ႔ျပတ္သြားျပီဆုိရင္ ေႏြရာသီအခ်ိန္ဟာ ခံတြင္းပ်က္ခ်ိန္ဆုိတာ သတိခ်ပ္ပါ။ သစ္သီးေဖ်ာ္ရည္၊ ႏုိ႔ေထာပတ္ သုိ႔မဟုတ္ မစ္ရွိတ္စတဲ့ အရည္ေတြပို ျဖည့္တင္းေပးပါ။ မေအးလြန္း အေနေတာ္ျဖစ္ေအာင္ စီစဥ္ေပးပါ။

ပုံမွန္ေရခ်ဳိးေပးပါ

ေဆာင္းတြင္းနဲ႔မတူဘဲ ေႏြရာသီဟာ ကေလးကို ေရမခ်ဳိးေပးလုိ႔ လံုး၀ မျဖစ္တဲ့အခ်ိန္ျဖစ္ပါတယ္။ ကေလးကို ေန႔တုိင္းေရခ်ဳိးေပးပါ။

မနက္ခင္း အျပင္ထြက္တာ ေရွာင္ပါ

မနက္ ၁၀ နာရီနဲ႔ ညေန ၅နာရီၾကား ကေလးနဲ႔ေနပူထဲထြက္တာ ေရွာင္ၾကဥ္ပါ။ ေနဝင္ျပီး ညေနခင္းအခ်ိန္မွ ကေလးနဲ႔လမ္းေလွ်ာက္ထြက္ပါ။ ေႏြရာသီအတြင္း ကစားခ်ိန္က အေရးၾကီးတဲ့ အခ်က္တစ္ခု ျဖစ္ပါတယ္။ ေနာက္ျပီး ဒီေႏြရာသီအခ်ိန္ဟာ တကယ္လုိ႔ သင့္ကေလး အသက္ ၂ႏွစ္နဲ႔အထက္ရိွပါက ေရနဲ႔ေဆာ့ကစားဖုိ႔ တုိက္တြန္းရမယ့္ အခ်ိန္ေကာင္းပဲ ျဖစ္ပါတယ္။

ေလဝင္ေလထြက္ေကာင္းမြန္မႈနဲ႔ ပတ္ဝန္းက်င္သန္႔ရွင္းမႈ

ျပတင္းေပါက္ေတြ ဖြင့္ထားျပီး မိမိအိမ္ကို ေလဝင္ေလထြက္ေကာင္းေအာင္ ျပဳလုပ္ပါ။ ျပီးေတာ့ မိမိပတ္ဝန္းက်င္ေတြ သန္႔ရွင္းေအာင္ထားျပီး ေရအပုပ္အနံ႔ေတြ ကင္းရွင္းေအာင္ထားပါ။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နွေရာသီရဲ့ ပြင်းတဲ့အပူချိန်ကြောင့်၊ မိတ်၊ အရေးပြားပေါ် အဖုအပိမ့် အနီကွက်တို့နဲ့ တခြားပြသနာတွေ ဖြစ်တတ်ပါတယ်။ ဒီပူအိုက်တဲ့ရာသီမှာ မိခင်တွေ မိမိကလေးငယ်ကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ရမလဲဆိုတာလည်း ခေါင်းခြောက်စရာပါ။ ကလေးငယ်တွေအတွက် ဒီပူအိုက်တဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ဆိုတာ သိပ်တော့မလွယ်ပါဘူး။ နွေရာသီအတွင်း မိမိကလေးငယ် အသက်ရှူချောင်ပြီး အေးမြမှုရှိအောင် လုပ်နိုင်တဲ့အချက်တွေ ရှိပါတယ်။ ပူပြင်းမှုဒဏ်ကို အလွယ်အကူ ကျော်လွှားအောင်နိုင်ဖို့ နည်းလမ်းတွေကတော့…

ကလေးကို သင့်တော်တဲ့ အဝတ်အစားတွေ ဝတ်ပေးပါ

ချည်ထည်တွေက နွေရာသီအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ချည်သားမဟုတ်တဲ့ တခြားအထည်တွေက အပူစုပ်ပြီး ကလေးအဖို့ မသက်မသာဖြစ်နိုင်တဲ့အပြင် မိတ်နဲ့ အရေပြားပေါ် အဖုအပိမ့် အနီကွက်ထမှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။

သေးခံကို မကြာမကြာလှဲပေးပါ

သေးခံကို ၃ နာရီတစ်ကြိမ် လဲှပေးသင့်ပါတယ်။ နွေရာသီအတွင်း စိုထိုင်းမှုနဲ့ ချွေးပြန်မှုတို့ ပုဂ္ဂလိကနေရာတွေမှာ ဖြစ်တတ်တာကြောင့် အနီကွက် အဖုအပိမ့်တွေ မဖြစ်အောင် ပို၍ သတိထားပါ။ သေးခံမဝတ်ပေးခင် သို့မဟုတ် အညစ်အကြေး သန့်စင်ပြီးနောက် သေချာဆေးကြောသန့်စင်ပြီး ခြောက်အောင် သုတ်ပါ။

ရေဓာတ် ထိန်းသိမ်းပေးပါ

နွေရာသီအတွင်း ကလေးတွေကြား ရေဓာတ်ခန်းခြောက်မှုက အဖြစ်များဆုံး ပြသနာတစ်ခု ဖြစ်ပါတယ်။ နို့တိုက်ခြင်းတို့က ကလေးကို ရေဓာတ်လုံလောက်စွာ ရရှိအောင် ထိန်းသိမ်းပေးပါလိမ့်မယ်။ တကယ်လို့ ကလေးနို့ပြတ်သွားပြီဆိုရင် နွေရာသီအချိန်ဟာ ခံတွင်းပျက်ချိန်ဆိုတာ သတိချပ်ပါ။ သစ်သီးဖျော်ရည်၊ နို့ထောပတ် သို့မဟုတ် မစ်ရှိတ်စတဲ့ အရည်တွေပို ဖြည့်တင်းပေးပါ။ မအေးလွန်း အနေတော်ဖြစ်အောင် စီစဉ်ပေးပါ။

ပုံမှန်ရေချိုးပေးပါ

ဆောင်းတွင်းနဲ့မတူဘဲ နွေရာသီဟာ ကလေးကို ရေမချိုးပေးလို့ လုံး၀ မဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ ကလေးကို နေ့တိုင်းရေချိုးပေးပါ။

မနက်ခင်း အပြင်ထွက်တာ ရှောင်ပါ

မနက် ၁၀ နာရီနဲ့ ညနေ ၅နာရီကြား ကလေးနဲ့နေပူထဲထွက်တာ ရှောင်ကြဉ်ပါ။ နေဝင်ပြီး ညနေခင်းအချိန်မှ ကလေးနဲ့လမ်းလျှောက်ထွက်ပါ။ နွေရာသီအတွင်း ကစားချိန်က အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ဒီနွေရာသီအချိန်ဟာ တကယ်လို့ သင့်ကလေး အသက် ၂နှစ်နဲ့အထက်ရှိပါက ရေနဲ့ဆော့ကစားဖို့ တိုက်တွန်းရမယ့် အချိန်ကောင်းပဲ ဖြစ်ပါတယ်။

လေဝင်လေထွက်ကောင်းမွန်မှုနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု

ပြတင်းပေါက်တွေ ဖွင့်ထားပြီး မိမိအိမ်ကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။ ပြီးတော့ မိမိပတ်ဝန်းကျင်တွေ သန့်ရှင်းအောင်ထားပြီး ရေအပုပ်အနံ့တွေ ကင်းရှင်းအောင်ထားပါ။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top