iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်ရဲ့အသက်အရွယ်က အရပ်အမောင်းနဲ့လည်း ဆိုင်ပါတယ်။ အသက် ၁၈နှစ်မပြည့်မချင်း ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပါတယ်။ ဒါ့ကြောင့် နုပျိုနေသေးသူများနဲ့ လူငယ်များ ကြွက်သားဖွံ့ဖြိုးစေဖို့ လေ့ကျင့်ခန်းတချို့ပြုလုပ်သင့်ပါတယ်။အောက်ပါအချက်တို့က အရပ်အမောင်း တိုးမြင့်စေမယ့် လေ့ကျင့်ခန်းတချို့ဖြစ်ပါတယ်။
၁။ ကြိုးခုန်ခြင်း

ကြိုးခုန်ခြင်းက ခန္ဓာကိုယ်ဆန့်ထုတ်ခြင်းအတွက် အထူးသဖြင့် ခြေထောက်အောက်ပိုင်းအတွက် အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခုန်လွှားလှုပ်ရှားမှုကနေတဆင့် ကြွက်သားတွေ ကြီးထွားပြီး အရပ်အမောင်းရှည်ထွက်လာမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မကြာခဏလုပ်ပေးပါ။
၂။ တင်ပါးဆုံရိုး လှုပ်ရှားခြင်း

ဒီလေ့ကျင့်ခန်းက တင်ပါးအောက်ပိုင်းနဲ့ ကျောရိုးကို ပစ်မှတ်ထားပြီး အရပ်မြင့်ဖို့အတွက် အထိရောက်ဆုံးလေ့ကျင့်တွေထဲက တစ်ခုလို့ သတ်မှတ်ထားပါတယ်။
ပြုလုပ်နည်း
လက်ဖဝါးဘေးနားချလျက် ပက်လက်လှဲနေရပါမယ်။ တင်ပါးဆုံရိုးကို ခြေထောက်ကွေးရင်း အပေါ်ဘက်သို့ ဖြေးဖြေးချင်းမပါ။ အဲဒီအနေအထားအတိုင်း အနည်းဆုံး ၂၀-၃၀ မိနစ် ထိန်းပေးပါ။ အဲဒီတိုင်း အကြိမ်ကြိမ်ပြန်လုပ်ပါ။
၃။ ရေကူးခြင်း

ရေကူးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတစ်ခု  ဖြစ်ပါတယ်။ ရေကူးခြင်းဖြင့် အရပ်အမောင်း ဖြည်းဖြည်းချင်း ထွက်လာစေနိုင်ပါတယ်။ ဒါပေမယ့် အကျိုးရလဒ်မြင်ရဖို့ မကြခဏ အတန်ကြာပြုလုပ်ဖို့ လိုအပ်ပါတယ်။ အနည်းဆုံး တစ်နေ့ ၂နာရီရေကူးပေးဖို့ အကြံပြုထားပါတယ်။
၎။ Cobra Stretch

Cobra stretch က ခန္ဓာကိုယ် ရှည်ထွက်စေခြင်းနဲ့ ကျောရိုးဆန့်လေ့ကျင့်ခန်းဖြစ်ပါတယ်။ ပိုလုပ်နိုင်လေ အရပ်အမောင်း ပိုရှည်လေ ဖြစ်ပါတယ်။
ပြုလုပ်နည်း
ပခုံးအောက်မှာ လက်ဖဝါးနဲ့ထောက်ပါ။ ကျောရိုးကောက်ကွေးရင်း မေးစေ့မော့ကာ စောင့်ချိုးတစ်ခု ပုံဖော်ရပါမယ်။
၅။ တွဲလောင်းခိုလေ့ကျင့်ခန်း


တွဲလောင်းခိုလေ့ကျင့်ခန်းဆိုသလို တန်းတစ်ခုပေါ် တွဲလောင်းချိတ်ပြီး မိမိခန္ဓာကိုယ်ကို ဆန့်ထုတ်ရမှာ ဖြစ်ပါတယ်။ နောက်ပုံစံတစ်မျိုးက အဲဒီလိုတွဲလောင်းချိတ်နေရင်း ခြေထောက်နှစ်ဖက်ကို မျက်နှာကြက်ဘက်ပြိုင်တူမရပါမယ်။
၆။ ခြေချောင်းထိခြင်း

ခြေချောင်းတွေထိဖို့ အခက်တွေ့နေရင် ဆန့်နိုင်သလောက်သာ ဆန့်ပါ။ ဖြောင့်ဖြောင့်ရပ်လျက် ခြေချောင်းတွေထိနိုင်ဖို့ ကိုယ်ကို ကိုင်းညွှတ်ခြင်းဖြင့် ဒီလေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။ စက္ကန့်အနည်းငယ် အဲ့တိုင်းနေရပါမယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top