iMyanmarHouse.com - Best Property Website for Myanmar
×
၎) ရလဒ်ဆိုချက်ချင်းပဲ ရချင်တယ်။
၅) လောဘကြီးကြတယ်။
Credit:(ရွှေအင်းလေး)
ပို့သပေးပါတယ်။
Unicode Version
၁) ကြိုတင်ပြင်ဆင်မှုမရှိလို့။
ကျွန်တော်တို့ဟာ ကိုယ်ကိုယ်ကိုစွန့်လွှတ်အနစ်နာမခံချင်ကြတော့ဘူး။ မစောင့်ချင်ကြတော့ဘူး။ အရာရာတိုင်းကို တစ်ခါတည်းရချင်တယ်။ ကိုယ့်ခံစားချက်တွေကိုလည်းမကြီးထွားအောင်တားဆီးထားတယ်။
၂) အချစ်နဲ့ခံစားချက်ကိုရောထွေးလိုက်တယ်။
ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ကြမ်းတမ်းတဲ့နေ့ရက်တွေမှာ နားလည်နိုင်ပေးမယ့်သူထက် ရုပ်ရှင်ရုံ၊ ကလပ်တွေမှာ အတူတူပျော်ပေးမယ့်သူကို ပိုတောင်းတကြတယ်။
၃) ထောင်ခြောက်ထဲပိတ်မိနေကြတယ်။
ကျွန်တော်တို့မှာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေနောက်ပဲလိုက်နေရနေရတော့ အချစ်အတွက်အချိန်လည်းမပေးနိုင်တာ့ပါဘူး။
၄) ရလဒ်ဆိုချက်ချင်းပဲ ရချင်တယ်။
စစချင်းချစ်တာနဲ့ပဲ ရင့်ကျက်တဲ့ relationship တစ်ခုကို ကျွန်တော်တို့ရချင်ကြတယ်။ ရင့်ကျက်တဲ့ relationship တစ်ခုဆိုတာ အချိန်တွေအကြာကြီးရင်းနှီးမြှုပ်နှံမှပဲ ရတာပါ။ အခုခေတ်လူတော်တော်များများဟာ အချစ်အတွက်တောင် သူတို့ရဲ့အချိန်တွေပေးဆပ်ဖို့တန်တယ်မထင်ကြတော့ပါဘူး။
၅) လောဘကြီးကြတယ်။
Relationship တစ်ခုကိုစတင်ပြီးမကြာမှီမှာပဲ သာကောင်းတဲ့သူတွေ့ရင် လက်ရှိ relationship ကိုအဆုံးသတ်လိုက်ကြတယ်။ ကိုယ့်ဘက်ကတော့ အကုန်လုံးမပေးဆပ်နိုင်ပဲ တခြားတဖက်ကိုပြီးပြည့်စုံတဲ့သူဖြစ်အောင်မျှော်လင့်ကြတယ်။
၆) နည်းပညာအပေါ် မှီခိုလွန်းလာတယ်။
စာရိုက်တာတွေ၊ အသံဖိုင်ပို့တာတွေ၊ Video call ခေါ်တာတွေက မျက်နှာချင်ဆိုင်ပြီးစကားပြောဖို့အခွင့်အရေးတွေကိုလျှော့ချလိုက်တယ်။
၇) လိင်ကိစ္စတွေ လွတ်လပ်လာတယ်။
လက်မထပ်ရသေးပဲ အတူတူနေတဲ့ကိစ္စတွေဟာ ဒီနေ့ခေတ်မှာတော်တော်ရေပန်းစားလာတာဟာလည်း အတွဲတွေ ကြာရှည်မခံတော့တဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။
၈) အရမ်းတွက်ချက်လာကြတယ်။
 ဘဝကိုပုံပြီးချစ်တယ်ဆိုတာ ရာဇဝင်ထဲမှာပဲရ်ှိတော့တာပါ။ တစ်ယောက်လက်တစ်ယောက်မဖြုတ်ပဲ အခက်အခဲအားလုံးကိုဖြတ်ကျော်မယ်ဆိုတဲ့ အတွေးအခေါ်တွေဟာ ပြတိုက်ထဲမှာပဲရှိတော့မယ်ထင်။
၉) ကြောက်လွန်းတဲ့ အရာတွေများလာကြတယ်။
Relationship အသစ်၊ စိတ်ပျက်စရာ၊ စိတ်ဓါတ်ရာ၊ အသည်းကွဲတာ စသောစသော အကြောင်းတွေကို အရမ်းကြောက်လာကြတော့ ဘယ်သူကိုမှ ကိုယ့်ဘဝထဲမဝင်နိုင်အောင် နံရံထူထူကြီးတွေကာထားလိုက်တယ်လေ။
၁၀) Relationship ဆိုတာတောင် အလိုမရှိကြတော့ဘူး။
ကိုယ့်ဘဝထဲကနေ ကိုယ်ချစ်တဲ့သူတစ်ယောက်ကိုထွက်သွားခွင့်ပေးလိုက်တာက ကိုယ့်အတွက်ဘာမှတောင်မဟုတ်တော့ဘူး။ ကိုယ့်အနားကသူကို အရမ်းစိတ်ပျက်နေကြလို့ပေါ့။
Credit:(ရွှေအင်းလေး)
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top