သင္နဲ႕သင့္ခ်စ္သူ ႏွစ္ဦးတည္းအတူရွိခ်ိန္ေတြက ဘာမွေျပာစရာမရွိ၊ အဆင္ေျပေျပေလးပါပဲ။ အဲ့ဒီလိုမဟုတ္ပဲ သူ႕ကို သင့္သူငယ္ခ်င္းေတြၾကား ေခၚလာမိတဲ့အခါေတြ မ်ိဳးမွာ ေရွာင္ဖယ္ဖယ္ လုပ္သလို ခံစားရတာမ်ိဳးေတြ၊ ျပံဳးျပတဲ့အျပံဳးေတြက အသက္မ၀င္ေတာ့တာမ်ိဳးေတြ၊ သူငယ္ခ်င္းေတြၾကား ေနာက္ဆံုးက်ေတာ့ သင္နဲ႕သင့္ခ်စ္သူ ႏွစ္ဦးတည္း စကားလက္ဆံုက်ေနရတာမ်ိဳးေတြ ၾကံဳလာရျပီဆုိ ေသခ်ာတဲ့အခ်က္က သင့္သူငယ္ခ်င္းေတြဟာ သင့္ခ်စ္သူကို သေဘာမက်လို႕ပါပဲ။ အဲ့ဒီထက္ ေသခ်ာတဲ့ အခ်က္ေတြကေတာ့
၁။ မိန္းကေလးေတြခ်ညး္ သီးသန္႕ေတြ႕ဖုိ႕ သူတုိ႕အျမဲ စီစဥ္တတ္ၾကတယ္။
တစ္ခါလည္း မဟုတ္၊ ႏွစ္ခါလည္းမဟုတ္ မိန္းကေလးေတြခ်ည္းေတြ႕ဖုိ႕ သီးသန္႕စီစဥ္တတ္ျပီး သင္က သူငယ္ခ်င္းေတြရဲ႕ ခ်စ္သူရည္းစားေတြ ေခၚလာဖုိ႕ေျပာရင္ေတာင္ သူတုိ႕က အျမဲျငင္းေနတယ္ဆုိရင္ေတာ့ ေသခ်ာတာက သင့္ခ်စ္သူေကာင္ေလးကို သူတုိ႕မေတြ႕ခ်င္လို႕ပါ။
၂။ အားလံုးဆံုတဲ့အခ်ိန္မွာေတာင္ သင္နဲ႕သင့္ခ်စ္သူႏွစ္ဦးတည္း ရွိေနသလို ျဖစ္ျဖစ္သြားတယ္။
သူငယ္ခ်င္းေတြ အကုန္စံုေနေပမယ့္ သင့္ခ်စ္သူကိုလည္း ေမးထူးေခၚေျပာအဆင့္ပဲထားျပီး အားလံုးက ဒီလူေတြသာသိတဲ့ အေၾကာင္းအရာေတြခ်ည္း ေျပာေနတတ္ၾကမယ္၊ သင့္ခ်စ္သူကုိ စကား၀ိုင္းထဲ ဆြဲေခၚေျပာတာမ်ိဳး မရွိဘူး။ ေနာက္ဆံုးက်ေတာ့ တျခားလူေတြၾကားမွာ သင္နဲ႕သင့္ခ်စ္သူႏွစ္ဦးသာ စကားလက္ဆံုက်ရတဲ့အျဖစ္ အျမဲၾကံဳတယ္ဆုိရင္ သင့္သူငယ္ခ်င္းေတြအားလံုးဟာ သင့္ခ်စ္သူကိုခင္မင္ခ်င္စိတ္ မရွိၾကလို႕ပါပဲ။
၃။သင့္ခ်စ္သူအေၾကာင္းေျပာတာနဲ႕ သူငယ္ခ်င္းေတြက စကားလမ္းေၾကာင္းေျပာင္းပစ္လိုက္ၾကတယ္။
သင့္ခ်စ္သူအေၾကာင့္ သင့္သူငယ္ခ်င္းကုိ ေျပာဖုိ႕ စကားစလိုက္ရံုရွိေသး သူက ဘာမွမပတ္သက္တဲ့ အေၾကာင္းအရာတစ္ခုကို ေကာက္ခါငင္ခါ ထေျပာလိုက္တယ္ဆုိတာဟာ သင့္ခ်စ္သူအေၾကာင္း နားမေထာင္ခ်င္လုိ႕ဆုိတာ အသိသာၾကီးပါပဲ။
၄။သူတုိ႕ေတြ အခ်င္းခ်င္း မ်က္ႏွာရိပ္ မ်က္ႏွာကဲ ျပေနတာကို သင္ရိပ္မိလိုက္တယ္။
သင္က သင့္ခ်စ္သူက အလုပ္မွာ ဘယ္လိုေတာ္ေၾကာင္း၊ ဒါမွမဟုတ္ ေက်ာင္းမွာ အမွတ္ေကာင္းေကာင္းရေၾကာင္း တစ္ခုခု ေျပာဖုိ႕ စကားစလိုက္တဲ့အခါ သင့္သူငယ္ခ်င္းေတြက သူတုိ႕ခ်င္း မ်က္ႏွာရိပ္ မ်က္ႏွာကဲျပေနတာမ်ိဳး ျမင္လိုက္တယ္ဆုိရင္ ဒါ သူတုိ႕သေဘာမက်ဘူးဆိုတဲ့အဓိပၸါယ္ ေကာက္လို႕ရပါတယ္။
၅။သင့္မွာခ်စ္သူရွိေနတာေတာင္ သူတုိ႕က ေနာက္ထပ္တစ္ေယာက္ေတြ႕ၾကည့္ဖုိ႕ အျမဲတိုက္တြန္းတယ္။
ဘယ္သူကမွ ကုိယ့္သူငယ္ခ်င္းမွာ ခ်စ္သူရွိေနျပီးသားကို ေနာက္ေထပ္တစ္ေယာက္နဲ႕ မိတ္ဆက္ေပးမွာ မဟုတ္ပါဘူး။ ဒီလိုမဟုတ္ပဲ သင့္သူငယ္ခ်င္းေတြက သင့္ကို ခ်စ္သူရွိေနမွန္းသိရက္နဲ႕ ေနာက္ထပ္ သင့္ေတာ္တဲ့လူေတြ႕လို႕ဆုိျပီး ပံုေတြျပတာမ်ိဳး၊ ဒိတ္လုပ္ဖုိ႕ တိုက္တြန္းတာမ်ိဳးဆုိရင္ သင့္ခ်စ္သူကို သူတုိ႕သေဘာမက်လို႕ဆုိတာ အရွင္းၾကီးပါ။
Credit :Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
သင်နဲ့သင့်ချစ်သူ နှစ်ဦးတည်းအတူရှိချိန်တွေက ဘာမှပြောစရာမရှိ၊ အဆင်ပြေပြေလေးပါပဲ။ အဲ့ဒီလိုမဟုတ်ပဲ သူ့ကို သင့်သူငယ်ချင်းတွေကြား ခေါ်လာမိတဲ့အခါတွေ မျိုးမှာ ရှောင်ဖယ်ဖယ် လုပ်သလို ခံစားရတာမျိုးတွေ၊ ပြုံးပြတဲ့အပြုံးတွေက အသက်မဝင်တော့တာမျိုးတွေ၊ သူငယ်ချင်းတွေကြား နောက်ဆုံးကျတော့ သင်နဲ့သင့်ချစ်သူ နှစ်ဦးတည်း စကားလက်ဆုံကျနေရတာမျိုးတွေ ကြုံလာရပြီဆို သေချာတဲ့အချက်က သင့်သူငယ်ချင်းတွေဟာ သင့်ချစ်သူကို သဘောမကျလို့ပါပဲ။ အဲ့ဒီထက် သေချာတဲ့ အချက်တွေကတော့
၁။ မိန်းကလေးတွေချည်း သီးသန့်တွေ့ဖို့ သူတို့အမြဲ စီစဉ်တတ်ကြတယ်။
တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်းမဟုတ် မိန်းကလေးတွေချည်းတွေ့ဖို့ သီးသန့်စီစဉ်တတ်ပြီး သင်က သူငယ်ချင်းတွေရဲ့ ချစ်သူရည်းစားတွေ ခေါ်လာဖို့ပြောရင်တောင် သူတို့က အမြဲငြင်းနေတယ်ဆိုရင်တော့ သေချာတာက သင့်ချစ်သူကောင်လေးကို သူတို့မတွေ့ချင်လို့ပါ။
၂။ အားလုံးဆုံတဲ့အချိန်မှာတောင် သင်နဲ့သင့်ချစ်သူနှစ်ဦးတည်း ရှိနေသလို ဖြစ်ဖြစ်သွားတယ်။
သူငယ်ချင်းတွေ အကုန်စုံနေပေမယ့် သင့်ချစ်သူကိုလည်း မေးထူးခေါ်ပြောအဆင့်ပဲထားပြီး အားလုံးက ဒီလူတွေသာသိတဲ့ အကြောင်းအရာတွေချည်း ပြောနေတတ်ကြမယ်၊ သင့်ချစ်သူကို စကားဝိုင်းထဲ ဆွဲခေါ်ပြောတာမျိုး မရှိဘူး။ နောက်ဆုံးကျတော့ တခြားလူတွေကြားမှာ သင်နဲ့သင့်ချစ်သူနှစ်ဦးသာ စကားလက်ဆုံကျရတဲ့အဖြစ် အမြဲကြုံတယ်ဆိုရင် သင့်သူငယ်ချင်းတွေအားလုံးဟာ သင့်ချစ်သူကိုခင်မင်ချင်စိတ် မရှိကြလို့ပါပဲ။
၃။သင့်ချစ်သူအကြောင်းပြောတာနဲ့ သူငယ်ချင်းတွေက စကားလမ်းကြောင်းပြောင်းပစ်လိုက်ကြတယ်။
သင့်ချစ်သူအကြောင့် သင့်သူငယ်ချင်းကို ပြောဖို့ စကားစလိုက်ရုံရှိသေး သူက ဘာမှမပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို ကောက်ခါငင်ခါ ထပြောလိုက်တယ်ဆိုတာဟာ သင့်ချစ်သူအကြောင်း နားမထောင်ချင်လို့ဆိုတာ အသိသာကြီးပါပဲ။
၄။သူတို့တွေ အချင်းချင်း မျက်နှာရိပ် မျက်နှာကဲ ပြနေတာကို သင်ရိပ်မိလိုက်တယ်။
သင်က သင့်ချစ်သူက အလုပ်မှာ ဘယ်လိုတော်ကြောင်း၊ ဒါမှမဟုတ် ကျောင်းမှာ အမှတ်ကောင်းကောင်းရကြောင်း တစ်ခုခု ပြောဖို့ စကားစလိုက်တဲ့အခါ သင့်သူငယ်ချင်းတွေက သူတို့ချင်း မျက်နှာရိပ် မျက်နှာကဲပြနေတာမျိုး မြင်လိုက်တယ်ဆိုရင် ဒါ သူတို့သဘောမကျဘူးဆိုတဲ့အဓိပ္ပါယ် ကောက်လို့ရပါတယ်။
၅။သင့်မှာချစ်သူရှိနေတာတောင် သူတို့က နောက်ထပ်တစ်ယောက်တွေ့ကြည့်ဖို့ အမြဲတိုက်တွန်းတယ်။
ဘယ်သူကမှ ကိုယ့်သူငယ်ချင်းမှာ ချစ်သူရှိနေပြီးသားကို နောက်ထေပ်တစ်ယောက်နဲ့ မိတ်ဆက်ပေးမှာ မဟုတ်ပါဘူး။ ဒီလိုမဟုတ်ပဲ သင့်သူငယ်ချင်းတွေက သင့်ကို ချစ်သူရှိနေမှန်းသိရက်နဲ့ နောက်ထပ် သင့်တော်တဲ့လူတွေ့လို့ဆိုပြီး ပုံတွေပြတာမျိုး၊ ဒိတ်လုပ်ဖို့ တိုက်တွန်းတာမျိုးဆိုရင် သင့်ချစ်သူကို သူတို့သဘောမကျလို့ဆိုတာ အရှင်းကြီးပါ။
Credit :Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
အေထြေထြ
» သင့္သူငယ္ခ်င္းေတြ သင့္ခ်စ္သူကို တိတ္တိတ္ေလး မုန္းေနၾကသလားဆုိတာ ဒီအခ်က္ေတြကတစ္ဆင့္သိႏိုင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။