iMyanmarHouse.com - Best Property Website for Myanmar
×



Credit : Trend Myanmar

ပို့သပေးပါတယ်။


Unicode Version

လူအတော်များများ ညအိပ်ခါနီး ခြေအိတ်ချွတ်ကြပေမယ့် ညအိပ်တဲ့အချိန် ခြေအိတ်စွပ်ထားခြင်းက သွေးကြောတွေ ကျယ်ပြောစေပြီး အိပ်ချိန်ရောက်ကြောင်း ဦးနှောက်ဆီ အချက်ပေးတယ်လို့ နောက်ဆုံးလေ့လာမှုတွေအရ သိရပါတယ်။ အိပ်စက်မှု ပိုမိုတိုးတက်ကောင်းမွန်စေတဲ့အပြင် ဒီလွယ်ကူတဲ့နည်းလမ်းက ကာမရသ ခံစားမှုကိုလည်း ပိုကောင်းစေပါလိမ့်မယ်။

Groningen တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ခြေအိတ်စွပ်ပြီး လိင်မှုကိစ္စပြုလုပ်သူ စုံတွဲ ၈၀ရာခိုင်နှုန်းဟာ ကိုယ်လက်နှီးနှောရာမှာ စိတ်အလှုပ်ရှားဆုံးအချိန် တွေ့ကြုံခံစားကြတယ်လို့ သိရပါတယ်။ လိင်ဆက်ဆံနေစဉ် ခြေအိတ်မစွပ်တာက ချစ်တင်းနှောရာမှာ စိတ်လှုပ်ရှားမှု သိသိသာသာလျှော့နည်းစေကြောင်း နောက်သုတေသနလေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒါက ခြေအိတ်နဲ့ လိင်မှုကိစ္စနှစ်ခုကြား ဆက်စပ်မှုတစ်ခုရှိကြောင်း ရှင်းလင်းစွာဖော်ပြပါတယ်။

တကယ်လို့ ခြေအိတ်ဝတ်ပြီး ညအိပ်မယ် ဆုံးဖြတ်ပါက ခြေအိတ်တွေသန့်ရှင်းနေပါစေ။ တစ်နေ့လုံးစွပ်ထားတဲ့ ခြေအိတ်ပဲ ဆက်သုံးတာ ခြေထောက်မှိုစွဲမှုအန္တရာယ်ဖြစ်ပွားနိုင်ခြေ မြင့်တက်စေပါလိမ့်မယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top