iMyanmarHouse.com - Best Property Website for Myanmar
×

ဒေါ်နယ်ထရမ့်အနေနဲ့ အိမ်ဖြူတော်သို့ လည်ပတ်မှု တရားဝင် ပြန်စမယ်လို့ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ သို့ပေမယ့် သမ္မတက ယခုအခါ အမေရိကန်နိုင်ငံသား မဟုတ်သူတွေအတွက် အိမ်ဖြူတော်တစ်ခုလုံး လည်ပတ်ကြည့်ရှုဖို့  ကန့်သတ်ချက် အစီအမံတွေ အလျင်စလို ဆောင်ရွက်စေခဲ့ပါတယ်။

အမေရိကန်နိုင်ငံပြင်ပက အလည်အပတ်ရောက်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ သံရုံးများသို့ စာရေးပို့ကာ အိမ်ဖြူတော်မှာ လည်ပတ်မယ့် နေရာတွေ လျောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝါရှင်တန်ဒီစီရှိ ဗြိတိသျှသံရုံးဟာ ယင်းလျောက်ထားမှုအစီအစဉ် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကြေငြာချက်တစ်ခု ချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။

အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်လိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ခရီးစဉ်ကြိုတင်စီစဉ်ရန် မိမိတို့သံရုံးသို့ ဆက်သွယ်ရမှာဖြစ်ကြောင်း အိမ်ဖြူတော်က ၎င်းရဲ့ဝက်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြထားပါတယ်။ US Department of State မှ ဗြိတိသျှသံရုံးကို ဒီအစီအစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ဒါ့ကြောင့် ယခုချိန်မှာ ဘယ်လျောက်ထားမှုကိုမှ ဆောင်ရွက်ပေးလို့မရကြောင်း အသိပေးအကြောင်းကြားခဲ့ပါတယ်။ ဗြိတိသျှခရီးသွားဧည့်သည်တွေအနေနဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်တွေ တည်ရှိရာ US Capitol Building သို့ အချိန်ကြာမြင့်စွာ မနေဘဲ လည်ပတ်နိုင်ပါတယ်။

Pentagon စစ်ဌာနချုပ်ကိုလည်း လည်ပတ်နိုင်ပေမယ့် တချို့အကြောင်းကိစ္စရပ်တွေကြောင့် မိမိအိမ်လိပ်စာအစား ဗြိတိသျှသံရုံးလိပ်စာ ပေးထားဖို့လိုအပ်ကြောင်း သိရပါတယ်။ 

Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top