iMyanmarHouse.com - Best Property Website for Myanmar
×

တရားထိုင္တယ္ဆိုတာကို စိတ္တည္ၿငိမ္မႈ ရရွိေအာင္ ႐ႈမွတ္ျခင္း လို႔လည္း ဆိုနိုင္ပါတယ္။ ဘာသာေရးအတြက္ ျဖစ္ေစ၊ က်န္းမာေရးအတြက္ျဖစ္ေစ အလြန္ေကာင္းမြန္တဲ့ စိတ္ေလ့က်င့္ခန္းတစ္မ်ိဳး ျဖစ္ပါတယ္။ ပုံမွန္ ေန႔စဥ္ တစ္ေန႔ကို နာရီဝက္ေလာက္ တရားထိုင္ျခင္းအားျဖင့္ ရရွိနိုင္မယ့္ အက်ိဳးေက်းဇူးေတြက မနည္းလွပါဘူး။

တရားထိုင္တဲ့အခ်ိန္မွာ စိတ္ထဲမွာ ဘာမွမေတြးမိေအာင္ ထားရတဲ့အတြက္ စိတ္ပိုင္းဆိုင္ရာသာမက ႐ုပ္ပိုင္းဆိုင္ရာအတြက္ကိုပါ အမ်ားႀကီး အေထာက္အကူ ျပဳပါတယ္။ ျပင္းထန္တဲ့ ႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာ ေရာဂါေဝဒနာေတြအတြက္လည္း တရားထိုင္ျခင္းဟာ ကုသနည္း တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ တရားထိုင္နည္းေတြ အမ်ားႀကီးရွိပါတယ္။ ကိုယ္အားသန္ရာ နည္းလမ္းကို သုံးၾကည့္နိုင္ပါတယ္။

(၁) စိတ္ဖိစီးျခင္းက ေသြးဖိအားကို တိုးေစၿပီး စိတ္ဓာတ္ကိုပါ လဲၿပိဳက်ေစတဲ့ အေျခအေနအထိ ျဖစ္ေစနိုင္ပါတယ္။ တရားထိုင္တဲ့ အခ်ိန္အခါမွာ စိတ္က ဝင္ေလ ထြက္ေလကို အာ႐ုံစိုက္ေနတာ၊ ဒါမွမဟုတ္ တျခားတစ္ခုခုကို အာ႐ုံစိုက္ေနတာမ်ိဳး ျဖစ္ေပၚေနၿပီး တည္ၿငိမ္ေနပါတယ္။ စိတ္ တည္ၿငိမ္ေနတဲ့အတြက္ အသက္ရွဴႏႈန္းကို မွန္ေစၿပီး စိတ္ဖိစီးမႈေတြကို ေလ်ာ့က်သြားေစနိုင္ပါတယ္။

(၂) ႂကြက္သားေတာင့္တင္းမႈေတြကိုလည္း ေျဖေလ်ာ့ေပးတယ္။ ဝင္ေလထြက္ေလကို အာ႐ုံစိုက္ထားျခင္းအားျဖင့္ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို သက္ေတာင့္သက္သာရွိေနေစပါတယ္။ အေၾကာအျခင္ေတြ ေတာင့္တင္းမႈ၊ ၾကြက္သားနာက်င္ကိုက္ခဲမႈေတြကိုပါ သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

(၃) တရားထိုင္ျခင္းေၾကာင့္ မေကာင္းတဲ့ အေတြး၊ အဆိုးျမင္တဲ့ အေတြးေတြကို ပယ္ေဖ်ာက္သြားေစပါတယ္။ ဒါေၾကာင့္ စိုးရိမ္ပူပန္မွုေတြကိုလည္း ေလ်ာ့သြားေစပါတယ္။ ျပႆနာေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔ အာ႐ုံစိုက္ေျဖရွင္းလာနိုင္ပါတယ္။ တီထြင္ဖန္တီးနိုင္စြမ္းလည္း တိုးလာတဲ့ အျပင္ မွတ္ဥာဏ္ကလည္း ပုံမွန္ထက္ ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စာက်က္မယ္ဆို (၁၀) မိနစ္ေလာက္ စိတ္ၿငိမ္ၿငိမ္ထားၿပီး တရားထိုင္ၾကည့္ပါ။ သိသိသာသာ အက်ိဳးရွိတာ ေတြ႕ရပါမယ္။

(၄) တရားထိုင္ျခင္းက ေသြးဖိအားကို ပုံမွန္အေနအထား အတိုင္း ထိန္းညႇိေပးတဲ့ အတြက္ က်န္းမာေရးေကာင္းမြန္ေစၿပီး ေလျဖတ္ျခင္းနဲ႔ ႏွလုံးေရာဂါေတြကို ကာကြယ္ေပးတယ္။ အယ္လ္ဇိုင္းမားေရာဂါကိုေတာင္ ကာကြယ္ေပးနိုင္ပါတယ္။


Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တရားထိုင်တယ်ဆိုတာကို စိတ်တည်ငြိမ်မှု ရရှိအောင် ရှုမှတ်ခြင်း လို့လည်း ဆိုနိုင်ပါတယ်။ ဘာသာရေးအတွက် ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ အလွန်ကောင်းမွန်တဲ့ စိတ်လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန် နေ့စဉ် တစ်နေ့ကို နာရီဝက်လောက် တရားထိုင်ခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေက မနည်းလှပါဘူး။

တရားထိုင်တဲ့အချိန်မှာ စိတ်ထဲမှာ ဘာမှမတွေးမိအောင် ထားရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာအတွက်ကိုပါ အများကြီး အထောက်အကူ ပြုပါတယ်။ ပြင်းထန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာတွေအတွက်လည်း တရားထိုင်ခြင်းဟာ ကုသနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။ တရားထိုင်နည်းတွေ အများကြီးရှိပါတယ်။ ကိုယ်အားသန်ရာ နည်းလမ်းကို သုံးကြည့်နိုင်ပါတယ်။

(၁) စိတ်ဖိစီးခြင်းက သွေးဖိအားကို တိုးစေပြီး စိတ်ဓာတ်ကိုပါ လဲပြိုကျစေတဲ့ အခြေအနေအထိ ဖြစ်စေနိုင်ပါတယ်။ တရားထိုင်တဲ့ အချိန်အခါမှာ စိတ်က ဝင်လေ ထွက်လေကို အာရုံစိုက်နေတာ၊ ဒါမှမဟုတ် တခြားတစ်ခုခုကို အာရုံစိုက်နေတာမျိုး ဖြစ်ပေါ်နေပြီး တည်ငြိမ်နေပါတယ်။ စိတ် တည်ငြိမ်နေတဲ့အတွက် အသက်ရှူနှုန်းကို မှန်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျသွားစေနိုင်ပါတယ်။

(၂) ကြွက်သားတောင့်တင်းမှုတွေကိုလည်း ဖြေလျော့ပေးတယ်။ ဝင်လေထွက်လေကို အာရုံစိုက်ထားခြင်းအားဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သက်တောင့်သက်သာရှိနေစေပါတယ်။ အကြောအခြင်တွေ တောင့်တင်းမှု၊ ကြွက်သားနာကျင်ကိုက်ခဲမှုတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၃) တရားထိုင်ခြင်းကြောင့် မကောင်းတဲ့ အတွေး၊ အဆိုးမြင်တဲ့ အတွေးတွေကို ပယ်ဖျောက်သွားစေပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့သွားစေပါတယ်။ ပြဿနာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ဖြေရှင်းလာနိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း တိုးလာတဲ့ အပြင် မှတ်ဉာဏ်ကလည်း ပုံမှန်ထက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာကျက်မယ်ဆို (၁၀) မိနစ်လောက် စိတ်ငြိမ်ငြိမ်ထားပြီး တရားထိုင်ကြည့်ပါ။ သိသိသာသာ အကျိုးရှိတာ တွေ့ရပါမယ်။

(၄) တရားထိုင်ခြင်းက သွေးဖိအားကို ပုံမှန်အနေအထား အတိုင်း ထိန်းညှိပေးတဲ့ အတွက် ကျန်းမာရေးကောင်းမွန်စေပြီး လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးတယ်။ အယ်လ်ဇိုင်းမားရောဂါကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။


Credit : Duwun



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top