iMyanmarHouse.com - Best Property Website for Myanmar
×
Credit:.auntymay
Unicode Version
အမျိူးသမီးတို့ရဲ့ ရင်သားဟာ နူးညံ့ပျော့ပြောင်းပြီး ထိန်းသိမ်းရတဲ့နေရာမှာလည်း ကထိကထ များပါတယ်။ အရမ်းကြီး တင်းကျပ်လွန်းတဲ့ ဘရာကိုဝတ်ခဲ့မိရင်လည်း အသက်ရှုကြပ်သလို ခံစားရပြီး၊ ချုပ်ရိုးမသေသပ်တဲ့ ဘရာနဲ့ဆိုရင် နာကျင်မှုနဲ့ ဒဏ်ရာတွေ အမာရွတ်တွေပါ ပေးနိုင်တယ်ဆိုတာ အမျိုးသမီးတိုင်း ကောင်းကောင်း သဘောပေါက်မှာပါ။
အချို့မြန်မာအမျိူးသမီးတွေသည်ပင်လျှင် ကျန်းမာရေးဗဟုသုတကြောင့် ညစဉ်အိပ်စက်တဲ့အခါတိုင်းမှာ ဘရာမဝတ်ပဲ အလွတ် အိပ်စက်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ တစ်ချို့ကကျတော့ Braless နဲ့တော့ မနေတတ်ပါဘူး-ဆိုတဲ့ အကြောင်းပြချက်နဲ့၊ ဒါမှမဟုတ် ဘရာချွတ်ပြီး အိပ်စက်ရကောင်းမှန်းမသိသေးတဲ့ ဗဟုသုတ အားနည်မှုကြောင့် သူတို့ နေမြဲအတိုင်း နေကြပါတယ်။ ဒါပေမယ့် သုတေသန စစ်တမ်းကို လေ့လာလိုက်တဲ့အခါမှာတော့ ဘရာဝတ်ပြီး အိပ်စက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို ပေးရုံသာမက ရင်သားလှပမှုကို ထိခိုက်စေရာမှာလည်း သက်ရောက်မှုတွေ ရှိပါတယ်။ ဘရာဝတ်ပြီး အိပ်တယ်ဆိုတဲ့ အမျိုးသမီး အယောက် 30 ကို စစ်ဆေးမှု ပြုလုပ်ရာမှာ 7 ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ရင်သား အလှပျက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ ဘရာဝတ်ပြီးအိပ်စက်သူ 100 မှာ 21.6 % လောက်အထိ ကျန်းမာရေုးပြဿနာတွေ ရင်ဆိုင်နေရတယ်ဆိုတဲ့ အဖြေလည်း ဖြစ်ပါတယ်။
Cleveland Clinic ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Holly Pederson ကတော့ ” အိပ်ရာဝင်တဲ့အခါမှာ ဘရာအပျော့ပဲဖြစ်ဖြစ်၊ အမာပဲဖြစ်ဖြစ် ဘာကိုမှ မဝတ်ဆင်သင့်ပါဘူး … ဘယ်ဘရာနေနေ ကျန်းမာရေး ဆိုးကျိုးကို ပေးပါတယ် ” လို့ အတိအလင်း ရှင်းပြခဲ့ပါတယ်။ Fred Hutchinson Cancer Research Center ရဲ့ 2014 ခုနှစ်မှာ ထုတ်ပြန်တဲ့ ရင်သားကင်ဆာစစ်တမ်းမှာလည်း ညစဉ်ဘရာဝတ်အိပ်စက်ခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းဟာ အခြားသာမာန် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းတွေနဲ့ အချိုးညီမျှတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဘရာဟာ အမျိုးသမီးတွေအတွက် အဓိက အန္တရာယ်ဆိုတာ သေချာပါတယ်။ သွားလာလှုပ်ရှားချိန်မှာ ဘရာကို မဖြစ်မနေမို့သာ ဝတ်ဆင်ရပေမယ့် အချို့က အလှအပကို ဦးစားပေးတဲ့အနေနဲ့ တင်းတင်းရင်းရင်း ဖြစ်စေတဲ့ ဘရာတွေကို ဝတ်ဆင်ကြသလို၊ အချို့ကကျတော့ မိမိနဲ့မတော်တဲ့ ဘရာမျိုးကိုတောင် လှမလားလို့ ဝတ်ဆင်တာမျိုး ရှိတတ်ပါတယ်။ ဆေးပညာရှင်တွေ အကြံပြုတာကတော့ သွားလာလှုပ်ရှားတဲ့အချိန်မှာတောင် ရင်သားကို ဖြစ်နိုင်သမျှ လွတ်လပ်စေဖို့ သက်တောင့်သက်သာ ရှိမယ့် ဘရာမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ရန် ညွှန်ကြားထားပါတယ်။
Credit:.auntymay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top