iMyanmarHouse.com - Best Property Website for Myanmar
×

၂ဝ၁၇ ခုႏွစ္ထဲမွာ အေျပာင္းအလဲေတြနဲ႔ ေတြ႕ရတာကေတာ့ အဆိုေတာ္ သ႐ုပ္ေဆာင္ ဝိုင္းစုခုိင္သိန္းပဲ ျဖစ္ပါတယ္။ ဆံပင္ပံုစံဒီဇိုင္းနဲ႔အတူ ဖက္ရွင္ေတြ ေျပာင္းလိုက္တာလည္း ေတြ႕ ျမင္ရပါတယ္။
အဆိုေတာ္ ေအာင္လနဲ႔လည္း ခ်စ္သူေတြအျဖစ္ ပရိသတ္ေတြကို အသိ ေပးၿပီးလည္း ျဖစ္တာေၾကာင့္ ဝိုင္းစုခိုင္သိန္းကို ေတြ႕ဆံုခိုက္ အင္တာဗ်ဴး ျဖစ္ခဲ့သမွ် အေၾကာင္းအရာမ်ားကို တင္ဆက္ေပးလိုက္ပါတယ္။
၂ဝ၁၇မွာ ဆံပင္အတိုနဲ႔ ပံုစံေျပာင္းလိုက္တာ ေလးလည္း ေျပာေပးပါဦး။
ဆံပင္အရွည္နဲ႔က်ေတာ့ ၾကည့္ရ တာ နည္းနည္းေလးမ်ား ႐ိုးေနမလား လို႔ အဲဒါေၾကာင့္ ခ်ိန္းလိုက္တာပါ။
ဆံပင္ပံုစံခ်ိန္းျဖစ္ဖို႔အတြက္ ဘယ္လို စဥ္းစားမိခဲ့တာလဲ။

စဥ္းစားမိခဲ့တာကေတာ့ အရင္တုန္းက လည္း ဝိုင္းစု အတိုညႇပ္ဖူးတယ္။ ဒါေပမဲ့ အခု အတိုက ပိုတိုတယ္။ ဘာေၾကာင့္ ညႇပ္တာလဲဆို ေတာ့ ဝိုင္းစုကိုယ္တိုင္က အေျပာင္းအလဲလုပ္ရတာ ႀကိဳက္တဲ့အတြက္ ေျပာင္းျဖစ္ခဲ့တာပါ။
ဖက္ရွင္ပိုင္းကိုလည္း အရင္ကထက္ ေျပာင္းလဲလာ တာ ေတြ႕ရတယ္ေနာ္။
အင္းေပါ့။ ဆံပင္အတုိ ညႇပ္လိုက္ေတာ့ အ ရင္ကလို မိန္းမဆန္ဆန္ေတြဝတ္လို႔ အဆင္မ ေျပေတာ့ဘူးေလ။ နည္းနည္းေလး စမတ္က်ၿပီး ခပ္မိုက္မိုက္ပံုစံေလးမွ လိုက္မွာ ဒီဆံပင္နဲ႔ကေလ။ အဲဒါေၾကာင့္ ခ်ိန္းလိုက္တာပါ။
ဂီတဘက္နဲ႔ပတ္သက္ၿပီး လတ္တေလာလုပ္ ေဆာင္ျဖစ္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပေပးပါဦး။
ဝိုင္းစုလတ္တေလာကေတာ့ Mini album ေလး လုပ္ျဖစ္ေနတယ္။ ဝိုင္းစုရဲ႕'ဂါ' သီခ်င္းကို Music Video ႐ိုက္ေနပါတယ္။
ဝိုင္းစုရဲ႕ လက္ရွိဘဝကေရာ အလိုက်မႈေတြနဲ႔ ျပည့္စံုေနၿပီ လား။
လူတိုင္းမွာ မျပည့္စံုမႈေတြရွိတယ္။ အလိုမက်မႈေတြ ရွိတယ္။ အဲဒီလို အလိုမက်မႈေတြ ရွိေနတိုင္းေတာ့ အဆင္ မေျပလိုက္တာလို႔ ထိုင္ေအာ္ေနမယ့္အစား ေျဖရွင္းလို႔ ရမ ရကို အရင္ဆံုး ဆံုးျဖတ္သင့္တယ္။ ဝိုင္းစု ကေတာ့ အရင္ဆံုး ညွိၾကည့္တယ္။ ညိႇၾကည့္လို႕ အဆင္မေျပေတာ့ရင္ ဒီတစ္ခုအ ေပၚမွာ ဆက္မေနေတာ့ဘဲ ပိုေကာင္းတဲ့ ေနာက္တစ္ခုအဆင္ ေျပမယ့္တစ္ခုကို သြားသင့္ရင္သြားရမွာပဲေလ။ ဒါေပမဲ့လည္း ေနာက္အသစ္တစ္ခုကလည္း အဆင္မေျပမွာ ေၾကာက္ရေသးတယ္ ေလ။ အဲဒီအတြက္ေၾကာင့္လည္း ပိုၿပီးသင့္ေတာ္မယ့္ ေနရာတစ္ခုကို သြားသင့္ရင္ သြားရပါမယ္။
ေမရဲ႕ Marry Me အေခြထဲမွာ ဝိုင္းစုနဲ႕ ေမတို႔ အတြဲသီခ်င္းထဲမွာ ဝိုင္းစု ရဲ႕အသံက ေနာက္လိုက္အေနနဲ႔ပဲ ပါတဲ့အေပၚ ဝိုင္းစုရဲ႕ပရိသတ္ေတြက လည္း အဲဒီအေပၚ ေျပာေနၾကတယ္ေနာ္။
အဲဒါကေတာ့ ဘယ္သူရဲ႕ အမွားလည္းေတာ့ ဝိုင္းစုမသိဘူး။ ေမက လည္း တစ္ခါမွ သီခ်င္းေခြမလုပ္ဖူးေတာ့ သူလည္းမသိဘူး ျဖစ္သြားတာ ေနမွာပါ။ အစကေတာ့ ဝိုင္းစုေရာ သူေရာ တစ္အျပည့္ဆိုၾကတာပဲ၊ Mixing ဆြဲတဲ့ေနရာမွာ ျဖစ္တာလားေတာ့ မသိဘူးေပါ့။ အခု မူရင္း သီခ်င္းကို Music Store ကေန ျပန္တင္မယ္။ အဲဒီအခါမွာ ပရိသတ္ ေတြလည္း ျပန္ၿပီးနား ေထာင္ၾကည့္ေပးပါလို႔ ဝိုင္းစု ေတာင္းပန္ပါတယ္။

Credit:Yangon Media Group


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version


၂ဝ၁၇ ခုနှစ်ထဲမှာ အပြောင်းအလဲတွေနဲ့ တွေ့ရတာကတော့ အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းပဲ ဖြစ်ပါတယ်။ ဆံပင်ပုံစံဒီဇိုင်းနဲ့အတူ ဖက်ရှင်တွေ ပြောင်းလိုက်တာလည်း တွေ့ မြင်ရပါတယ်။
အဆိုတော် အောင်လနဲ့လည်း ချစ်သူတွေအဖြစ် ပရိသတ်တွေကို အသိ ပေးပြီးလည်း ဖြစ်တာကြောင့် ဝိုင်းစုခိုင်သိန်းကို တွေ့ဆုံခိုက် အင်တာဗျူး ဖြစ်ခဲ့သမျှ အကြောင်းအရာများကို တင်ဆက်ပေးလိုက်ပါတယ်။
၂ဝ၁၇မှာ ဆံပင်အတိုနဲ့ ပုံစံပြောင်းလိုက်တာ လေးလည်း ပြောပေးပါဦး။
ဆံပင်အရှည်နဲ့ကျတော့ ကြည့်ရ တာ နည်းနည်းလေးများ ရိုးနေမလား လို့ အဲဒါကြောင့် ချိန်းလိုက်တာပါ။
ဆံပင်ပုံစံချိန်းဖြစ်ဖို့အတွက် ဘယ်လို စဉ်းစားမိခဲ့တာလဲ။


စဉ်းစားမိခဲ့တာကတော့ အရင်တုန်းက လည်း ဝိုင်းစု အတိုညှပ်ဖူးတယ်။ ဒါပေမဲ့ အခု အတိုက ပိုတိုတယ်။ ဘာကြောင့် ညှပ်တာလဲဆို တော့ ဝိုင်းစုကိုယ်တိုင်က အပြောင်းအလဲလုပ်ရတာ ကြိုက်တဲ့အတွက် ပြောင်းဖြစ်ခဲ့တာပါ။
ဖက်ရှင်ပိုင်းကိုလည်း အရင်ကထက် ပြောင်းလဲလာ တာ တွေ့ရတယ်နော်။
အင်းပေါ့။ ဆံပင်အတို ညှပ်လိုက်တော့ အ ရင်ကလို မိန်းမဆန်ဆန်တွေဝတ်လို့ အဆင်မ ပြေတော့ဘူးလေ။ နည်းနည်းလေး စမတ်ကျပြီး ခပ်မိုက်မိုက်ပုံစံလေးမှ လိုက်မှာ ဒီဆံပင်နဲ့ကလေ။ အဲဒါကြောင့် ချိန်းလိုက်တာပါ။
ဂီတဘက်နဲ့ပတ်သက်ပြီး လတ်တလောလုပ် ဆောင်ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။
ဝိုင်းစုလတ်တလောကတော့ Mini album လေး လုပ်ဖြစ်နေတယ်။ ဝိုင်းစုရဲ့'ဂါ' သီချင်းကို Music Video ရိုက်နေပါတယ်။
ဝိုင်းစုရဲ့ လက်ရှိဘဝကရော အလိုကျမှုတွေနဲ့ ပြည့်စုံနေပြီ လား။
လူတိုင်းမှာ မပြည့်စုံမှုတွေရှိတယ်။ အလိုမကျမှုတွေ ရှိတယ်။ အဲဒီလို အလိုမကျမှုတွေ ရှိနေတိုင်းတော့ အဆင် မပြေလိုက်တာလို့ ထိုင်အော်နေမယ့်အစား ဖြေရှင်းလို့ ရမ ရကို အရင်ဆုံး ဆုံးဖြတ်သင့်တယ်။ ဝိုင်းစု ကတော့ အရင်ဆုံး ညှိကြည့်တယ်။ ညှိကြည့်လို့ အဆင်မပြေတော့ရင် ဒီတစ်ခုအ ပေါ်မှာ ဆက်မနေတော့ဘဲ ပိုကောင်းတဲ့ နောက်တစ်ခုအဆင် ပြေမယ့်တစ်ခုကို သွားသင့်ရင်သွားရမှာပဲလေ။ ဒါပေမဲ့လည်း နောက်အသစ်တစ်ခုကလည်း အဆင်မပြေမှာ ကြောက်ရသေးတယ် လေ။ အဲဒီအတွက်ကြောင့်လည်း ပိုပြီးသင့်တော်မယ့် နေရာတစ်ခုကို သွားသင့်ရင် သွားရပါမယ်။
မေရဲ့ Marry Me အခွေထဲမှာ ဝိုင်းစုနဲ့ မေတို့ အတွဲသီချင်းထဲမှာ ဝိုင်းစု ရဲ့အသံက နောက်လိုက်အနေနဲ့ပဲ ပါတဲ့အပေါ် ဝိုင်းစုရဲ့ပရိသတ်တွေက လည်း အဲဒီအပေါ် ပြောနေကြတယ်နော်။
အဲဒါကတော့ ဘယ်သူရဲ့ အမှားလည်းတော့ ဝိုင်းစုမသိဘူး။ မေက လည်း တစ်ခါမှ သီချင်းခွေမလုပ်ဖူးတော့ သူလည်းမသိဘူး ဖြစ်သွားတာ နေမှာပါ။ အစကတော့ ဝိုင်းစုရော သူရော တစ်အပြည့်ဆိုကြတာပဲ၊ Mixing ဆွဲတဲ့နေရာမှာ ဖြစ်တာလားတော့ မသိဘူးပေါ့။ အခု မူရင်း သီချင်းကို Music Store ကနေ ပြန်တင်မယ်။ အဲဒီအခါမှာ ပရိသတ် တွေလည်း ပြန်ပြီးနား ထောင်ကြည့်ပေးပါလို့ ဝိုင်းစု တောင်းပန်ပါတယ်။

Credit:Yangon Media Group




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top