iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိန္တုန္းက လူငယ္လူရြယ္ေတြသာမက လူႀကီးေတြအတြက္ပါ စာဖတ္ျခင္းဆိုတာ ၀ါသနာတစ္ခုအျဖစ္ တည္ရွိခဲ့ပါတယ္။ ဒါေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ စာဖတ္ျခင္းအေလ့အထကို သိပ္မေတြ႔ရေတာ့ပါဘူး။ Facebook လို Social Networkေတြေခတ္စားလာတာက
တစ္ေၾကာင္း
ဂမ္းေတြေခတ္စားလာတာကတစ္ေၾကာင္း၊
စာဖတ္တဲ့အေလ့အထကို လူငယ္ေတြဆီမွာ မေတြ႔သေလာက္ ရွားပါးလာပါတယ္။
ဒါဟာ ဖြ႔႔႔ံၿဖိဳးမႈေနာက္က်တဲ့နုိင္ငံတစ္ခုမွာ
ျဖစ္ေလ့ျဖစ္ထရွိတဲ့ အျဖစ္အပ်က္မိ်ဳးပါပဲ။ ဒါေပမယ့္ စာဖတ္တယ္ဆိုတဲ့အေလ့အက်င့္ဟာ လူတစ္ေယာက္အတြက္
အလြန္အေရးႀကီးပါတယ္။ စိတ္အာဟာရလို႔ေတာင္ တင္စားေျပာဆိုၾကပါတယ္။ ဒီေဆာင္းပါးေလးမွာေတာ့ စာဖတ္ျခင္းကရရွိနိုင္မည့္ အက်ိဳးေက်းဇူးမ်ားကုိ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

(၁)အေတြ႔အၾကံဳသစ္ေတြနဲ႔ ထိေတြ႔ခြင့္ရပါတယ္

စာဖတ္ျခင္းကေန အသစ္အဆန္းေတြနဲ႔ ထိတြ႔ခြင့္ရပါတယ္။ ျပႆနာေျဖရွင္းဖုိ႔ နည္းလမ္းအသစ္ေတြ၊ သို႔မဟုတ္ တစ္စံုတစ္ခုကိုႀကိဳးပမ္းရာမွာ ေအာင္ျမင္ေအာင္ လုပ္ႏိုင္တဲ့ နည္းလမ္းေတြ စသျဖင့္ရရွိနုိင္ ပါတယ္။ ၀ါသနာအသစ္ေတြလည္း ရွာေတြ႔သြားနုိင္ပါတယ္။

(၂)သင့္ရဲ့အရည္အခ်င္းေတြ တိုးတက္လာနုိင္ပါတယ္။

စာဖတ္ျခင္းက သင့္ကိုတိုးတက္လာဖို႔ အမ်ားႀကီးအေထာက္အကူျပဳပါတယ္။ ေလာကႀကီးအေၾကာင္းကို ပိုၿပီးနားလည္လာေစပါတယ္။ စာဖတ္ျခင္းကေန သင့္ဘ၀အတြက္ အသံုး၀င္မယ့္အရာေတြကို သိနုိင္ၿပီး သင့္ကိုိတိုးတက္လာေစမယ့္ အေၾကာင္းအရာေတြကုိလည္း ရွာေဖြေတြ႔ရွိနုိင္ပါတယ္။

(၃)နားလည္နိုင္စြမ္းေတြ တိုးတက္လာနုိင္ပါတယ္။

ဥပမာဆိုပါစို႔။ သာမန္စာမဖတ္တဲ့သူတစ္ေယာက္က လင္းနို႔ေတြ ညဘက္မွာ မျမင္ရပဲနဲ႔ ဘာလို႔ေျဖာင့္ေျဖာင့္တန္းတန္းသြားနိုင္တာကို မသိေပမယ့္ စာဖတ္တဲ့သူတစ္ေယာက္ကေတာ့ သိနုိင္ပါတယ္။ ေလာကၾကီးမွာရွိေနတဲ့ အရာ၀တၳဳပစၥည္းေတြ၊ သက္ရွိေတြအေၾကာင္းကို ပိုမိုနားလည္ လာနုိင္ပါတယ္။

(၄)တစ္ခုခုမလုပ္မီ ႀကိဳတင္ျပင္ဆင္တတ္လာနုိင္ပါတယ္။
ဥပမာ ခရီးသြားစာအုပ္တစ္အုပ္ဖတ္ဖူးတဲ့ သူတစ္ေယာက္က အနည္းဆံုးေတာ့ ခရီးသြားရင္ ဘာေတြလုိအပ္မလဲ ဆိုတာကို အၾကမ္းဖ်င္းသေဘာေပါက္ပါတယ္။ ဒီလိုပါပဲ အျခားအရာမ်ားစြာမွာလည္း စာဖတ္ထားရင္ ဘာလုပ္ရမလဲ ဆိုတာကို ႀကိဳၿပီးသိပါတယ္။ ႀကိဳတင္ျပင္ဆင္တတ္တဲ့ အရည္အခ်င္းရွိလာပါလိမ့္မယ္။

(၅)အျခားသူေတြဆီက အေတြ႔အၾကံဳေတြကို ရႏိုင္ပါတယ္။

အေတြ႔အၾကံဳဆိုတာ ပံုမွန္အားၿဖင့္ေတာ့ ကိုယ္တုိင္အပင္ပန္းခံၿပီးမွ ရတတ္ပါတယ္။ ဒါေပမယ့္ စာဖတ္ျခင္းရဲ့ အက်ိဳးေက်းဇူးေၾကာင့္ ေအာင္ျမင္သူေတြရဲ့ အေတြ႔အၾကံဳကို မပင္မပန္း ကုတင္ေပၚပက္လက္ေလးလွန္ၿပီး ေအးေအးေဆးေဆးဖတ္နုိ္င္ပါတယ္။ တကယ္ေတာ့ သင္ဖတ္ေနတဲ့စာေတြဟာ ေသြးေတြ၊ေခြ်းေတြရင္းခဲ့ရတဲ့ အဖိုးတန္အေတြ႔အၾကံဳေတြပါ။ ထိုအေတြ႔အၾကံဳေတြကိုဖတ္ၿပီး သင့္အလွည့္က်ရင္ ဘယ္လိုမ်ိဳးၾကိဳးစားသင့္တယ္ဆိုတဲ့
အၾကံဥာဏ္ေတြရနုိင္ပါတယ္။

(၆)စာအုပ္ဖတ္ျခင္းေၾကာင့္ လူမႈဆက္ဆံေရး တိုးတက္လာနုိင္ပါတယ္။

စာဖတ္ျခင္းေၾကာင့္ ပတ္၀န္းက်င္နဲ႔ ဆက္ဆံရာမွာလည္း အဆင္ေျပလာနုိင္ပါတယ္။ စာမဖတ္တဲ့သူတစ္ေယာက္မွာ
အျခားသူတစ္ေယာက္နဲ႔ေ၀မွ်ဖို႔ အေၾကာင္းအရာေတြမရွိေပမယ့္ စာဖတ္တဲ့သူတစ္ေယာက္မွာေတာ့ အျခားသူ တစ္ေယာက္ကုိ စိတ္၀င္စားေအာင္ေျပာျပဖို႔ ဗဟုသုတေတြရွိေနပါတယ္။

(၇)စိတ္ကူးစိတ္သန္းနဲ႔ တီထြင္ဖန္တီးနုိင္မႈစြမ္းရည္ ျမင့္မားလာမယ္။

စာဖတ္ျခင္းက သင့္ရဲ့စိတ္ကူးစိတ္သန္းေတြကို
ေကာင္းမြန္ေစပါတယ္။ သင္ဖတ္မွတ္ေလ့လာထားတဲ့ ဗဟုသုတေတြေၾကာင့္ သင့္ရဲဲ့ဖန္တီးနုိင္မႈစြမ္းရည္ကလည္း ျမင့္မားလာပါလိမ့္မယ္။

Credit: မိုးရွင္း (I.M.T)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

တစ်ချိန်တုန်းက လူငယ်လူရွယ်တွေသာမက လူကြီးတွေအတွက်ပါ စာဖတ်ခြင်းဆိုတာ ဝါသနာတစ်ခုအဖြစ် တည်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စာဖတ်ခြင်းအလေ့အထကို သိပ်မတွေ့ရတော့ပါဘူး။ Facebook လို Social Networkတွေခေတ်စားလာတာက
တစ်ကြောင်း
ဂမ်းတွေခေတ်စားလာတာကတစ်ကြောင်း၊
စာဖတ်တဲ့အလေ့အထကို လူငယ်တွေဆီမှာ မတွေ့သလောက် ရှားပါးလာပါတယ်။
ဒါဟာ ဖွ့ံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတစ်ခုမှာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်မျိုးပါပဲ။ ဒါပေမယ့် စာဖတ်တယ်ဆိုတဲ့အလေ့အကျင့်ဟာ လူတစ်ယောက်အတွက်
အလွန်အရေးကြီးပါတယ်။ စိတ်အာဟာရလို့တောင် တင်စားပြောဆိုကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာဖတ်ခြင်းကရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)အတွေ့အကြုံသစ်တွေနဲ့ ထိတွေ့ခွင့်ရပါတယ်

စာဖတ်ခြင်းကနေ အသစ်အဆန်းတွေနဲ့ ထိတွ့ခွင့်ရပါတယ်။ ပြဿနာဖြေရှင်းဖို့ နည်းလမ်းအသစ်တွေ၊ သို့မဟုတ် တစ်စုံတစ်ခုကိုကြိုးပမ်းရာမှာ အောင်မြင်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ စသဖြင့်ရရှိနိုင် ပါတယ်။ ဝါသနာအသစ်တွေလည်း ရှာတွေ့သွားနိုင်ပါတယ်။

(၂)သင့်ရဲ့အရည်အချင်းတွေ တိုးတက်လာနိုင်ပါတယ်။

စာဖတ်ခြင်းက သင့်ကိုတိုးတက်လာဖို့ အများကြီးအထောက်အကူပြုပါတယ်။ လောကကြီးအကြောင်းကို ပိုပြီးနားလည်လာစေပါတယ်။ စာဖတ်ခြင်းကနေ သင့်ဘဝအတွက် အသုံးဝင်မယ့်အရာတွေကို သိနိုင်ပြီး သင့်ကိုတိုးတက်လာစေမယ့် အကြောင်းအရာတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။

(၃)နားလည်နိုင်စွမ်းတွေ တိုးတက်လာနိုင်ပါတယ်။

ဥပမာဆိုပါစို့။ သာမန်စာမဖတ်တဲ့သူတစ်ယောက်က လင်းနို့တွေ ညဘက်မှာ မမြင်ရပဲနဲ့ ဘာလို့ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်တာကို မသိပေမယ့် စာဖတ်တဲ့သူတစ်ယောက်ကတော့ သိနိုင်ပါတယ်။ လောကကြီးမှာရှိနေတဲ့ အရာဝတ္ထုပစ္စည်းတွေ၊ သက်ရှိတွေအကြောင်းကို ပိုမိုနားလည် လာနိုင်ပါတယ်။

(၄)တစ်ခုခုမလုပ်မီ ကြိုတင်ပြင်ဆင်တတ်လာနိုင်ပါတယ်။
ဥပမာ ခရီးသွားစာအုပ်တစ်အုပ်ဖတ်ဖူးတဲ့ သူတစ်ယောက်က အနည်းဆုံးတော့ ခရီးသွားရင် ဘာတွေလိုအပ်မလဲ ဆိုတာကို အကြမ်းဖျင်းသဘောပေါက်ပါတယ်။ ဒီလိုပါပဲ အခြားအရာများစွာမှာလည်း စာဖတ်ထားရင် ဘာလုပ်ရမလဲ ဆိုတာကို ကြိုပြီးသိပါတယ်။ ကြိုတင်ပြင်ဆင်တတ်တဲ့ အရည်အချင်းရှိလာပါလိမ့်မယ်။

(၅)အခြားသူတွေဆီက အတွေ့အကြုံတွေကို ရနိုင်ပါတယ်။

အတွေ့အကြုံဆိုတာ ပုံမှန်အားဖြင့်တော့ ကိုယ်တိုင်အပင်ပန်းခံပြီးမှ ရတတ်ပါတယ်။ ဒါပေမယ့် စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့် အောင်မြင်သူတွေရဲ့ အတွေ့အကြုံကို မပင်မပန်း ကုတင်ပေါ်ပက်လက်လေးလှန်ပြီး အေးအေးဆေးဆေးဖတ်နိုင်ပါတယ်။ တကယ်တော့ သင်ဖတ်နေတဲ့စာတွေဟာ သွေးတွေ၊ချွေးတွေရင်းခဲ့ရတဲ့ အဖိုးတန်အတွေ့အကြုံတွေပါ။ ထိုအတွေ့အကြုံတွေကိုဖတ်ပြီး သင့်အလှည့်ကျရင် ဘယ်လိုမျိုးကြိုးစားသင့်တယ်ဆိုတဲ့
အကြံဉာဏ်တွေရနိုင်ပါတယ်။

(၆)စာအုပ်ဖတ်ခြင်းကြောင့် လူမှုဆက်ဆံရေး တိုးတက်လာနိုင်ပါတယ်။

စာဖတ်ခြင်းကြောင့် ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာလည်း အဆင်ပြေလာနိုင်ပါတယ်။ စာမဖတ်တဲ့သူတစ်ယောက်မှာ
အခြားသူတစ်ယောက်နဲ့ဝေမျှဖို့ အကြောင်းအရာတွေမရှိပေမယ့် စာဖတ်တဲ့သူတစ်ယောက်မှာတော့ အခြားသူ တစ်ယောက်ကို စိတ်ဝင်စားအောင်ပြောပြဖို့ ဗဟုသုတတွေရှိနေပါတယ်။

(၇)စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည် မြင့်မားလာမယ်။

စာဖတ်ခြင်းက သင့်ရဲ့စိတ်ကူးစိတ်သန်းတွေကို
ကောင်းမွန်စေပါတယ်။ သင်ဖတ်မှတ်လေ့လာထားတဲ့ ဗဟုသုတတွေကြောင့် သင့်ရဲ့ဖန်တီးနိုင်မှုစွမ်းရည်ကလည်း မြင့်မားလာပါလိမ့်မယ်။

Credit: မိုးရှင်း (I.M.T)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top