iMyanmarHouse.com - Best Property Website for Myanmar
×




Enervon-C Myanmar

Credit:မြ၀တီ



Unicode Version

ကညွတ်တွင် Vitamin A ,Vitamin B-Complex, Vitamin C, Vitamin E , Manganese , Selenium စသည်ဖြင့် အဖိုးထိုက်တန်သော ဗီတာမင်များနှင့် သတ္တုဓာတ်များစွာပါဝင်ပါတယ်။ကညွတ်မြစ်ဟာ စိတ်ကျရောဂါကို တိုက်ဖျက်ပေးနိုင်စွမ်းပြီး စိတ်ခံစားမှုစွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ်။

ဒါ့အပြင် ကညွတ်ကို စားသုံးပေးခြင်းဖြင့် ဦးနှောက်နှင့် အာရုံကြော စွမ်းအားများကို တိုးမြှင့်ပေးရုံသာမက ကင်ဆာဖြစ်စေသောအရာများစွာကို ကာကွယ်ဟန့်တားပေးနိုင်ခြင်း ၊ နှလုံး ၊ ပန်းနာရင်ကြပ် ၊ မျက်စိအတွင်းတိမ် ၊ သည်းခြေရောဂါများ ၊ အဆစ်ရောင်ရောဂါ ၊ ဆီးပူ ၊ ဆီးအောင့် ၊ ဆီးကျောက်တည်ခြင်း နှင့် လေရောဂါများကို သက်သာပျောက်ကင်းစေနိုင်ခြင်း ၊ သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း ၊ အမျှင်ဓာတ်ပါဝင်သောကြောင့် ကိုယ်အလေးချိန်လျော့ချရာတွင် အထောက်အကူပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။

ဒါ့အပြင် Folate ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ စားသုံးပါက လမစေ့ခင် ကလေးမီးဖွားခြင်းများ ၊ အာရုံကြောအားနည်းခြင်းများ ၊ ကျောရိုးနာဗ့်ကြောရောဂါဖြစ်ခြင်းများမှ ကာကွယ်ပေးနိုင်သော ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ကညွတ်ကို အစိမ်းစားပေးပါက ပိုမိုအစွမ်းအာနိသင် ထက်မြက်စေပါတယ်။

Enervon-C Myanmar

Credit:မြဝတီ



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top