iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္ခ်စ္တဲ့ သူဆံုးရံႈးသြားတာေၾကာင့္ ခ်စ္တဲ့သူနဲ႔ ေသကြဲကြဲရေသာအခါမ်ဳိးနဲ႔ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ခ်စ္တဲ့သူနဲ႔ ရွင္ကြဲကြဲရတဲ့အခါမ်ဳိးေတြမွာ ကၽြန္မတို႔ ပုထုစဥ္လူသားေတြ အေနနဲ႔ ၀မ္းနည္းေၾကကြဲမႈကုိ ခံစား ရတတ္တာ ဓမၼတာပါ။ တခ်ဳိ႕လူေတြကေတာ့ ပူေဆြးမႈကို ၀မ္းနည္းေၾကကြဲၿပီး ခံစားတတ္ၾကေပမယ့္ အခ်ိန္ ကာလရဲ႕ကုစားမႈေၾကာင့္ အခ်ိန္အတိုင္းအတာတစ္ခု အတြင္းမွာ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားတတ္ၾကပါ တယ္။

ကံမေကာင္းစြာပဲ လူတုိင္ေးတာ့ ဒီလိုမျဖစ္တတ္ပါဘူး။ တခ်ဳိ႕လူေတြကေတာ့ ပံုမွန္ ၀မ္းနည္းေၾကကြဲ မႈေသာကကုိပဲ အျပစ္ရွိသလိုထင္ျမင္ယူဆေနျခင္း၊ ေဒါသျဖစ္ျခင္းနဲ႔ တုန္လႈပ္ေျခာက္ျခားျခင္း စတာေတြကုိ ပါေရာျပြမ္းခံစားၾကရတတ္ပါတယ္။ တစ္ခါတစ္ရံမွာ ျဖစ္သင့္ျဖစ္ထုိက္တဲ့ ၀မ္းနည္းပူေဆြးမႈကေတာင္
ေနာက္ဆက္တြဲ ျပႆနာေတြနဲ႔ နာက်င္ေၾကကြဲကာ ခံရခက္တဲ့ ေ၀ဒနာေတြကို ခံစားရေစႏုိင္တာေၾကာင့္
ျပင္းျပင္းထန္ထန္ပူေဆြးေသာက ေရာက္ေနတဲ့သူေတြအဖို႔ စိုးရိမ္ရတဲ့ ေနာက္ဆက္တြဲ အေျခအေနေတြကုိ
ျဖစ္ေစႏုိင္ပါတယ္။

ခ်စ္ေသာသူႏွင့္ ေကြကြင္းရခ်ိန္မွာ ျဖစ္တတ္ေသာ ေ၀ဒနာမ်ား
ခ်စ္တဲ့သူနဲ႔ ေကြကြင္းရၿပီးခ်ိန္မွာ ခံစားရတတ္တဲ့ ေ၀ဒနာေတြဟာ ေဆးကုသမႈလို အပ္သလား၊ မလိုအပ္ဘူး လားဆိုတာကုိ စိတ္က်န္းမာေရးဆရာ၀န္ေတြအေနနဲ႔ ေလ့လာခြဲျခမ္းစိတ္ျဖစ္ေနဆဲပါပဲ။ ခ်စ္တဲ့သူတစ္ဦးကုိ ဆံုးရႈံးရၿပီးတဲ့ ပထမလအနည္းငယ္အတြင္းမွာ ပူေဆြးေသာကေရာက္ရတဲ့ ေ၀ဒနာေတြ ခံစားရတာက ပံုမွန္ ပါပဲ။ ဒါေပမယ့္ ေမ့ေပ်ာက္သင့္တဲ့အခ်ိန္ကာလ ေက်ာ္လြန္တဲ့အထိ ပူေဆြးေသာကခံစားေနရတာဟာ ပံုမွန္မဟုတ္ေတာ့ပါဘူး။ တခ်ဳိ႕လူေတြမွာ ပူေဆြးေသာကဟာ ေလ်ာ့ပါးသြားရမယ့္အစား ပုိတိုးလာတာ၊ ပုိျပင္းထန္တဲ့ ေနာက္ခံစားမႈ တစ္မ်ဳိးနဲ႔ဒြန္႔တြဲ ျဖစ္ေပၚလာတာ (ဥပမာ ေျပာရရင္ ပူေဆြး ေသာကနဲ႔တြဲၿပီး အသက္မရွင္ခ်င္ေတာ့ ေလာက္ေအာင္ စိတ္ဓာတ္က်လာတာမ်ဳိး) ေတြကုိ ခံစားလာရရင္ေတာ့ ဒါဟာ နာတာရွည္ စိတ္ေ၀ဒနာျဖစ္လာၿပီး ျဖစ္တဲ့အတြက္ လ်စ္လ်ဴရႈထားလုိ႔ေတာ့ မရေတာ့ပါဘူး။ ပူေဆြးေသာက
ေရာက္ေနေၾကာင္း သိသာထင္ရွားတဲ့ လကၡဏာေတြကေတာ့ -

    ခ်စ္တဲ့သူေသဆံုးရတဲ့အေၾကာင္းနဲ႔ ခ်စ္တဲ့သူထားရစ္ခဲ့တဲ့ အသံုးအေဆာင္ေတြကုိပဲ ကုိင္တြယ္ၾကည့္ ရႈေနတာမ်ဳိး၊
    ဆံုးရႈံးမႈကုိ ျပန္ရႏုိင္ဖို႔ ျပင္းျပင္းထန္ထန္ျပန္လည္ ေတာင့္တေနတာမ်ဳိး၊ ရင္ကြဲေနက်မတတ္ ငိုေၾကြးေနတာမ်ဳိး၊
     ေသဆံုးသြားတယ္ဆိုတာကုိ ဘယ္လိုမွလက္မခံႏုိင္တာမ်ဳိး၊
    တုန္ယင္ျခင္း ဒါမွမဟုတ္ ကတုန္ကယင္ ျဖစ္ေနတာမ်ဳိး၊
    ၀မ္းနည္းေၾကကြဲမႈကုိ ဘာနဲ႔မွ ျပန္အစားမထိုးႏုိင္တာမ်ဳိး၊
    ဆံုးရႈံးမႈကုိ ခါးသီးနာက်င္ေနတာမ်ဳိး၊
    ေပ်ာ္ေပ်ာ္ေနႏုိင္ဖို႔ မစြမ္းေဆာင္ႏုိင္တာမ်ဳိး၊
    စိတ္ဓာတ္က်ျခင္းနဲ႔ နက္နက္ရႈိင္းရိႈင္း ၀မ္းနည္းျခင္းတုိ႔ကုိ ခံစားေနရတာမ်ဳိး၊
    ပံုမွန္လုပ္ငန္းေဆာင္တာေတြကုိေတာင္ မလုပ္ေဆာင္ႏုိင္တာမ်ဳိး၊
    ဘ၀မွာ ေနသားတက်မျဖစ္ေတာ့တာမ်ဳိး၊ ေလလြင့္ေနတာမ်ဳိး၊
    လူမႈေရးေတြမွာ ပါ၀င္ေဆာင္ရြက္ျခင္း မရိွေတာ့တာမ်ဳိး၊
    ဘ၀မွာ ရပ္တည္ေနထုိင္ရတဲ့ အဓိပၸာယ္နဲ႔ ဦးတည္ခ်က္မရွိေတာ့တာမ်ဳိး၊
    စိတ္ကသိကေအာက္ျဖစ္ေနတာမ်ဳိး၊
    တျခားသူေတြအေပၚ မယံုၾကည္ေတာ့တာမ်ဳိး ... အစရိတဲ့ခံစားခ်က္ေတြကုိ ခံစားရတတ္ပါတယ္။

 ဆရာ၀န္ႏွင့္ တုိင္ပင္ေဆြးေႏြး သင့္သလား
ေစာေစာက ေျပာျပထားတဲ့ ေ၀ဒနာေတြကို ခံစားရတာေၾကာင့္ ဆရာ၀န္နဲ႔ ေဆြးေႏြးတုိင္ပင္ဖုိ႔ လိုအပ္ေန သလားဆိုတာကို ခံစားေနရသူရဲ႕ မိသားစု အသုိင္းအ၀ုိင္းေတြက သိဖို႔လိုအပ္ပါတယ္။ ခ်စ္တဲ့သူနဲ႔ ေသကြဲ ပဲကြဲ ကြဲ၊ ရွင္ကြဲပဲကြဲကြဲ... ၀မ္းနည္းပူေဆြးမႈကုိေတာ့ အနည္းနဲ႔ အမ်ားခံစားတတ္တာ သဘာ၀ပါ။ လူအမ်ား စုဟာ ပူေဆြးေသာကခံစားရခ်ိန္မွာ မိဘနဲ႔မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕ ေဖးမအားေပးမႈေတြေၾကာင့္ တျဖည္း
ျဖည္း ပံုမွန္ဘ၀ကုိ ေရာက္ရွိလာတတ္ပါတယ္။ ခ်စ္တဲ့သူနဲ႔ ေကြကြင္းရတဲ့ အခ်ိန္ကာလကၾကာၿပီဆိုရင္ ဒါမွ မဟုတ္ တျဖည္းျဖည္းေလ်ာ့သြားရမယ့္အစား ေ၀ဒနာ ပုိပုိတိုးလာရင္ေတာ့ ဆရာ၀န္နဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ လိုအပ္ပါတယ္။

    ခ်စ္တဲ့သူရဲ႕ ေသဆံုးမႈကုိပဲေတြးမိေနရင္
    ခ်စ္တဲ့သူေသဆံုးရာမွာ ၾကာရွည္ခံစားေနရရင္
    ကုိယ့္ကုိကုိယ္ အျပစ္တင္တဲ့အေတြးေတြ၀င္ေနရင္
    ဘ၀က ဘာမွအဓိပၸာယ္မရွိဘူးလို႔ေတြးမိေနရင္
    သင္ခ်စ္တဲ့သူနဲ႔အတူ လိုက္ေသဆံုးသင့္သလားဆိုတာကုိပါ ေတြးမိေနရင္... စိတ္က်န္းမာေရးဆရာ ၀န္နဲ႔ေတြ႔ဆံုေဆြးေႏြးသင့္ေနပါၿပီ။


ေနာက္ဆက္တြဲ ပူေဆြးေသာကခံစားေနရေသာ အေၾကာင္းရင္းမ်ား
 ခ်စ္တဲ့သူနဲ႔ ေကြကြင္းၿပီးခ်ိန္မွာ ေနာက္ဆက္တြဲပူေဆြးေသာက ခံစားေနရတဲ့အေၾကာင္းရင္းကုိ တိတိက်က် မသိၾကေသးပါဘူး။ လူတစ္ေယာက္ရဲ႕ မ်ဳိးရိုးဗီဇ၊ ပတ္၀န္းက်င္၊ ခႏၶာကုိယ္ရဲ႕ သဘာ၀ဓာတုျဖစ္စဥ္နဲ႔ ကိုယ္ ရည္ကုိယ္ေသြးတို႔အေပၚ ပူတည္ၿပီးခံစားရတဲ့ စိတ္က်န္းမာေရးျပႆနာေတြဟာ လူေတြမွာ ေျပာင္းလဲေန ပါတယ္။
အဆင့္(၁) - ဆံုးရႈံးသြားၿပီဆိုတာကုိ တကယ္လက္ခံလိုက္ျခင္း၊
အဆင့္(၂) - ဆံုးရႈံးတဲ့နာက်င္မႈကုိ ခံစားခြင့္ျပဳလုိက္ျခင္း၊
အဆင့္(၃) - ဆံုးရႈံးမႈကုိ ေမ့ေပ်ာက္ႏုိင္ဖို႔ လက္ေတြ႔အခိုက္အတန္႔နဲ႔ ညိွႏႈိင္းျခင္း၊
အဆင့္(၄) - တျခားဆက္ဆံေရးေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္ျခင္း၊
အဆင့္(၅) - ပံုမွန္အတုိင္းျဖစ္ေအာင္ေနထိုင္ၿပီး တိုက္ဆုိင္မႈရွိမွသာ လြမ္းဆြတ္တတ္ျခင္း စတဲ့အခ်က္ေတြပဲ
ျဖစ္ၾကပါတယ္။

ပူေဆြးေသာကေၾကာင့္ျဖစ္တတ္ေသာ ေနာက္ဆက္တြဲ အႏၱရာယ္မ်ား
ခ်စ္တဲ့သူနဲ႔ ေကြကြင္းရၿပီးတဲ့အခ်ိန္မွာ ပူေဆြးေသာကေရာက္ရတဲ့အျပင္ ျဖစ္တတ္တဲ့ ေနာက္ဆက္တြဲ
ျပႆနာေတြကေတာ့ -

    မေမွ်ာ္လင့္ဘဲ ရုတ္တရက္ ေသဆံုးရျခင္း၊
    ခ်စ္တဲ့သူက ကုိယ့္ကုိကုိယ္သတ္ေသျခင္းေၾကာင့္ ကုိယ္ပါၾကံစည္ခ်င္စိတ္ေပၚျခင္း၊
    အားေပးကူညီမယ့္ မိတ္ေဆြ အေပါင္းအသင္းမရွိျခင္း၊
    ကေလးဘ၀တုန္းက လ်စ္လ်ဴရႈခံရတာ၊ ပစ္ပယ္ခံရတာ စတဲ့နာက်င္ဖြယ္ရာ အတိတ္ဆိုးရွိျခင္း၊
    ကေလးဘ၀က မိဘာေတြကြဲသြားတာနဲ႔ စြန္႔ပစ္ခံရတာ စတဲ့အျဖစ္အပ်က္မ်ဳိး ၾကံဳဖူးျခင္း၊
    ဆံုးရႈံးသြားတဲ့သူအေပၚ မွီခိုအားထားေနရျခင္း၊
    ေသဆံုးမည္ကုိ ၾကိဳမေတြးထားမိဘဲ မေမွ်ာ္လင့္ဘဲ ၾကံဳေတြ႔လိုက္ရျခင္း၊
    ဘ၀အေျပာင္းအလဲအေပၚ လိုက္ေလ်ာညီေထြေနႏုိင္စြမ္း နည္းပါးျခင္းစတဲ့ အခ်က္ေတြကုိ ခံစားရ တတ္ပါတယ္။


အႏၱရာယ္ရွိေသာ အျပဳအမႈမ်ား
 ခ်စ္တဲ့သူနဲ႔ ေကြကြင္းရျခင္းေၾကာင့္ ခံစားရတတ္တဲ့ ပူေဆြးေသာကဟာ စိတ္ပုိင္း၊ ရုပ္ပိုင္းနဲ႔ လူမႈေရးပိုင္း
ေတြကုိ ထိခိုက္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ သင့္ေတာ္တဲ့ ကုသမႈကုိ မခံယူရင္ ေအာက္ပါျပႆနာေတြကို ခံစားရေစႏုိင္ပါတယ္။

    စိတ္က်ေရာဂါ၊
    ကုိယ့္ကုိကုိယ္သတ္ေသလိုတဲ့ အေတြးေပၚျခင္း၊
    ႏွလံုးေရာဂါ၊ ကင္ဆာေရာဂါနဲ႔ ေသြးတိုးေရာဂါေတြလို အႏၱရာယ္ရွိတဲ့ ေရာဂါေတြ ခံစားရႏုိင္ေျခ ျမင့္မားျခင္း၊
    စိတ္ဖိစီးမႈခံစားရျခင္း၊
    မူးယစ္ေဆး၀ါးစြဲျခင္း၊
    ေဆးလိပ္နဲ႔ အရက္စြဲျခင္း။

 ပူေဆြးေသာကေၾကာင့္ ေနာက္ဆက္တြဲေ၀ဒနာမရေအာင္ ကာကြယ္မႈ
ခ်စ္တဲ့သူနဲ႔ ေကြကြင္းၿပီးခ်ိန္မွာ ေနာက္ဆက္တြျပႆနာမခံစားရေအာင္ ပူေဆြးေသာကကုိ ဘယ္လိုထိန္း ခ်ဳပ္သင့္တယ္ဆိုတဲ့ တိက်တဲ့ အၾကံျပဳခ်က္ေတာ့မရွိေသးပါဘူး။ ၀မ္းနည္းပူေဆြးမႈကုိ စခံစားရတဲ့အခိုက္မွာ အၾကံဥာဏ္ေတာင္းခံတာ၊ စိတ္ပုိင္းဆုိင္ရာအၾကံေပးႏိုင္သူနဲ႔ ေတြ႔ဆံုေဆြးေႏြးတာေတြက ေကာင္းတဲ့နည္း လမ္းေတြပါပဲ။
မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ စုရံုးေနထိုင္တာက တစ္ေယာက္တည္းေနထိုင္တာထက္ ပုိမိုေကာင္း မြန္တဲ့နည္းလမ္းပါ။
ဘာသာတရားကုိင္းရႈိင္းတာနဲ႔ ကုသိုလ္ေကာင္းမႈမ်ားမ်ားျပဳလုပ္တာေတြဟာလည္း ပူေဆြးေသာကကုိ ခံႏုိင္ ရည္ရွိေစၿပီး ေလာကဓံတရားကုိ အံတုရင္ဆုိင္ႏုိင္ေစပါတယ္။

ပူေဆြးေသာကေရာက္ေနခိုက္မွာ ျပဳလုပ္သင့္ေသာ အျပဳအမူမ်ား
"ေသေသာသူၾကာရင္ေမ့" ဆိုတဲ့စကားန႔ဲ မညီညႊတ္ဘဲ မေမ့ႏုိင္၊ ေဆြးျမည့္ခံစားေနရရင္ေတာ့ သင္ျပဳလုပ္ သင့္တဲ့ နည္းလမ္းေတြရွိပါတယ္။။

    ကုသမႈအစီအစဥ္ခ်ပါ - ဆရာ၀န္နဲ႔ ေတြ႔ဆံုၿပီး ေဆးကုသမႈခံယူဖို႔အတြက္ တုိင္ပင္ေဆြးေႏြးပါ။
    ပံုမွန္ ကုိယ္လက္လႈပ္ရွားမႈ ျပဳလုပ္ပါ - ပံုမွန္ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္တာက စိတ္ဓာတ္ က်ျခင္း၊ စိတ္ဖိစီးမႈနဲ႔ ပူပင္ေသာကတို႔ကုိ သက္သာေလ်ာ့ပါးေစပါတယ္။
    ကုိယ့္ကုိကုိယ္ ဂရုစုိက္ပါ - ကုိယ့္ဘ၀ကုိ တန္းဖိုးထားၿပီး က်န္ရွိေနတဲ့အခ်ိန္အပုိင္းအျခား အတြင္း မွာ က်န္းမာေနေအာင္ ေနမယ္ဆိုတဲ့စိတ္ကိုေမြးပါ။ အနားမ်ားမ်ားယူပါ၊ အာဟာရျပည့္ျပည့္၀၀ စားေသာက္ပါ၊ အရက္နဲ႔ မူးယစ္ေဆး၀ါးကုိ မသံုးပါနဲ႔။
    လူမႈေရးလုပ္ငန္းမ်ား လုပ္ေဆာင္ပါ - သင့္ပတ္၀န္းက်င္မွာ ရွိတဲ့ လူေတြကုိ တတ္ႏုိင္သမွ် အက်ဳိးျပဳ ႏုိင္ဖို႔အေတြက္ ေစတနာ့၀န္ထမ္းအလုပ္ေတြကို ပါ၀င္လုပ္ေဆာင္ေပးပါ။
    ႏွစ္ပါတ္လည္အခမ္းအနားမ်ားအတြက္ ၾကိဳတင္ျပင္ဆင္ပါ - သင္ခ်စ္တဲ့သူအတြက္ အလွဴ ဒါန ေကာင္းေကာင္းျပဳလုပ္ႏုိင္ေအာင္ ၾကိဳတင္ စဥ္းစားထားၿပီး ျပင္ဆင္ေနတာကလည္း ၀မ္းနည္း ပူေဆြးမႈကုိ ေလ်ာ့ပါးေစပါတယ္။
    ခံစားခ်က္ကုိ ဖြင့္ဟေျပာပါ - သင့္စိတ္ထဲမွာ ၿမံဳၿပီး တစ္ေယာက္တည္း က်ိတ္ခံစားမေနသင့္ပါဘူး။ သင္ခ်စ္တဲ့သေတြကုိ အလြန္အမင္းသတိရလြမ္းဆြတ္တဲ့အခိုက္မွာ သင့္ကုိ နားလည္စာနာေပးႏုိင္ မယ့္သူကုိ ဖြင့္ဟေျပာျပလိုက္ပါ။

 လူတုိင္း ပူေဆြးေသာကကုိ အန္တုရင္ဆုိင္ႏုိင္ပါေစ။

Credit:ဇြန္ခိုင္ဦး (ေဆး၀ါးကၽြမ္းက်င္မႈ တကၠသိုလ္)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်ချစ်တဲ့ သူဆုံးရှုံးသွားတာကြောင့် ချစ်တဲ့သူနဲ့ သေကွဲကွဲရသောအခါမျိုးနဲ့ အကြောင်း အမျိုးမျိုးကြောင့် ချစ်တဲ့သူနဲ့ ရှင်ကွဲကွဲရတဲ့အခါမျိုးတွေမှာ ကျွန်မတို့ ပုထုစဉ်လူသားတွေ အနေနဲ့ ဝမ်းနည်းကြေကွဲမှုကို ခံစား ရတတ်တာ ဓမ္မတာပါ။ တချို့လူတွေကတော့ ပူဆွေးမှုကို ဝမ်းနည်းကြေကွဲပြီး ခံစားတတ်ကြပေမယ့် အချိန် ကာလရဲ့ကုစားမှုကြောင့် အချိန်အတိုင်းအတာတစ်ခု အတွင်းမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ကြပါ တယ်။

ကံမကောင်းစွာပဲ လူတိုင်ေးတာ့ ဒီလိုမဖြစ်တတ်ပါဘူး။ တချို့လူတွေကတော့ ပုံမှန် ဝမ်းနည်းကြေကွဲ မှုသောကကိုပဲ အပြစ်ရှိသလိုထင်မြင်ယူဆနေခြင်း၊ ဒေါသဖြစ်ခြင်းနဲ့ တုန်လှုပ်ခြောက်ခြားခြင်း စတာတွေကို ပါရောပြွမ်းခံစားကြရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဝမ်းနည်းပူဆွေးမှုကတောင်
နောက်ဆက်တွဲ ပြဿနာတွေနဲ့ နာကျင်ကြေကွဲကာ ခံရခက်တဲ့ ဝေဒနာတွေကို ခံစားရစေနိုင်တာကြောင့်
ပြင်းပြင်းထန်ထန်ပူဆွေးသောက ရောက်နေတဲ့သူတွေအဖို့ စိုးရိမ်ရတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို
ဖြစ်စေနိုင်ပါတယ်။

ချစ်သောသူနှင့် ကွေကွင်းရချိန်မှာ ဖြစ်တတ်သော ဝေဒနာများ
ချစ်တဲ့သူနဲ့ ကွေကွင်းရပြီးချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေဟာ ဆေးကုသမှုလို အပ်သလား၊ မလိုအပ်ဘူး လားဆိုတာကို စိတ်ကျန်းမာရေးဆရာဝန်တွေအနေနဲ့ လေ့လာခွဲခြမ်းစိတ်ဖြစ်နေဆဲပါပဲ။ ချစ်တဲ့သူတစ်ဦးကို ဆုံးရှုံးရပြီးတဲ့ ပထမလအနည်းငယ်အတွင်းမှာ ပူဆွေးသောကရောက်ရတဲ့ ဝေဒနာတွေ ခံစားရတာက ပုံမှန် ပါပဲ။ ဒါပေမယ့် မေ့ပျောက်သင့်တဲ့အချိန်ကာလ ကျော်လွန်တဲ့အထိ ပူဆွေးသောကခံစားနေရတာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ တချို့လူတွေမှာ ပူဆွေးသောကဟာ လျော့ပါးသွားရမယ့်အစား ပိုတိုးလာတာ၊ ပိုပြင်းထန်တဲ့ နောက်ခံစားမှု တစ်မျိုးနဲ့ဒွန့်တွဲ ဖြစ်ပေါ်လာတာ (ဥပမာ ပြောရရင် ပူဆွေး သောကနဲ့တွဲပြီး အသက်မရှင်ချင်တော့ လောက်အောင် စိတ်ဓာတ်ကျလာတာမျိုး) တွေကို ခံစားလာရရင်တော့ ဒါဟာ နာတာရှည် စိတ်ဝေဒနာဖြစ်လာပြီး ဖြစ်တဲ့အတွက် လျစ်လျူရှုထားလို့တော့ မရတော့ပါဘူး။ ပူဆွေးသောက
ရောက်နေကြောင်း သိသာထင်ရှားတဲ့ လက္ခဏာတွေကတော့ -

    ချစ်တဲ့သူသေဆုံးရတဲ့အကြောင်းနဲ့ ချစ်တဲ့သူထားရစ်ခဲ့တဲ့ အသုံးအဆောင်တွေကိုပဲ ကိုင်တွယ်ကြည့် ရှုနေတာမျိုး၊
    ဆုံးရှုံးမှုကို ပြန်ရနိုင်ဖို့ ပြင်းပြင်းထန်ထန်ပြန်လည် တောင့်တနေတာမျိုး၊ ရင်ကွဲနေကျမတတ် ငိုကြွေးနေတာမျိုး၊
     သေဆုံးသွားတယ်ဆိုတာကို ဘယ်လိုမှလက်မခံနိုင်တာမျိုး၊
    တုန်ယင်ခြင်း ဒါမှမဟုတ် ကတုန်ကယင် ဖြစ်နေတာမျိုး၊
    ဝမ်းနည်းကြေကွဲမှုကို ဘာနဲ့မှ ပြန်အစားမထိုးနိုင်တာမျိုး၊
    ဆုံးရှုံးမှုကို ခါးသီးနာကျင်နေတာမျိုး၊
    ပျော်ပျော်နေနိုင်ဖို့ မစွမ်းဆောင်နိုင်တာမျိုး၊
    စိတ်ဓာတ်ကျခြင်းနဲ့ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းခြင်းတို့ကို ခံစားနေရတာမျိုး၊
    ပုံမှန်လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ဆောင်နိုင်တာမျိုး၊
    ဘဝမှာ နေသားတကျမဖြစ်တော့တာမျိုး၊ လေလွင့်နေတာမျိုး၊
    လူမှုရေးတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိတော့တာမျိုး၊
    ဘဝမှာ ရပ်တည်နေထိုင်ရတဲ့ အဓိပ္ပာယ်နဲ့ ဦးတည်ချက်မရှိတော့တာမျိုး၊
    စိတ်ကသိကအောက်ဖြစ်နေတာမျိုး၊
    တခြားသူတွေအပေါ် မယုံကြည်တော့တာမျိုး ... အစရိတဲ့ခံစားချက်တွေကို ခံစားရတတ်ပါတယ်။

 ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်သလား
စောစောက ပြောပြထားတဲ့ ဝေဒနာတွေကို ခံစားရတာကြောင့် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နေ သလားဆိုတာကို ခံစားနေရသူရဲ့ မိသားစု အသိုင်းအဝိုင်းတွေက သိဖို့လိုအပ်ပါတယ်။ ချစ်တဲ့သူနဲ့ သေကွဲ ပဲကွဲ ကွဲ၊ ရှင်ကွဲပဲကွဲကွဲ... ဝမ်းနည်းပူဆွေးမှုကိုတော့ အနည်းနဲ့ အများခံစားတတ်တာ သဘာဝပါ။ လူအများ စုဟာ ပူဆွေးသောကခံစားရချိန်မှာ မိဘနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဖေးမအားပေးမှုတွေကြောင့် တဖြည်း
ဖြည်း ပုံမှန်ဘဝကို ရောက်ရှိလာတတ်ပါတယ်။ ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့ အချိန်ကာလကကြာပြီဆိုရင် ဒါမှ မဟုတ် တဖြည်းဖြည်းလျော့သွားရမယ့်အစား ဝေဒနာ ပိုပိုတိုးလာရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

    ချစ်တဲ့သူရဲ့ သေဆုံးမှုကိုပဲတွေးမိနေရင်
    ချစ်တဲ့သူသေဆုံးရာမှာ ကြာရှည်ခံစားနေရရင်
    ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့အတွေးတွေဝင်နေရင်
    ဘဝက ဘာမှအဓိပ္ပာယ်မရှိဘူးလို့တွေးမိနေရင်
    သင်ချစ်တဲ့သူနဲ့အတူ လိုက်သေဆုံးသင့်သလားဆိုတာကိုပါ တွေးမိနေရင်... စိတ်ကျန်းမာရေးဆရာ ဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်နေပါပြီ။


နောက်ဆက်တွဲ ပူဆွေးသောကခံစားနေရသော အကြောင်းရင်းများ
 ချစ်တဲ့သူနဲ့ ကွေကွင်းပြီးချိန်မှာ နောက်ဆက်တွဲပူဆွေးသောက ခံစားနေရတဲ့အကြောင်းရင်းကို တိတိကျကျ မသိကြသေးပါဘူး။ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ ခန္ဓာကိုယ်ရဲ့ သဘာဝဓာတုဖြစ်စဉ်နဲ့ ကိုယ် ရည်ကိုယ်သွေးတို့အပေါ် ပူတည်ပြီးခံစားရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေဟာ လူတွေမှာ ပြောင်းလဲနေ ပါတယ်။
အဆင့်(၁) - ဆုံးရှုံးသွားပြီဆိုတာကို တကယ်လက်ခံလိုက်ခြင်း၊
အဆင့်(၂) - ဆုံးရှုံးတဲ့နာကျင်မှုကို ခံစားခွင့်ပြုလိုက်ခြင်း၊
အဆင့်(၃) - ဆုံးရှုံးမှုကို မေ့ပျောက်နိုင်ဖို့ လက်တွေ့အခိုက်အတန့်နဲ့ ညှိနှိုင်းခြင်း၊
အဆင့်(၄) - တခြားဆက်ဆံရေးတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်း၊
အဆင့်(၅) - ပုံမှန်အတိုင်းဖြစ်အောင်နေထိုင်ပြီး တိုက်ဆိုင်မှုရှိမှသာ လွမ်းဆွတ်တတ်ခြင်း စတဲ့အချက်တွေပဲ
ဖြစ်ကြပါတယ်။

ပူဆွေးသောကကြောင့်ဖြစ်တတ်သော နောက်ဆက်တွဲ အန္တရာယ်များ
ချစ်တဲ့သူနဲ့ ကွေကွင်းရပြီးတဲ့အချိန်မှာ ပူဆွေးသောကရောက်ရတဲ့အပြင် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ
ပြဿနာတွေကတော့ -

    မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးရခြင်း၊
    ချစ်တဲ့သူက ကိုယ့်ကိုကိုယ်သတ်သေခြင်းကြောင့် ကိုယ်ပါကြံစည်ချင်စိတ်ပေါ်ခြင်း၊
    အားပေးကူညီမယ့် မိတ်ဆွေ အပေါင်းအသင်းမရှိခြင်း၊
    ကလေးဘဝတုန်းက လျစ်လျူရှုခံရတာ၊ ပစ်ပယ်ခံရတာ စတဲ့နာကျင်ဖွယ်ရာ အတိတ်ဆိုးရှိခြင်း၊
    ကလေးဘဝက မိဘာတွေကွဲသွားတာနဲ့ စွန့်ပစ်ခံရတာ စတဲ့အဖြစ်အပျက်မျိုး ကြုံဖူးခြင်း၊
    ဆုံးရှုံးသွားတဲ့သူအပေါ် မှီခိုအားထားနေရခြင်း၊
    သေဆုံးမည်ကို ကြိုမတွေးထားမိဘဲ မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရခြင်း၊
    ဘဝအပြောင်းအလဲအပေါ် လိုက်လျောညီထွေနေနိုင်စွမ်း နည်းပါးခြင်းစတဲ့ အချက်တွေကို ခံစားရ တတ်ပါတယ်။


အန္တရာယ်ရှိသော အပြုအမှုများ
 ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်းကြောင့် ခံစားရတတ်တဲ့ ပူဆွေးသောကဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်း
တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ကုသမှုကို မခံယူရင် အောက်ပါပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

    စိတ်ကျရောဂါ၊
    ကိုယ့်ကိုကိုယ်သတ်သေလိုတဲ့ အတွေးပေါ်ခြင်း၊
    နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ သွေးတိုးရောဂါတွေလို အန္တရာယ်ရှိတဲ့ ရောဂါတွေ ခံစားရနိုင်ခြေ မြင့်မားခြင်း၊
    စိတ်ဖိစီးမှုခံစားရခြင်း၊
    မူးယစ်ဆေးဝါးစွဲခြင်း၊
    ဆေးလိပ်နဲ့ အရက်စွဲခြင်း။

 ပူဆွေးသောကကြောင့် နောက်ဆက်တွဲဝေဒနာမရအောင် ကာကွယ်မှု
ချစ်တဲ့သူနဲ့ ကွေကွင်းပြီးချိန်မှာ နောက်ဆက်တွပြဿနာမခံစားရအောင် ပူဆွေးသောကကို ဘယ်လိုထိန်း ချုပ်သင့်တယ်ဆိုတဲ့ တိကျတဲ့ အကြံပြုချက်တော့မရှိသေးပါဘူး။ ဝမ်းနည်းပူဆွေးမှုကို စခံစားရတဲ့အခိုက်မှာ အကြံဉာဏ်တောင်းခံတာ၊ စိတ်ပိုင်းဆိုင်ရာအကြံပေးနိုင်သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေက ကောင်းတဲ့နည်း လမ်းတွေပါပဲ။
မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စုရုံးနေထိုင်တာက တစ်ယောက်တည်းနေထိုင်တာထက် ပိုမိုကောင်း မွန်တဲ့နည်းလမ်းပါ။
ဘာသာတရားကိုင်းရှိုင်းတာနဲ့ ကုသိုလ်ကောင်းမှုများများပြုလုပ်တာတွေဟာလည်း ပူဆွေးသောကကို ခံနိုင် ရည်ရှိစေပြီး လောကဓံတရားကို အံတုရင်ဆိုင်နိုင်စေပါတယ်။

ပူဆွေးသောကရောက်နေခိုက်မှာ ပြုလုပ်သင့်သော အပြုအမူများ
"သေသောသူကြာရင်မေ့" ဆိုတဲ့စကားနဲ့ မညီညွှတ်ဘဲ မမေ့နိုင်၊ ဆွေးမြည့်ခံစားနေရရင်တော့ သင်ပြုလုပ် သင့်တဲ့ နည်းလမ်းတွေရှိပါတယ်။။

    ကုသမှုအစီအစဉ်ချပါ - ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆေးကုသမှုခံယူဖို့အတွက် တိုင်ပင်ဆွေးနွေးပါ။
    ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ - ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ်ဓာတ် ကျခြင်း၊ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ကို သက်သာလျော့ပါးစေပါတယ်။
    ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ - ကိုယ့်ဘဝကို တန်းဖိုးထားပြီး ကျန်ရှိနေတဲ့အချိန်အပိုင်းအခြား အတွင်း မှာ ကျန်းမာနေအောင် နေမယ်ဆိုတဲ့စိတ်ကိုမွေးပါ။ အနားများများယူပါ၊ အာဟာရပြည့်ပြည့်၀၀ စားသောက်ပါ၊ အရက်နဲ့ မူးယစ်ဆေးဝါးကို မသုံးပါနဲ့။
    လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပါ - သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို တတ်နိုင်သမျှ အကျိုးပြု နိုင်ဖို့အတွေက် စေတနာ့ဝန်ထမ်းအလုပ်တွေကို ပါဝင်လုပ်ဆောင်ပေးပါ။
    နှစ်ပါတ်လည်အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ပါ - သင်ချစ်တဲ့သူအတွက် အလှူ ဒါန ကောင်းကောင်းပြုလုပ်နိုင်အောင် ကြိုတင် စဉ်းစားထားပြီး ပြင်ဆင်နေတာကလည်း ဝမ်းနည်း ပူဆွေးမှုကို လျော့ပါးစေပါတယ်။
    ခံစားချက်ကို ဖွင့်ဟပြောပါ - သင့်စိတ်ထဲမှာ မြုံပြီး တစ်ယောက်တည်း ကျိတ်ခံစားမနေသင့်ပါဘူး။ သင်ချစ်တဲ့သတွေကို အလွန်အမင်းသတိရလွမ်းဆွတ်တဲ့အခိုက်မှာ သင့်ကို နားလည်စာနာပေးနိုင် မယ့်သူကို ဖွင့်ဟပြောပြလိုက်ပါ။

 လူတိုင်း ပူဆွေးသောကကို အန်တုရင်ဆိုင်နိုင်ပါစေ။
Credit:ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top