iMyanmarHouse.com - Best Property Website for Myanmar
×

ဘ၀ကို အေကာင္းျမင္႐ွဴေထာင့္မွ ၾကည့္သူမ်ားက အဆိုးျမင္႐ွဴေထာင့္မွ ၾကည့္သူမ်ားထက္ ႏွလံုးႏွင့္ ေသြးလွည့္ပတ္မႈ ႏွစ္ဆ ပိုက်န္းမာေၾကာင္း ေလ့လာမႈ စစ္တမ္းက ေဖာ္ျပထားပါတယ္။ ထို႔အျပင္ အေကာင္းျမင္သူမ်ားသည္ ကိုယ့္ကိုယ္ကိုလည္း ပိုဂ႐ုစိုက္ၾကသျဖင့္ ဘက္ေပါင္းစံုမွ အႏၲရာယ္ ပိုကင္းၾကပါတယ္။

အေကာင္းေတြးတဲ့အတြက္ေၾကာင့္ ေမွ်ာ္လင့္ခ်က္နဲ႔ ႀကိဳးစားခ်င္စိတ္မ်ားလည္း ျဖစ္လာေစလို႔ အၿမဲတမ္း စိတ္ဓာတ္အင္အားတက္ၾကြေနသူေတြ ျဖစ္္တတ္ၾကပါတယ္။ ကိစၥတစ္ခု ျဖစ္လာတဲ့အခါ "အဆင္ေျပသြားမွာပါ" ဆိုၿပီး အေကာင္းေတြးမယ္ဆိုရင္ ဒီကိစၥကို တစ္နည္းမဟုတ္တစ္နည္းနဲ႔ ေျဖရွင္းဖို႔ ျဖစ္လာမွာ ျဖစ္ၿပီး "အမေလး ကြိဳင္တက္ေနၿပီ အဆင္မေျပေတာ့ပါဘူး" လို႔ ေတြးမယ္ဆိုရင္ေတာ့ အဲဒီေနရာမွာတင္ ဇာတ္သိမ္းေနပါၿပီ။

ေလာကမွာ စိတ္က အေရးအႀကီးဆံုး၊ ပါဝါအျမင့္ဆံုးပါ။ အရာအားလံုးကို စိတ္က အဆံုးအျဖတ္ေပးတယ္။ အဆိုးျမင္သူမ်ားက စိတ္ဓာတ္က်တတ္ၾကတာေၾကာင့္ ကိုယ္ပါ မလႈပ္ႏိုင္ေတာ့ပါဘူး။ စြမ္းအားေတြလည္း က်၊ လုပ္ႏိုင္စြမ္းေတြလည္း က်ကုန္ပါတယ္။ က်န္းမာေရးကိုပါ ဂရုမစိုက္ႏိုင္တဲ့အခါ ေသြးလည္ပတ္မႈ နည္းပါးသြားတာေၾကာင့္ ေသြးတြင္းမွာ သၾကားနဲ႔ အဆီဓာတ္ေတြက ပ်စ္ခဲေနေတာ့မွာပါ။

အေကာင္းျမင္သူေတြက က်န္းမာေရးဂရုစိုက္မႈရွိတာေၾကာင့္ ဒီေလာက္ႀကီး ႏွလံုးက်န္းမာေရး စိုးရိမ္စရာ မရွိပါဘူး။ ကိုလက္စထေရာ ပါ၀င္မႈႏႈန္းက သင့္တင့္မွ်တၿပီး အဆိုးျမင္သူမ်ားထက္ ပိုၿပီး လႈပ္လႈပ္ရွားရွား တက္တက္ႂကြႂကြ ရွိၾကေၾကာင္း ေတြ႕ရပါတယ္။ အေကာင္းျမင္တတ္သူမ်ားသည္ ေဆးလိပ္လည္း သိပ္မေသာက္တတ္ၾကသလို ကိုယ္အေလးခ်ိန္ကလည္း အဝမလြန္ဘဲ က်စ္က်စ္လစ္လစ္နဲ႔ အသင့္အတင့္ ရွိတတ္ၾကသည္။ စိတ္က်န္းမာေရး ေကာင္းေအာင္ လုပ္ေပးျခင္းျဖင့္ ကိုယ္က်န္းမာေရးပါ ေကာင္းလာေစႏုိင္တယ္လို႔ သုေတသန ျပဳခဲ့တဲ့ အီလီႏြိဳက္စ္ တကၠသိုလ္ သုေတသနအဖြဲ႕က ေျပာျပခဲ့ပါတယ္။

ေပ်ာ္ေပ်ာ္ေန ေသခဲ

ေသြးေပါင္ခ်ိန္မ်ားတာ၊ နည္းတာ၊ ေဆးလိပ္ေသာက္တာေတြအျပင္ က်န္းမာေရးအတြက္ ေလ့က်င့္ခန္း မလုပ္တာေၾကာင့္ ေသြးတြင္းထဲမွာ ကိုလက္စထေရာ (Cholesterol) ၊ သၾကားဓာတ္မ်ားသူမ်ား၊ အ၀လြန္ေရာဂါျဖစ္ေနသူမ်ားနဲ႔  မိသားစုထဲမွာ ႏွလံုးေရာဂါရွိဖူးသူမ်ားက ႏွလံုးေရာဂါ ျဖစ္ႏုိင္ေျခ ပိုမ်ားၾကတယ္လို႔ ဆိုပါတယ္။

စိတ္ခ်မ္းသာမွ ကိုယ္က်န္းမာမယ္ ဆိုသလိုပါပဲ။ အေကာင္းျမင္မယ္ဆိုရင္ အမွတ္တစ္မွတ္ေပးႏႈန္းျဖင့္ ျပဳလုပ္တဲ့ အီလီႏြိဳက္စ္ တကၠသိုလ္ သုေတသနအဖြဲ႕က ေဖာ္ျပခဲ့တဲ့ အေျဖအရ အေကာင္းျမင္ႏႈန္း မ်ားေလ ႏွလံုးက်န္းမာေရး ရမွတ္ေတြလည္း ပိုေကာင္းေလ ျဖစ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါကို ၾကည့္ၿပီး အေကာင္းျမင္ျခင္းနဲ႔  ႏွလံုးက်န္းမာေရးက တုိက္ရုိက္ဆက္သြယ္ေနတာေၾကာင့္ ႏွလံုးက်န္းမာေရးေကာင္းမြန္ခ်င္ရင္ အေကာင္းမ်ားမ်ား ျမင္တတ္ဖို႔ ႀကိဳးစားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘဝကို အကောင်းမြင်ရှူထောင့်မှ ကြည့်သူများက အဆိုးမြင်ရှူထောင့်မှ ကြည့်သူများထက် နှလုံးနှင့် သွေးလှည့်ပတ်မှု နှစ်ဆ ပိုကျန်းမာကြောင်း လေ့လာမှု စစ်တမ်းက ဖော်ပြထားပါတယ်။ ထို့အပြင် အကောင်းမြင်သူများသည် ကိုယ့်ကိုယ်ကိုလည်း ပိုဂရုစိုက်ကြသဖြင့် ဘက်ပေါင်းစုံမှ အန္တရာယ် ပိုကင်းကြပါတယ်။

အကောင်းတွေးတဲ့အတွက်ကြောင့် မျှော်လင့်ချက်နဲ့ ကြိုးစားချင်စိတ်များလည်း ဖြစ်လာစေလို့ အမြဲတမ်း စိတ်ဓာတ်အင်အားတက်ကြွနေသူတွေ ဖြစ်တတ်ကြပါတယ်။ ကိစ္စတစ်ခု ဖြစ်လာတဲ့အခါ "အဆင်ပြေသွားမှာပါ" ဆိုပြီး အကောင်းတွေးမယ်ဆိုရင် ဒီကိစ္စကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ဖြေရှင်းဖို့ ဖြစ်လာမှာ ဖြစ်ပြီး "အမလေး ကွိုင်တက်နေပြီ အဆင်မပြေတော့ပါဘူး" လို့ တွေးမယ်ဆိုရင်တော့ အဲဒီနေရာမှာတင် ဇာတ်သိမ်းနေပါပြီ။

လောကမှာ စိတ်က အရေးအကြီးဆုံး၊ ပါဝါအမြင့်ဆုံးပါ။ အရာအားလုံးကို စိတ်က အဆုံးအဖြတ်ပေးတယ်။ အဆိုးမြင်သူများက စိတ်ဓာတ်ကျတတ်ကြတာကြောင့် ကိုယ်ပါ မလှုပ်နိုင်တော့ပါဘူး။ စွမ်းအားတွေလည်း ကျ၊ လုပ်နိုင်စွမ်းတွေလည်း ကျကုန်ပါတယ်။ ကျန်းမာရေးကိုပါ ဂရုမစိုက်နိုင်တဲ့အခါ သွေးလည်ပတ်မှု နည်းပါးသွားတာကြောင့် သွေးတွင်းမှာ သကြားနဲ့ အဆီဓာတ်တွေက ပျစ်ခဲနေတော့မှာပါ။

အကောင်းမြင်သူတွေက ကျန်းမာရေးဂရုစိုက်မှုရှိတာကြောင့် ဒီလောက်ကြီး နှလုံးကျန်းမာရေး စိုးရိမ်စရာ မရှိပါဘူး။ ကိုလက်စထရော ပါဝင်မှုနှုန်းက သင့်တင့်မျှတပြီး အဆိုးမြင်သူများထက် ပိုပြီး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ ရှိကြကြောင်း တွေ့ရပါတယ်။ အကောင်းမြင်တတ်သူများသည် ဆေးလိပ်လည်း သိပ်မသောက်တတ်ကြသလို ကိုယ်အလေးချိန်ကလည်း အဝမလွန်ဘဲ ကျစ်ကျစ်လစ်လစ်နဲ့ အသင့်အတင့် ရှိတတ်ကြသည်။ စိတ်ကျန်းမာရေး ကောင်းအောင် လုပ်ပေးခြင်းဖြင့် ကိုယ်ကျန်းမာရေးပါ ကောင်းလာစေနိုင်တယ်လို့ သုတေသန ပြုခဲ့တဲ့ အီလီနွိုက်စ် တက္ကသိုလ် သုတေသနအဖွဲ့က ပြောပြခဲ့ပါတယ်။

ပျော်ပျော်နေ သေခဲ

သွေးပေါင်ချိန်များတာ၊ နည်းတာ၊ ဆေးလိပ်သောက်တာတွေအပြင် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း မလုပ်တာကြောင့် သွေးတွင်းထဲမှာ ကိုလက်စထရော (Cholesterol) ၊ သကြားဓာတ်များသူများ၊ အဝလွန်ရောဂါဖြစ်နေသူများနဲ့  မိသားစုထဲမှာ နှလုံးရောဂါရှိဖူးသူများက နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများကြတယ်လို့ ဆိုပါတယ်။

စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ် ဆိုသလိုပါပဲ။ အကောင်းမြင်မယ်ဆိုရင် အမှတ်တစ်မှတ်ပေးနှုန်းဖြင့် ပြုလုပ်တဲ့ အီလီနွိုက်စ် တက္ကသိုလ် သုတေသနအဖွဲ့က ဖော်ပြခဲ့တဲ့ အဖြေအရ အကောင်းမြင်နှုန်း များလေ နှလုံးကျန်းမာရေး ရမှတ်တွေလည်း ပိုကောင်းလေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကို ကြည့်ပြီး အကောင်းမြင်ခြင်းနဲ့  နှလုံးကျန်းမာရေးက တိုက်ရိုက်ဆက်သွယ်နေတာကြောင့် နှလုံးကျန်းမာရေးကောင်းမွန်ချင်ရင် အကောင်းများများ မြင်တတ်ဖို့ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top