iMyanmarHouse.com - Best Property Website for Myanmar
×

 ႏွင္းခူျဖစ္ေနသလား

ႏွင္းခူေၾကာင့္ နီျမန္းယားယံတဲ့ အေရျပားကုိ သက္သာခ်င္ပါသလား။ ေဆာ္ဒါမႈန္႔ ခြက္တစ္၀က္စာကုိ ၾကက္ သီးေႏြးေရတစ္ခြက္ထဲထည့္ၿပီး ႏွင္းခူျဖစ္တဲ့အေရျပားေနရာကုိ ၁၅ မိနစ္ခန္႔ စိမ္ထားလိုက္ပါ။ ခ်က္ခ်င္း သက္သာသြားပါလိမ့္မယ္။

အေရျပား ၾကြပ္တက္ေနပါသလား

တင္ပါး၊ ေပါင္နဲ႔ လက္ေမာင္းေပၚမွာ ၾကမ္းတမ္းမာေက်ာတဲ့ ၾကြပ္တက္တာက ေသးငယ္တဲ့ ၀က္ျခံဖုေတြနဲ႔ တူပါတယ္။ ဒါက ဆံခ်ည္မွ်င္အိတ္အနီး အေရျပားဆဲလ္ေသေတြ စုေဆာင္းေနသလိုထင္ရပါတယ္။ ဒါဆိုရင္ ပံုမွန္ ေၾကးခြ်တ္သန္႔စင္တဲ့နည္းနဲ႔ အေရျပားကုိ ပြတ္တိုက္ေပးပါ။ သက္သာသြားပါလိမ့္မယ္။

ဆိုးရီးေယးစစ္ ေရာဂါေၾကာင္ ့အေရျပားယားယံေနပါသလား

ဆိုးရီးေယးစစ္ေရာဂါေၾကာင့္ ယားယံနာက်င္မႈ ခံစားေနရရင္ သက္သာေစဖို႔ သံလြင္ဆီကုိ လိမ္းေပးပါ။

အသားပုိရွိေနသလား

သင့္ခႏၶာကုိယ္မွာ ေသးငယ္ၿပီး ေဖာင္းေနတဲ့ အက်ိတ္တစ္ခုျဖစ္ေပၚလာရင္ ဒါအသားပုိျဖစ္ေနတာ၊ ျဖစ္
ေကာင္းျဖစ္ႏုိင္ပါတယ္။ အသားပုိက မ်ဳိးရိုးလိုက္တတ္ၿပီးခ်ဳိင္းၾကား၊ လည္ပင္းစတဲ့ ပြတ္တိုက္မႈမ်ားတဲ့ေနရာေတြမွာ ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ အ၀လြန္တဲ့သူေတြမွာ အျဖစ္မ်ားပါတယ္။ အသားပုိမွာအမွ်င္ဓာတ္၊ နာ့ဗ္ေၾကာနဲ႔အဆီတို႔ပါ၀င္ၿပီး ငါးစင္တီမီတာခန္႔ ၾကီးထြားလာတတ္ပါတယ္။ အသားပုိေပၚကုိ အက္စစ္အေျခ ခံတဲ့ ၾကြက္ႏုိ႔သတ္ေဆးနဲ႔ လိမ္းၿပီးဖယ္ရွားလို႔ ရပါတယ္။ ဆရာ၀န္က အသားပုိကုိျဖတ္ေတာက္ ဖယ္ရွားေပး ပါလိမ့္မယ္။ အသားပုိဖယ္တာက စကၠန္႔အနည္းငယ္ပဲ ၾကာၿပီး ႏွစ္ရက္အတြင္း ေကာင္းေကာင္း အနာက်က္ သြားပါလိမ့္မယ္။


လက္သည္း၀ါေနသလား


လက္သည္းေတြက မလွမပ၀ါေနရင္ ဗီတာမင္အီး ၁၀၀၀ မီလီဂရမ္နဲ႔ ဇင့္ ၅၀ မီလီဂရမ္တို႔ကုိ ေန႔စဥ္မွီ၀ဲေပး ပါ။ လက္သည္း ျဖဴစင္ၿပီး က်န္းမာသန္စြမ္းေစပါတယ္။


ေျခစြယ္ငုပ္ၿပီး ေရာင္ရမ္းနာက်င္ေနသလား

ေျခာေခ်ာင္းတစ္ေခ်ာင္းေထာင့္ေနရာ ဒါမွမဟုတ္ ေဘးဘက္မွာ ေျခစြယ္ငုပ္ၿပီး နာက်င္တာ၊ နီးျမန္းတာ၊
ေရာင္ရမ္းတာနဲ႔ ပုိး၀င္တာေတြ ျဖစ္တဲ့ ျပႆနာ ျဖစ္ပါတယ္။ ေျခစြယ္ငုပ္ရတဲ့ အေၾကာင္းရင္းေတြက ေျခ သည္း ဖိမိေစတဲ့ ရွဴးဖိနပ္စီးတာ၊ ေျခသည္းညွပ္တဲ့ ပံုမမွန္တာ၊ ထိခိုက္ဒဏ္ရာရတာ၊ ေျခသည္းကပုံမွန္ မ ဟုတ္ဘဲ ေကြးေနတာတို႔ပဲ ျဖစ္ပါတယ္။ ေျခစြယ္ငုပ္တာကုိ မကုဘဲထားရင္ ေအာက္က အရိုးအထိပုိး၀င္ၿပီး အရိုးထဲ ဆုိးဆိုးရြားရြားပုိး၀င္ေစႏုိင္ပါတယ္။ အေျခစြယ္ငုပ္တဲ့ ေ၀ဒနာကုိကာကြယ္ႏုိင္ဖို႔ ရွဴးဖိနပ္ကုိ အံ၀င္ ခြင္က်ရွိတဲ့ အမ်ဳိးအစားေရြးခ်ယ္၀တ္ဆင္တာ၊ ေျခသည္းေတြကုိ ေျဖာင့္ေျဖာင့္လီွးျဖတ္တာနဲ႔ ေျခသည္းကုိ တုိလြန္းေအာင္ မညွပ္တာတို႔ လိုက္နာပါ။ ဆားခါးထည့္ထားတဲ့ ၾကက္သီးေႏြးေရထဲ ေျခေထာက္စိမ္ၿပီးေျခ သည္းေနရာ တစ္၀ုိက္ကုိ သန္႔စင္ေအာင္နဲ႔ ဘက္တီးရီးယားပုိးကင္းေအာင္ ျပဳလုပ္ပါ။ ၿပီးရင္ေျခသည္းေတြ ကုိ ေသခ်ာ လွီးျဖတ္ေပးရပါမယ္။

Credit:ဇြန္
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


 နှင်းခူဖြစ်နေသလား

နှင်းခူကြောင့် နီမြန်းယားယံတဲ့ အရေပြားကို သက်သာချင်ပါသလား။ ဆော်ဒါမှုန့် ခွက်တစ်ဝက်စာကို ကြက် သီးနွေးရေတစ်ခွက်ထဲထည့်ပြီး နှင်းခူဖြစ်တဲ့အရေပြားနေရာကို ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ချက်ချင်း သက်သာသွားပါလိမ့်မယ်။

အရေပြား ကြွပ်တက်နေပါသလား

တင်ပါး၊ ပေါင်နဲ့ လက်မောင်းပေါ်မှာ ကြမ်းတမ်းမာကျောတဲ့ ကြွပ်တက်တာက သေးငယ်တဲ့ ဝက်ခြံဖုတွေနဲ့ တူပါတယ်။ ဒါက ဆံချည်မျှင်အိတ်အနီး အရေပြားဆဲလ်သေတွေ စုဆောင်းနေသလိုထင်ရပါတယ်။ ဒါဆိုရင် ပုံမှန် ကြေးချွတ်သန့်စင်တဲ့နည်းနဲ့ အရေပြားကို ပွတ်တိုက်ပေးပါ။ သက်သာသွားပါလိမ့်မယ်။

ဆိုးရီးယေးစစ် ရောဂါကြောင့်အရေပြားယားယံနေပါသလား

ဆိုးရီးယေးစစ်ရောဂါကြောင့် ယားယံနာကျင်မှု ခံစားနေရရင် သက်သာစေဖို့ သံလွင်ဆီကို လိမ်းပေးပါ။

အသားပိုရှိနေသလား

သင့်ခန္ဓာကိုယ်မှာ သေးငယ်ပြီး ဖောင်းနေတဲ့ အကျိတ်တစ်ခုဖြစ်ပေါ်လာရင် ဒါအသားပိုဖြစ်နေတာ၊ ဖြစ်
ကောင်းဖြစ်နိုင်ပါတယ်။ အသားပိုက မျိုးရိုးလိုက်တတ်ပြီးချိုင်းကြား၊ လည်ပင်းစတဲ့ ပွတ်တိုက်မှုများတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အသားပိုမှာအမျှင်ဓာတ်၊ နာ့ဗ်ကြောနဲ့အဆီတို့ပါဝင်ပြီး ငါးစင်တီမီတာခန့် ကြီးထွားလာတတ်ပါတယ်။ အသားပိုပေါ်ကို အက်စစ်အခြေ ခံတဲ့ ကြွက်နို့သတ်ဆေးနဲ့ လိမ်းပြီးဖယ်ရှားလို့ ရပါတယ်။ ဆရာဝန်က အသားပိုကိုဖြတ်တောက် ဖယ်ရှားပေး ပါလိမ့်မယ်။ အသားပိုဖယ်တာက စက္ကန့်အနည်းငယ်ပဲ ကြာပြီး နှစ်ရက်အတွင်း ကောင်းကောင်း အနာကျက် သွားပါလိမ့်မယ်။


လက်သည်းဝါနေသလား

လက်သည်းတွေက မလှမပဝါနေရင် ဗီတာမင်အီး ၁၀၀၀ မီလီဂရမ်နဲ့ ဇင့် ၅၀ မီလီဂရမ်တို့ကို နေ့စဉ်မှီဝဲပေး ပါ။ လက်သည်း ဖြူစင်ပြီး ကျန်းမာသန်စွမ်းစေပါတယ်။


ခြေစွယ်ငုပ်ပြီး ရောင်ရမ်းနာကျင်နေသလား

ခြောချောင်းတစ်ချောင်းထောင့်နေရာ ဒါမှမဟုတ် ဘေးဘက်မှာ ခြေစွယ်ငုပ်ပြီး နာကျင်တာ၊ နီးမြန်းတာ၊
ရောင်ရမ်းတာနဲ့ ပိုးဝင်တာတွေ ဖြစ်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ခြေစွယ်ငုပ်ရတဲ့ အကြောင်းရင်းတွေက ခြေ သည်း ဖိမိစေတဲ့ ရှူးဖိနပ်စီးတာ၊ ခြေသည်းညှပ်တဲ့ ပုံမမှန်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ ခြေသည်းကပုံမှန် မ ဟုတ်ဘဲ ကွေးနေတာတို့ပဲ ဖြစ်ပါတယ်။ ခြေစွယ်ငုပ်တာကို မကုဘဲထားရင် အောက်က အရိုးအထိပိုးဝင်ပြီး အရိုးထဲ ဆိုးဆိုးရွားရွားပိုးဝင်စေနိုင်ပါတယ်။ အခြေစွယ်ငုပ်တဲ့ ဝေဒနာကိုကာကွယ်နိုင်ဖို့ ရှူးဖိနပ်ကို အံဝင် ခွင်ကျရှိတဲ့ အမျိုးအစားရွေးချယ်ဝတ်ဆင်တာ၊ ခြေသည်းတွေကို ဖြောင့်ဖြောင့်လှီးဖြတ်တာနဲ့ ခြေသည်းကို တိုလွန်းအောင် မညှပ်တာတို့ လိုက်နာပါ။ ဆားခါးထည့်ထားတဲ့ ကြက်သီးနွေးရေထဲ ခြေထောက်စိမ်ပြီးခြေ သည်းနေရာ တစ်ဝိုက်ကို သန့်စင်အောင်နဲ့ ဘက်တီးရီးယားပိုးကင်းအောင် ပြုလုပ်ပါ။ ပြီးရင်ခြေသည်းတွေ ကို သေချာ လှီးဖြတ်ပေးရပါမယ်။

Credit:ဇွန်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top