iMyanmarHouse.com - Best Property Website for Myanmar
×








Credit:GOOD HEALTH


Unicode  Version

သင်ပိုင်ဆိုင် ထားတဲ့ ဆံပင်အမျိုးအ စားပေါ်မူတည်ပြီး လိုသလို ပြောင်းလဲယူ နိုင်မယ့် ဖြေရှင်းနည်းတွေကို ရေးသား လိုက်ပါတယ်။

ကောက်ကွေးလိမ်နေသော ဆံပင်
ကောက်ကွေးလိမ်ပြီး ရှုပ်ပွနေတဲ့ ဆံနွယ်တွေကြောင့် မှန်ကြည့်တိုင်း သင့် စိတ်အလိုမကျမှုတွေ ဖြစ်ပေါ်ခံစားနေရ ပါသလား။

ဘယ်လို ဖြေရှင်းမလဲခေါင်းလျှော်ပြီးတဲ့ အခါတိုင်း ဆံပင် ပေါင်းဆေး သုံးပေးပါ။ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ညှပ်ပြီး ခေါင်း လိမ်းဆီလိမ်းကာ ဆံပင်ကို သပ်ရပ်စွာ ဖီးပေးပါ။ ဆံသားနူးညံ့ ပျော့ပျောင်းစေဖို့ တစ်ပတ်တစ်ခါ ဗီတာမင် အီးကို ဆံသား အနှံ့လိမ်းပြီး ညင်သာ စွာနှိပ်နယ်ပေးပါ။

ဗောက်ထခြင်းအင်္ကျီအရောင်ရင့်ရင့် မဝတ်ရဲ လောက်အောင် သင့်ခေါင်းပေါ်က ဗောက်တွေက အနှောင့်အယှက်ပေးနေ ပါသလား။ ခေါင်းကုတ်လိုက်တိုင်း ကျ လာတဲ့ဗောက်ဖြူဖြူတွေကြောင့် လူကြား ထဲမှာ မဝံ့မရဲဖြစ်နေရပြီလား။

ဘယ်လိုဖြေရှင်းမလဲဗောက်ထလွန်းတဲ့ သင့်ဦးရေပြားကို ဖြေရှင်းဖို့က သင်သုံးတဲ့ခေါင်းလျှော် ရည်ကို ပြောင်းလဲ အသုံးပြုဖို့ပါ။ ဆီ လီနီယမ်ဆာလဖိုက် ဒါမှမဟုတ် ဇင့်ပိုင်ရီသီအုန်း ပါဝင်တဲ့ ခေါင်း လျှော်ရည်ကို တစ်ပတ် နှစ်-သုံး ကြိမ် အသုံးပြုပြီး ခေါင်းလျှော် ပါ။
ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းသင့်ဆံပင်အဖျားတွေ နှစ်ခွဖြစ်ပြီး ဆံပင်အရှည်နှေး တယ်လို့ ထင်နေပါသလား။

ဘယ်လိုဖြေရှင်းမလဲနှစ်ခွကွဲနေတဲ့ ဆံပင် အဖျားတွေကို ညှပ်ပေးပါ။ ခေါင်းလျှော်ပြီးတဲ့အခါ လေ မှုတ်စက် အသုံးပြုပြီး အခြောက်ခံပါက ဆံပင်တွေ အားလုံးခြောက်သွားတဲ့ အထိ အခြောက်မခံဘဲ မစိုမခြောက်ထားပါ။ မကြာခဏ ဆံပင်ဖြောင့်တာ၊ ကောက်တာ တွေ မလုပ်ပါနဲ့။ ဆံသားပျက်စီးနိုင်တာ ကြောင့်ပါ။ ခေါင်းလျှော်ပြီးတိုင်း ဆံသား အစိုဓာတ်ရရှိနေစေဖို့ ကွန်ဒီရှင်နာ သုံး ပေးပါ။

ဆံသားစေးကပ် ဖြစ်နေခြင်းသင့်ဆံပင်သားက အဆီများတာ ကြောင့် စေးကပ်ကပ်ဖြစ်ပြီး မှန်ကြည့် တိုင်း ဘဝင်မကျဖြစ်နေပါသလား။
ဘယ်လို ဖြေရှင်းမလဲသင့်ဆံပင်သားက ဆီများလွန်းရင် တော့ နေ့စဉ်ခေါင်းလျှော် ပေးနိုင် ပါတယ်။ ခေါင်းလျှော်တဲ့ အခါ အပျော့စားခေါင်း လျှော်ရည်နဲ့ ပေါင်းဆေးတွေကိုသာ အသုံးပြုပါ။ ခေါင်းဖြီးလွန်းပါက ဦးရေ ပြားမှာ အဆီတွေ ပိုမိုစစ်ထုတ်နိုင်တာ ကြောင့် ခဏခဏ ခေါင်းမဖြီးပါနဲ့။ ခေါင်း လိမ်းဆီကိုလည်း အနည်းငယ်သာ လိမ်း သင့်ပါတယ်။


Credit:GOOD HEALTH

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top