iMyanmarHouse.com - Best Property Website for Myanmar
×

အချိန်ပြည့်ထိုင်လုပ်ရတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ကိုယ်ကာယလှုပ်ရှားမှုကင်းမဲ့ခြင်းတို့က စိုးရိမ်ရတဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်ပွားစေပါတယ်။ ဒါပေမယ့် နေ့တိုင်း အနည်းဆုံး ၁၅မိနစ် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တာလောက်တော့ လူတိုင်း လုပ်နိုင်ကြပါတယ်။  မိမိကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် အံ့မခန်းဖွယ်အကျိုးသက်ရောက်မှု ရရှိစေမယ့်အရာ လမ်းလျှောက်ခြင်းလို့ အကြံပြုထားပါတယ်။ သင့်ကျန်းမာရေးတစ်ခုလုံး အထောက်အကူဖြစ်စေဖို့ နေ့တိုင်း အချိန် ၁၅ မိနစ်သာ လိုအပ်ပါတယ်။

University Hospital of Saint-Etiene ၊ University Hospital of Dijon ၊ University of Lyon Regional Center for Cancer Prevention နဲ့ Jean Monnet University in France က သုတေသီတွေအားလုံး ဒီကိုယ်ကာယလေ့ကျင့်ခန်းရဲ့ ထိရောက်မှုကို အတည်ပြုကြပါတယ်။ ယင်းလေ့လာမှုမှာ အသက် ၆၀ ထက်မနည်းတဲ့ စမ်းသပ်ခံသူတွေ ပါဝင်ပါတယ်။ သူတို့တွေ နေ့တိုင်း ၁၅ မိနစ်ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခဲ့ရပြီး လေ့ကျင့်ခန်း လုံးဝမလုပ်သူတွေနဲ့ နှိုင်းယှဉ်ရာမှာ သေဆုံးနိုင်ခြေ ၂၂% လျှော့နည်းကြပါတယ်။

တစ်နေ့ ၁၅ မိနစ်လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲမှာ…

၁။ ဆီးချိုရောဂါ ကာကွယ်ပေးခြင်း

၂။ ကိုယ်အလေးလျှော့ကျခြင်း

၃။ ဗီတာမင်-ဒီ ပမာဏ တိုးမြှင့်ပေးခြင်း

၎။ နာကျင်ကိုက်ခဲမှု သက်သာစေခြင်း

၅။ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ ကာကွယ်ပေးခြင်း

၆။ နှလုံးကြမ်းမာရေး အထောက်အကူပြုခြင်းနဲ့

၇။ စိတ်ခံစားချက် ပိုမိုကောင်းမွန်စေခြင်းတို့ ပါဝင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top