မေမေတို့ ကလေးမွေးပြီးတဲ့အခါ ကလေးမမွေးခင်က ရှိခဲ့တဲ့အလှတွေ
ပြန်လည်ပိုင်ဆိုင်ချင်တယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကောင်းဆုံးပဲ
ဖြစ်ပါတယ်။ တစ်သားမွေး တစ်သွေးလှဖြစ်စေဖို့ လွယ်ကူပေါ့ပါ့း
လေ့ကျင့်ခန်းလေးတွေ လိုက်လုပ်ကြည့်နော်..
ခြေထောက်အလှလေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းလေးက
မေမေတို့အတွက် အလွယ်ကူဆုံးလေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းလေးက ခြေထောက်ကျန်းမာရေးကောင်းစေသလို
အဆီိပိုတွေလည်းဖယ်ရှားပေးနိုင်တာကြောင့် ခြေထောက်အတွက် အကောင်းဆုံး
လေ့ကျင့်ခန်းပါ။
ပထမဦးစွာ ပက်လက်လှန်အနေအထားအတိုင်းနေပါ။ ခြေထောက်ကို
မြှောက်ကာ ဒူးခေါင်းကို ၄၅ဒီဂရီလောက်ကွေးပါ။ (၁) ကနေ (၅)
အထိရေတွက်ပြီးတဲ့အခါဒူး ကွေးထားတဲ့အတိုင်း ခြေထောက်ကို ပြန်ချရပါမယ်။
ခြေထောက်ကို ကြမ်းပြင်နဲ့ထိတဲ့အခါ ခြေဖျားထောက်အနေအထားအတိုင်း ထိပေးဖို့
လိုအပ်ပါတယ်။
ခြေထောက်ဆန့်ကွေး လေ့ကျင့်ခန်း
မေမေတို့
ခြေထောက်ညောင်းညာတာတွေ အကြောပြေစေပြီး ခြေသလုံးကြွက်သား ပြေလျော့စေတဲ့
လေ့ကျင့်ခန်းလေးပါ။ ပထမဦးစွာ ပက်လက်လှန်ပါ။ ဒူးကွေးပါ။
လက်နှစ်ဖက်ကိုဗိုက်ပေါ်မှာ တင်ထားပေးပါ။ ထို့နောက် ကွေးထားတဲ့ ဒူးကို
ဆန့်ထုတ်ပါ။ ဒူုးပြန်ကွေး။ပါ.နောက်တဆင့်ကတော့ ကွေးထားတဲ့အတိုင်း
ပေါင်နှစ်ဖက်ကို ကားပါ။ (၁) ကနေ(၅) အထိ ရေတွက်ပြီးတဲ့အခါ ပြန်စုပါ။
ခြေထောက်ပြန်ဆန့်ဆုတ်တာနဲ့ ပေါင်ကားတာကို တစ်လှည့်စီ ပြုလုပ်ပေးပါ။
Ref: Exercise for women after birth
Credit:ဖြိုးပြည့်သူ(မိုမိုလေး)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ဗဟုသုတ
»
အထွေထွေ
» တစ်သားမွေး တစ်သွေးလှစေဖို့ မေမေတို့ လေ့ကျင့်ခန်းလုပ်ကြစို့ ..!
တစ်သားမွေး တစ်သွေးလှစေဖို့ မေမေတို့ လေ့ကျင့်ခန်းလုပ်ကြစို့ ..!
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။