သင့္ တစ္ကိုယ္လံုးမွာ ဦးေႏွာက္က အေရးအပါဆံုး ျဖစ္ပါတယ္။ ဦးေႏွာက္
က်န္းမာဖြံ႕ၿဖိဳးေအာင္ အာဟာရျပည့္ဝတဲ့ အစားအစာေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြ
မ်ားမ်ားစားေပးရပါတယ္။ ငါးႀကီးဆီလိုမ်ိဳး က်န္းမာေရးကို
အေထာက္အကူျပဳႏိုင္တဲ့ အဆီေတြကို စားသံုးျခင္းျဖင့္
ဦးေႏွာက္အာရုံေၾကာေသးေသးေလးေတြကိုပါ ဖံြ႕ၿဖိဳးလာေစႏိုင္ပါတယ္။
အစားအေသာက္ကို ဂရုစိုက္သလိုပဲ အေနအထိုင္ကိုပါ ဂရုစိုက္ႏိုင္ဖို႔ လိုပါတယ္။
ကမၻာ့က်န္းမာေရးအဖြဲ႔အစည္း (WHO) အတည္ျပဳထားတဲ့ ဦးေႏွာက္ကို ပ်က္စီးေစတဲ့
အက်င့္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
က်န္းမာေရးမေကာင္းခ်ိန္မွာ ဦးေႏွာက္ကို အသံုးျပဳျခင္း
က်န္းမာေရးမေကာင္းခ်ိန္မွာ
(ဦးေႏွာက္သံုးရတဲ့) အလုပ္ျပင္းထန္စြာလုပ္တာမ်ိဳး၊ စာက်က္စာဖတ္တာမ်ိဳးေတြဟာ
ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ႏိုင္မႈေတြကို ေလ်ာ့က်ေစသလို ဦးေႏွာက္ကိုလည္း
ပ်က္စီးေစပါတယ္။
စကားနည္းျခင္း
အသိဥာဏ္ အေတြးအေခၚပိုင္းပါတဲ့ စကားစျမည္မ်ိဳး ေျပာေပးျခင္းေၾကာင့္ ဦးေႏွာက္ရဲ႕စြမ္းရည္ကိုတိုးတက္ေစပါတယ္။
စိတ္၀င္စားတက္ႂကြစြာ စဥ္းစားေတြးေခၚမႈမရွိျခင္း
စဥ္းစားေတြးေခၚျခင္းဟာ
ဦးေႏွာက္ကို ေလ့က်င့္ေပးဖို႔ အေကာင္းဆံုးနည္းလမ္း ျဖစ္ပါတယ္။ ဦးေႏွာက္ကို
တက္ႂကြေစတဲ့ စဥ္းစားေတြးေခၚမႈေတြ လုပ္မေပးရင္ ဦးေႏွာက္ကို က်ံဳ႕ေစပါတယ္။
အိပ္ခ်ိန္မွာ ေခါင္းကို ဖံုးအုပ္ထားျခင္း
ေခါင္းကိုဖံုးအုပ္ၿပီး
(ေခါင္းျမီးျခံဳၿပီး) အိပ္ျခင္းအားျဖင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ
စုစည္းမႈကို တိုးလာေစၿပီး ေအာက္ဆီဂ်င္စုစည္းမႈကိုေတာ့ ေလ်ာ့က်ေစတာေၾကာင့္
ဦးေႏွာက္ကို ပ်က္စီးေစတဲ့ အက်ိဳးဆက္ကို ရေစပါတယ္။
အိပ္ခ်ိန္မလံုေလာက္ျခင္း
အိပ္စက္ျခင္းဟာ
ဦးေႏွာက္ကို အနားရေစပါတယ္။ အိပ္ခ်ိန္မလံုေလာက္တာမ်ိဳး
ေရရွည္ျဖစ္လာတဲ့အခါမွာ ဦးေႏွာက္ရဲ႕ဆဲလ္ေတြ ေသဆံုးတဲ့ႏႈန္း
ျမင့္မားလာေစပါတယ္။
ေလထုညစ္ညမ္းျခင္း
ဦးေႏွာက္ဟာ
ကိုယ္ခႏၶာမွာ ေအာက္ဆီဂ်င္ကို အမ်ားဆံုးအသံုးျပဳတဲ့ အစိတ္အပိုင္းျဖစ္ပါတယ္။
ညစ္ညမ္းတဲ့ေလကို ရႈသြင္းျခင္းအားျဖင့္ ဦးေႏွာက္ကို ေအာက္ဆီဂ်င္ေထာက္ပံ့မႈ
ေလ်ာ့နည္းေစၿပီး ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ရည္ကို က်ဆင္းေစပါတယ္။
ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ျခင္းေၾကာင့္
ဦးေႏွာက္ကို က်ဳံ႕ေစသလို အယ္လ္ဇိုင္းမားေရာဂါ (လူရဲ႕မွတ္ဥာဏ္နဲ႔
စဥ္းစားဆင္ျခင္ႏိုင္စြမ္းေတြကို က်ဆင္းေစတဲ့ေရာဂါ) ပါ ျဖစ္လာႏိုင္ပါတယ္။
အခ်ိဳမ်ားလြန္ကဲစြာစားျခင္း
အခ်ိဳဓာတ္ေတြ
လြန္ကဲေနခဲ့ရင္ ပရိုတိန္းဓာတ္နဲ႔ အာဟာရေတြ စုပ္ယူမႈကို
အဟန္႔အတားျဖစ္ေစၿပီး အာဟာရခ်ိဳ႕တဲ့ေစတဲ့အျပင္ ဦးေႏွာက္ဖြံ႕ျဖိဳးမႈကိုပါ
အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။
လြန္ကဲစြာစားေသာက္ျခင္း
လိုအပ္တာထက္ ပိုစားေသာက္ျခင္းအားျဖင့္ ဦးေႏွာက္ရဲ႕ ေသြးလႊတ္ေၾကာေတြကို တင္းမာေစၿပီး စိတ္စြမ္းရည္ကိုပါ က်ဆင္းေစပါတယ္။
မနက္စာမစားျခင္း
မနက္စာမစားသူေတြရဲ႕
ေသြးထဲမွာ သၾကားဓာတ္ ပိုနည္းတတ္ပါတယ္။ အဲဒါရဲ႕ အက်ိဳးဆက္အေနနဲ႔
ဦးေႏွာက္အတြက္ လံုေလာက္တဲ့ အာဟာရမရေတာ့ဘဲ ဦးေႏွာက္ရဲ႕စြမ္းရည္ကို
က်ဆင္းေစပါတယ္/
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင့်
တစ်ကိုယ်လုံးမှာ ဦးနှောက်က အရေးအပါဆုံး ဖြစ်ပါတယ်။ ဦးနှောက်
ကျန်းမာဖွံ့ဖြိုးအောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေနဲ့ ဟင်းသီးဟင်းရွက်တွေ
များများစားပေးရပါတယ်။ ငါးကြီးဆီလိုမျိုး ကျန်းမာရေးကို
အထောက်အကူပြုနိုင်တဲ့ အဆီတွေကို စားသုံးခြင်းဖြင့်
ဦးနှောက်အာရုံကြောသေးသေးလေးတွေကိုပါ ဖွံ့ဖြိုးလာစေနိုင်ပါတယ်။
အစားအသောက်ကို ဂရုစိုက်သလိုပဲ အနေအထိုင်ကိုပါ ဂရုစိုက်နိုင်ဖို့ လိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အတည်ပြုထားတဲ့ ဦးနှောက်ကို ပျက်စီးစေတဲ့
အကျင့်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ
(ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ
ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း
ပျက်စီးစေပါတယ်။
စကားနည်းခြင်း
အသိဉာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်ကိုတိုးတက်စေပါတယ်။
စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို
တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။
အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး
(ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့်
ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ
ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး
ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း
မြင့်မားလာစေပါတယ်။
လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ
ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို
အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို
ကျဆင်းစေပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့်
ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဉာဏ်နဲ့
စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။
အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ
လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောင့်အယှက် ဖြစ်စေပါတယ်။
လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့
သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့
ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရမရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို
ကျဆင်းစေပါတယ်/
Credit:Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဦးေႏွာက္ကို ပ်က္စီးေစတဲ့ အက်င့္ (၁၀) ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။