iMyanmarHouse.com - Best Property Website for Myanmar
×

နင့္နင့္နဲနဲ သ႐ုပ္ေဆာင္ ရသည့္ ဒရာမာဇာတ္႐ုပ္မ်ားကို ႐ိုက္ကူးခ်င္ေသာ္လည္း ဟာသဇာတ္ကားမ်ားသာ ပရိသတ္အားေပးမႈ မ်ားျပားေသာေၾကာင့္ အ႐ိုက္မ်ားေနျခင္းျဖစ္ေၾကာင္း ခိုင္သင္းၾကည္က ေျပာသည္။

‘‘မခိုင္က ဇာတ္ေရြးခ်ယ္တဲ့ အပိုင္းမွာ ကိုယ္လုပ္ခ်င္တဲ့ ဇာတ္ ကတစ္မ်ိဳးေပါ့။ ‘ေကာင္းက်ိဳး ကိုယ္၌ တည္ေစမင္း’လုိ ႐ုပ္ရွင္ ေတြ ႐ိုက္ခ်င္ေပမယ့္ အခုေခတ္ က ‘ငါ့အကယ္ဒမီ’လိုကားမ်ိဳးကို ႀကိဳက္ၾကတယ္။ ပရိသတ္က ႀကိဳက္ေနတယ္။ အခုဆို အြန္လိုင္းမွာ နမူနာတင္ထားတာကို ႏွစ္ သန္းေလာက္ရွိၿပီ။ အဲဒီေတာ့ မခိုင္တို႔ ေရြးခ်ယ္တာထက္ ပရိ သတ္က ေရြးခ်ယ္တာပဲ။ ပရိသတ္က ဒါမ်ိဳးေတြႀကိဳက္ေနေတာ့ မခိုင္တို႔ကလည္း ဒါမ်ိဳးေတြပဲ ႐ိုက္ရ တယ္’’ဟု ခုိင္သင္းၾကည္က ဟာသဇာတ္ကားမ်ား အ႐ိုက္မ်ား သည့္အေၾကာင္း ေျပာသည္။

အႏုပညာသက္တမ္းတစ္ ေလွ်ာက္ ဟာသကားမ်ားသာ ကမ္းလွမ္းမႈမ်ားၿပီး အဆုိပါဇာတ္ ႐ုပ္ႏွင့္ လိုက္ဖက္မႈရွိေသာေၾကာင့္ လက္ရွိအထိ ဟာသဇာတ္႐ုပ္မ်ိဳး ကိုသာ ကမ္းလွမ္းမႈမ်ားျပား ေၾကာင္း ခိုင္သင္းၾကည္က ေျပာ ၾကားသည္။

မတ္လ ၁၀ ရက္တြင္ စတင္ ႐ံုတင္ျပသမည့္ ‘ငါ့အကယ္ဒမီ’ ႐ုပ္ရွင္၌ ခိုင္သင္းၾကည္က ေအာင္ျမင္သည့္ မင္းသမီးတစ္ဦးျဖစ္ၿပီး မင္းသမီးအငယ္တစ္ဦးႏွင့္အၿပိဳင္ အကယ္ဒမီလိုခ်င္သူတစ္ဦးအ ျဖစ္ သ႐ုပ္ေဆာင္ထားသည္။

‘‘အျပင္ကာ႐ိုက္တာနဲ႔ေတာ့ မတူဘူးေပါ့။ ႐ုပ္ရွင္ဆုိတဲ့ သေဘာတရားအတုိင္း ႐ိုက္ရတယ္။ ေနာက္ၿပီး ဟာသကားဆုိေတာ့ အိုဗာတင္းေလးေတြ ေျပာရတာ ေပါ့။ အင္တာဗ်ဴးေျဖတာကအစ ေပါ့။ မခိုင္ဆို အျပင္မွာ ကိုယ့္ ကိုယ္ကိုယ္ သိပ္ယံုၾကည္မႈရွိတဲ့ အထဲမွာ မပါဘူး။ ဒီထဲမွာက် ေတာ့ မင္းသမီး နန္႔နန္႔ျပာဆုိတာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြ ရွိၿပီး၊ Proud ေတြျဖစ္ၿပီး၊ မာန္ေတြ တက္ၿပီး ေျဖတာေတြေပါ့။ အဲဒါ ေတြလည္း ကြာပါတယ္’’ဟု ခုိင္ သင္းၾကည္က ေျပာသည္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version

နင့်နင့်နဲနဲ သရုပ်ဆောင် ရသည့် ဒရာမာဇာတ်ရုပ်များကို ရိုက်ကူးချင်သော်လည်း ဟာသဇာတ်ကားများသာ ပရိသတ်အားပေးမှု များပြားသောကြောင့် အရိုက်များနေခြင်းဖြစ်ကြောင်း ခိုင်သင်းကြည်က ပြောသည်။

‘‘မခိုင်က ဇာတ်ရွေးချယ်တဲ့ အပိုင်းမှာ ကိုယ်လုပ်ချင်တဲ့ ဇာတ် ကတစ်မျိုးပေါ့။ ‘ကောင်းကျိုး ကိုယ်၌ တည်စေမင်း’လို ရုပ်ရှင် တွေ ရိုက်ချင်ပေမယ့် အခုခေတ် က ‘ငါ့အကယ်ဒမီ’လိုကားမျိုးကို ကြိုက်ကြတယ်။ ပရိသတ်က ကြိုက်နေတယ်။ အခုဆို အွန်လိုင်းမှာ နမူနာတင်ထားတာကို နှစ် သန်းလောက်ရှိပြီ။ အဲဒီတော့ မခိုင်တို့ ရွေးချယ်တာထက် ပရိ သတ်က ရွေးချယ်တာပဲ။ ပရိသတ်က ဒါမျိုးတွေကြိုက်နေတော့ မခိုင်တို့ကလည်း ဒါမျိုးတွေပဲ ရိုက်ရ တယ်’’ဟု ခိုင်သင်းကြည်က ဟာသဇာတ်ကားများ အရိုက်များ သည့်အကြောင်း ပြောသည်။

အနုပညာသက်တမ်းတစ် လျှောက် ဟာသကားများသာ ကမ်းလှမ်းမှုများပြီး အဆိုပါဇာတ် ရုပ်နှင့် လိုက်ဖက်မှုရှိသောကြောင့် လက်ရှိအထိ ဟာသဇာတ်ရုပ်မျိုး ကိုသာ ကမ်းလှမ်းမှုများပြား ကြောင်း ခိုင်သင်းကြည်က ပြော ကြားသည်။

မတ်လ ၁၀ ရက်တွင် စတင် ရုံတင်ပြသမည့် ‘ငါ့အကယ်ဒမီ’ ရုပ်ရှင်၌ ခိုင်သင်းကြည်က အောင်မြင်သည့် မင်းသမီးတစ်ဦးဖြစ်ပြီး မင်းသမီးအငယ်တစ်ဦးနှင့်အပြိုင် အကယ်ဒမီလိုချင်သူတစ်ဦးအ ဖြစ် သရုပ်ဆောင်ထားသည်။

‘‘အပြင်ကာရိုက်တာနဲ့တော့ မတူဘူးပေါ့။ ရုပ်ရှင်ဆိုတဲ့ သဘောတရားအတိုင်း ရိုက်ရတယ်။ နောက်ပြီး ဟာသကားဆိုတော့ အိုဗာတင်းလေးတွေ ပြောရတာ ပေါ့။ အင်တာဗျူးဖြေတာကအစ ပေါ့။ မခိုင်ဆို အပြင်မှာ ကိုယ့် ကိုယ်ကိုယ် သိပ်ယုံကြည်မှုရှိတဲ့ အထဲမှာ မပါဘူး။ ဒီထဲမှာကျ တော့ မင်းသမီး နန့်နန့်ပြာဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိပြီး၊ Proud တွေဖြစ်ပြီး၊ မာန်တွေ တက်ပြီး ဖြေတာတွေပေါ့။ အဲဒါ တွေလည်း ကွာပါတယ်’’ဟု ခိုင် သင်းကြည်က ပြောသည်။

Credit : 7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top