ကောင်လေးနဲ့ ပထမဆုံး ချိန်းတွေ့ကြတဲ့အခါ ဘယ်သွားလို့ သွားရမှန်းမသိ
ဖြစ်နေတယ် ဆိုပါတော့။ သွားစရာနေရာတွေတော့ အများကြီး ရှိသလိုပဲ။
နှစ်ယောက်သား ပျော်ပျော်ပါးပါး အဆင်ပြေပြေ ချိန်းတွေ့လို့ရမယ့်နေရာတွေ
ရွေးရတာ ခေါင်းစားနေရင် ဒီ (၈) နေရာကို သွားကြည့်နိုင်ပါတယ်။
ချိန်းတွေ့တဲ့အခါမှာ လူတွေ သိပ်ရှင်းတဲ့နေရာမျိုးတွေ မသွားပါနဲ့။ ပထမဆုံး
ချိန်းတွေ့တာ ဖြစ်တဲ့အတွက် ကောင်မလေးက ရှက်ကိုးရှက်ကန်းနဲ့ ကောင်လေးကလည်း
ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေရင် အကုန်ဂွမ်းကုန်ပါလိမ့်မယ်။
(၁) ကော်ဖီဆိုင် (သို့) စာအုပ် အရောင်းဆိုင်
အကောင်းဆုံးနေရာပါပဲ။
ကော်ဖီဆိုင်မှာ နှစ်ဦးသားဆုံတွေ့ပြီး စကားစမြည်ပြောမယ်ဆိုရင်
လွတ်လွတ်လပ်လပ်ရှိမယ်။ အာရုံလည်း သိပ်မနောက်တော့ဘူး။ ဒါ့အပြင်
စာအုပ်ဆိုင်အတူတူသွားပြီး စာအုပ်တူတူဝယ်တာမျိုးကလည်း သူက ဘာစာပေ၊
စာအုပ်အမျိုးအစားတွေ ကြိုက်နှစ်သက်သလဲဆိုတာပါ သိသွားတာပေါ့။ လူတွေ
ဆူညံရှုပ်ပွနေတဲ့ဆိုင်မျိုးမဟုတ်ရင် ပြီးတာပါပဲ။ အခုဆို ရန်ကုန်မှာ
ကော်ဖီသောက်ရင်း စာအုပ်ဖတ်လို့ ရတဲ့ဆိုင်တွေ၊ Board
ဂိမ်းကစားလို့ရတဲ့ဆိုင်တွေ အများကြီး ရှိနေပါပြီ။
(၂) တိရိစ္ဆာန်ရုံ
တကယ်လို့
ကိုယ်က တိရိစ္ဆာန်ချစ်တတ်တဲ့သူဆိုရင် တိရိစ္ဆာန်ရုံသွားမယ်။ မိုမိုလည်း
ရှိမယ်။ သမင်လေးတွေ၊ ယုန်လေးတွေနဲ့ ဖျံလေးတွေလည်း ရှိမယ်။ သူနဲ့အတူ
တိရိစ္ဆာန်ရုံအတူသွားပြီး ကိုယ်ချစ်တဲ့ တိရိစ္ဆာန်တွေကို အစာသွားကျွေးတာမျိုး
လုပ်သင့်ပါတယ်။ မောလာရင် ခဏနား၊ အအေးဆိုင်ထိုင်ပေါ့။ နေတော
့နည်းနည်းပူမယ်။ ထီးလေး၊ ဦးထုပ်လေးသယ်သွားသင့်ပါတယ်။
(၃) ကစားကွင်း
စိတ်ပင်ပန်းတာတွေ
ဖြေလျော့နိုင်သလို နှစ်ဦးသား Roller Coaster စီးမယ်။ ဂိမ်းတွေ ဆော့မယ်။
Arcade Game ဆိုင်တွေမှာ သေနတ်ပစ်၊ ကားပြိုင်မောင်း၊ ဓာတ်ပုံတူတူရိုက်လို့
ရသလို သဘာဝအလှကို ခံစားရင်း ပျော်ရွှင်ဖွယ်အချိန်လေးတွေ
ဖန်တီးလို့ရပါလိမ့်မယ်။
(၄) ပန်းခြံ
ကန်တော်ကြီးလိုနေရာမျိုး၊
ပြည့်သူ့ရင်ပြင်လိုနေရာမျိုးတွေ သွားလည်း ရတာပဲ။ သစ်ပင်လေးတွေ၊
မြက်ခင်းလေးတွေနဲ့ ဆိုတော့ ပျော်စရာတောင်ကောင်းသေးတယ်။ မုန့်လေးတွေ
ဝယ်သွား၊ တူတူထိုင်စားရင်း စကားလေး ဘာလေးပြောကြတာပေါ့။ တိတ်ဆိတ်ပြီး
အေးချမ်းတဲ့ စားသောက်ဆိုင်တစ်ခုခုမှာ ဒင်နာအတူတူစားရင်းနဲ့
စကားအေးဆေးပြောလို့ ရနိုင်ပါတယ်။
(၅) ရှိုးပွဲ၊ ဈေးရောင်းပွဲ နဲ့ ပျော်ပွဲရွှင်ပွဲ
သီချင်းခရေဇီဆိုရင်တော့
ရှိုးပွဲ သွားတာ ကောင်းတယ်လို့ ပြောစရာကို မလိုတော့ပါဘူး။ ရှိုးပွဲ
ရှိတယ်ဆိုရင် လက်မှတ်လေး ကြိုဝယ်ထားမယ်။ အလှလေးပြင်၊ ဖက်ရှင်ကျနေအောင်
အပီအပြင် ရွိုင်းသွားလိုက်မယ်။ သူငယ်ချင်းတွေနဲ့ တူတူသွားရင်
ဟေးလားဝါးလားနဲ့ ပိုတောင် ပျော်ဖို့ ကောင်းပါသေးတယ်။
ပျော်ပွဲရွှင်ပွဲတွေလည်း ရှိတယ်ဆိုလည်း ခဏလောက် သွားပြီး ဟိုလျှောက်ကြည့်
ဒီလျှောက်ကြည့်နဲ့ မုန့်လျှောက်စားလို့ ရမယ်။
ဆက်စပ်ဖတ်ရှုနိုင်ရန် - Duwun ကပြုလုပ်မယ့် ရန်ကုန်ရဲ့ အကြီးဆုံးနဲ့ပထမဆုံး Food Carnival
(၆) ကာရာအိုကေ
နှစ်ယောက်တည်း
သီချင်းသွားဆိုမှာထက် သူငယ်ချင်းတွေပါ ခေါ်သွားလို့ရရင်တော့
ပျော်စရာကြီးပါ။ သီချင်းဆိုတာ ဝါသနာပါသူတွေအတွက်တော့ မိုက်ခဲရတာ
အရမ်းပျော်ဖို့ကောင်းတာမို့လို့ပါ။
(၇) ကလပ်
နဂိုကတည်းက
နည်းနည်းခင်မင်ရင်းနှီးပြီးသားဆိုရင်တော့ ကလပ်ဖြစ်ဖြစ် ဘားဖြစ်ဖြစ်သွားလို့
ကောင်းတာပေါ့။ အပျော်တွေ ပျက်သွားနိုင်တာမို့ သောက်တာစားတာတော့ နည်းနည်း
သတိထားပေါ့။ ပထမဆုံး ချိန်းတွေ့တာဆိုတော့ သွေးလေးပူလာရုံ ရင်ခုန်တာပဲ
ကောင်းပါတယ်။
(၈) ရုပ်ရှင်ရုံ
အမှန်တော့ ရုပ်ရှင်ရုံ
သွားမယ်ဆိုရင် ဟာသကား (သို့) သရဲကား တင်ထားတဲ့အချိန်ပဲ
သွားချင်စရာကောင်းပါတယ်။ ဟာသကား ကြည့်မယ်ဆိုရင် နှစ်ဦးသား အတူ
ရယ်လိုက်မောလိုက်နဲ့ နွေးထွေးမှုတစ်ခုကို ဖန်တီးနိုင်မှာပါ။ သရဲကား
ကြည့်မယ်ဆိုလည်း ကြောက်စရာ လန့်စရာတွေ ပါတဲ့အခါ အသေဖက်ထားနိုင်မယ့်
ရှယ်အခွင့်အရေးအကြီးကြီး တစ်ခုလို့ ပြောလို့ ရပါတယ်။ အုပ်စုလိုက်
သူငယ်ချင်းတွေနဲ့အတူ ရုပ်ရှင်အတူ ကြည့်ကြမယ်ဆိုရင်လည်း
ပထမဆုံးချိန်းတွေ့တာမှာ အူကြောင်ကြောင် မဖြစ်တော့ဘူးပေါ့။
Credit :Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ကောင်လေးနဲ့ ပထမဆုံးချိန်းတွေ့လို့ ကောင်းမယ့်နေရာ (၈) ခု
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။