လူတိုင္း အိပ္မက္မက္ဖူးၾကမွာပါ။ အိပ္မက္မက္တယ္ဆိုတာ သင့္ရဲ့ မသိစိတ္မွာ
စဲြထင္မွတ္မိေနတဲ့အရာေတြ သူ႔အလိုလို ျပန္လည္ထင္ဟပ္တဲ့ ပံုရိပ္ေတြပဲ
ျဖစ္ပါတယ္။ ဓာတ္ပံု အယ္လ္ဘမ္တစ္အုပ္ကို တစ္ရြက္ၿပီး
တစ္ရြက္လွန္ၾကည့္ေနသလိုမ်ိဳး ပံုရိပ္ေတြပဲ တစ္ခုၿပီး တစ္ခု
ဆက္တုိက္ေပၚေနတာပါ။ အိပ္ေပ်ာ္ေနစဥ္မွာ သူ႔အလိုလို ေပၚလာတဲ့
အေၾကာင္းအရာေတြနဲ႔ အျဖစ္အပ်က္ေတြအေပၚမွာ သင့္ရဲ့ ထိန္းခ်ဳပ္ႏိုင္စြမ္းနဲ႔
ေျပာင္းလဲႏိုင္စြမ္းေတြ ကင္းမဲ့ေနမွာပါ။
သင္
အိပ္ေပ်ာ္သြားၿပီဆိုတာနဲ႔ ႏွလံုးခုန္ႏႈန္း ေႏွးသြားမယ္။ ကိုယ္အပူခ်ိန္ကလည္း
ေလ်ာ့လာၿပီးေတာ့ တစ္ကိုယ္လံုး ေျဖေလ်ာ့ၿပီး အနားယူမယ့္အခ်ိန္
ေရာက္လာပါၿပီ။ ဒီအခ်ိန္မွာ ဦးေႏွာက္ကေတာ့ သင္ ႏိုးေနခ်ိန္တုန္းက
ေတြးခဲ့တဲ့ အေတြးေတြ၊ အၾကံေတြနဲ႔ ေတြ႕ခဲ့သမွ် ျမင္ခဲ့သမွ် ျမင္ကြင္းေတြ၊
တစ္ေန႔တာ ျဖစ္ပ်က္ခဲ့သမွ် အျဖစ္အပ်က္ေတြ
တစ္ခုခ်င္းစီျပန္ေတြးတဲ့အခ်ိန္ေရာက္လာပါၿပီ။ ဘာလို႔ ဒီလို
ေတြးတာေတြျဖစ္ရသလဲဆိုတာကို ေဆးပညာ႐ႈေထာင့္ကေန အမ်ိဳးမ်ိဳးရွင္းျပထားတာေတြ
ရွိပါတယ္။ ခႏၶာကိုယ္ကေန စိတ္ကို အလိုလိုကုသတဲ့ စိတ္ကုနည္း (Psychotherapy)
တစ္မ်ိဳးလို႔လည္း ဆိုၾကပါတယ္။
အိပ္စက္ျခင္းမွာ အဆင့္ (၅) ဆင့္
ရွိၿပီး ေနာက္ဆံုးအဆင့္ (၅) က်မွ အိပ္မက္မက္ေလ့ရွိပါတယ္။ အိပ္ေပ်ာ္ကာစမွာ
မ်က္လံုးက အရင္ဆံုး ျဖည္းျဖည္းေလး စလည္လာတယ္။ ၾကြက္သားေတြ
ေပ်ာ့ေပ်ာင္းလာၿပီး အစာေျခလုပ္ငန္းနဲ႔ အျခား ခႏၶာကိုယ္တြင္းလုပ္ငန္းေတြပါ
ေႏွးေကြးလာမယ္။ မ်က္လံုးလည္ေနတာေတြ ရပ္သြားၿပီး ဦးေႏွာက္လိႈင္းေတြ
အလုပ္လုပ္တာပါ ေႏွးေကြးလာမယ္။ ဒီ ဦးေႏွာက္လိႈင္းေႏွးေႏွးေလးေတြကို
ဒယ္လ္တာလိႈင္း (Delta Wave) ေတြလို႔ ေခၚတယ္။ ၿပီးရင္ေတာ့ ႏွစ္ၿခိဳက္စြာ
အိပ္ေပ်ာ္သြားတဲ့အခ်ိန္ကို ေရာက္သြားပါၿပီ။ ေနာက္ဆံုးအဆင့္ျဖစ္တဲ့ အဆင့္
(၅)ကေတာ့ REM အဆင့္ ျဖစ္ၿပီး ဒီအဆင့္မွာ မ်က္လံုးလည္တဲ့ႏႈန္းက အေတာ္ႀကီး
ျမန္လာပါမယ္။ မ်က္လံုးက အရပ္ရွစ္မ်က္ႏွာကို ဘက္ေပါင္းစံု လည္ေနတာပါ။
အသက္ရွဴတာကလည္း မမွန္ေတာ့ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၿပီမို႔
ေတာ္ေတာ္နဲ႔ မႏိုးႏိုင္ေတာ့ဘူး။
အိမ္မက္ထဲက ဇာတ္လမ္းေတြဟာ
ကိုယ္မႀကိဳက္တာနဲ႔ ကိုယ္မသိခ်င္ေယာင္ေဆာင္ထားတာေတြနဲ႔ ပတ္သတ္ေနတတ္တယ္။
စမ္းသပ္မႈတစ္ခုရဲ့ စမ္းသပ္ခ်က္အရ လူေတြကို မအိပ္ခင္ သူတို႔မုန္းတဲ့ကိစၥေတြ
ေျပာဆိုထားတာ၊ ႏွိမ္ထားတာနဲ႔ သိမ္ငယ္ေအာင္ လုပ္ထားလိုက္တယ္။ သူတို႔
အိပ္သြားတဲ့အခါ မက္တဲ့အိပ္မက္ေတြက သူတို႔မုန္းတဲ့အေၾကာင္းေတြ ျဖစ္ေနတတ္တယ္။
မအိပ္ခင္မွာ ဒီလိုေတြ ေျပာဆိုထားတာက လူတစ္ေယာက္ကို စိတ္ေဝဒနာ
ျဖစ္ေစႏိုင္တယ္။ ေကာင္းေကာင္းမြန္မြန္ေျပာဆိုေခ်ာ့ေမာ့ၿပီး
သိပ္ထားလိုက္မယ္ဆိုရင္ သူမက္တဲ့ အိပ္မက္ေတြက ေပ်ာ္စရာေတြ ျဖစ္ေနတတ္တယ္။
ကေလးဘဝကစၿပီးေတာ့ အရြယ္ေရာက္လာေလ အိပ္မက္ပိုမက္လာေလ ျဖစ္လာတယ္။
အသက္အရြယ္ႀကီးရင့္သူေတြမွာ အိပ္မက္မက္တာ ရွားသြားေလ့ရွိပါတယ္။
မိန္းကေလးထက္
ေယာက်္ားေလးေတြက ၾကမ္းၾကမ္းတမ္းတမ္းအိပ္မက္ေတြ ပိုမက္ေလ့ရွိၾကတယ္။
တစ္ခ်ိဳ႕က ႏိုးႏိုးခ်င္း မွတ္မိသလို ရွိေပမယ္ တခ်ိဳ႕က လံုးဝ
မမွတ္မိတတ္ၾကဘူး။ အိပ္မက္မက္တာေၾကာင့္ တစ္ခ်ိဳ႕ အေၾကာင္းအရာေတြကို
နားလည္ႏိုင္စြမ္းေတြ ျမင့္မားလာမယ္။ အေျပာင္းအလဲေတြအတြက္
အဆင္သင့္ျဖစ္ေနေစမယ္။ တစ္စံုတစ္ခု ဆံုး႐ႈံးသြားတာ၊ တစ္ခုုခု ထိတ္လန္႔သြားတာ
စတာေတြေၾကာင့္ ျဖစ္လာရတဲ့ ထိတ္္လန္႔မႈ၊ ေၾကာက္လန္႕မႈေတြကို
ခံႏိုင္ရည္ရွိလာမယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတိုင်း အိပ်မက်မက်ဖူးကြမှာပါ။ အိပ်မက်မက်တယ်ဆိုတာ သင့်ရဲ့ မသိစိတ်မှာ
စွဲထင်မှတ်မိနေတဲ့အရာတွေ သူ့အလိုလို ပြန်လည်ထင်ဟပ်တဲ့ ပုံရိပ်တွေပဲ
ဖြစ်ပါတယ်။ ဓာတ်ပုံ အယ်လ်ဘမ်တစ်အုပ်ကို တစ်ရွက်ပြီး
တစ်ရွက်လှန်ကြည့်နေသလိုမျိုး ပုံရိပ်တွေပဲ တစ်ခုပြီး တစ်ခု
ဆက်တိုက်ပေါ်နေတာပါ။ အိပ်ပျော်နေစဉ်မှာ သူ့အလိုလို ပေါ်လာတဲ့
အကြောင်းအရာတွေနဲ့ အဖြစ်အပျက်တွေအပေါ်မှာ သင့်ရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့
ပြောင်းလဲနိုင်စွမ်းတွေ ကင်းမဲ့နေမှာပါ။
သင်
အိပ်ပျော်သွားပြီဆိုတာနဲ့ နှလုံးခုန်နှုန်း နှေးသွားမယ်။
ကိုယ်အပူချိန်ကလည်း လျော့လာပြီးတော့ တစ်ကိုယ်လုံး ဖြေလျော့ပြီး
အနားယူမယ့်အချိန် ရောက်လာပါပြီ။ ဒီအချိန်မှာ ဦးနှောက်ကတော့ သင်
နိုးနေချိန်တုန်းက တွေးခဲ့တဲ့ အတွေးတွေ၊ အကြံတွေနဲ့ တွေ့ခဲ့သမျှ
မြင်ခဲ့သမျှ မြင်ကွင်းတွေ၊ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေ
တစ်ခုချင်းစီပြန်တွေးတဲ့အချိန်ရောက်လာပါပြီ။ ဘာလို့ ဒီလို
တွေးတာတွေဖြစ်ရသလဲဆိုတာကို ဆေးပညာရှုထောင့်ကနေ အမျိုးမျိုးရှင်းပြထားတာတွေ
ရှိပါတယ်။ ခန္ဓာကိုယ်ကနေ စိတ်ကို အလိုလိုကုသတဲ့ စိတ်ကုနည်း (Psychotherapy)
တစ်မျိုးလို့လည်း ဆိုကြပါတယ်။
အိပ်စက်ခြင်းမှာ အဆင့် (၅) ဆင့်
ရှိပြီး နောက်ဆုံးအဆင့် (၅) ကျမှ အိပ်မက်မက်လေ့ရှိပါတယ်။ အိပ်ပျော်ကာစမှာ
မျက်လုံးက အရင်ဆုံး ဖြည်းဖြည်းလေး စလည်လာတယ်။ ကြွက်သားတွေ
ပျော့ပျောင်းလာပြီး အစာခြေလုပ်ငန်းနဲ့ အခြား ခန္ဓာကိုယ်တွင်းလုပ်ငန်းတွေပါ
နှေးကွေးလာမယ်။ မျက်လုံးလည်နေတာတွေ ရပ်သွားပြီး ဦးနှောက်လှိုင်းတွေ
အလုပ်လုပ်တာပါ နှေးကွေးလာမယ်။ ဒီ ဦးနှောက်လှိုင်းနှေးနှေးလေးတွေကို
ဒယ်လ်တာလှိုင်း (Delta Wave) တွေလို့ ခေါ်တယ်။ ပြီးရင်တော့ နှစ်ခြိုက်စွာ
အိပ်ပျော်သွားတဲ့အချိန်ကို ရောက်သွားပါပြီ။ နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်
(၅)ကတော့ REM အဆင့် ဖြစ်ပြီး ဒီအဆင့်မှာ မျက်လုံးလည်တဲ့နှုန်းက အတော်ကြီး
မြန်လာပါမယ်။ မျက်လုံးက အရပ်ရှစ်မျက်နှာကို ဘက်ပေါင်းစုံ လည်နေတာပါ။
အသက်ရှူတာကလည်း မမှန်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီမို့
တော်တော်နဲ့ မနိုးနိုင်တော့ဘူး။
အိမ်မက်ထဲက ဇာတ်လမ်းတွေဟာ
ကိုယ်မကြိုက်တာနဲ့ ကိုယ်မသိချင်ယောင်ဆောင်ထားတာတွေနဲ့ ပတ်သတ်နေတတ်တယ်။
စမ်းသပ်မှုတစ်ခုရဲ့ စမ်းသပ်ချက်အရ လူတွေကို မအိပ်ခင်
သူတို့မုန်းတဲ့ကိစ္စတွေ ပြောဆိုထားတာ၊ နှိမ်ထားတာနဲ့ သိမ်ငယ်အောင်
လုပ်ထားလိုက်တယ်။ သူတို့ အိပ်သွားတဲ့အခါ မက်တဲ့အိပ်မက်တွေက
သူတို့မုန်းတဲ့အကြောင်းတွေ ဖြစ်နေတတ်တယ်။ မအိပ်ခင်မှာ ဒီလိုတွေ
ပြောဆိုထားတာက လူတစ်ယောက်ကို စိတ်ဝေဒနာ ဖြစ်စေနိုင်တယ်။
ကောင်းကောင်းမွန်မွန်ပြောဆိုချော့မော့ပြီး သိပ်ထားလိုက်မယ်ဆိုရင် သူမက်တဲ့
အိပ်မက်တွေက ပျော်စရာတွေ ဖြစ်နေတတ်တယ်။ ကလေးဘဝကစပြီးတော့ အရွယ်ရောက်လာလေ
အိပ်မက်ပိုမက်လာလေ ဖြစ်လာတယ်။ အသက်အရွယ်ကြီးရင့်သူတွေမှာ အိပ်မက်မက်တာ
ရှားသွားလေ့ရှိပါတယ်။
မိန်းကလေးထက် ယောကျ်ားလေးတွေက
ကြမ်းကြမ်းတမ်းတမ်းအိပ်မက်တွေ ပိုမက်လေ့ရှိကြတယ်။ တစ်ချို့က နိုးနိုးချင်း
မှတ်မိသလို ရှိပေမယ် တချို့က လုံးဝ မမှတ်မိတတ်ကြဘူး။ အိပ်မက်မက်တာကြောင့်
တစ်ချို့ အကြောင်းအရာတွေကို နားလည်နိုင်စွမ်းတွေ မြင့်မားလာမယ်။
အပြောင်းအလဲတွေအတွက် အဆင်သင့်ဖြစ်နေစေမယ်။ တစ်စုံတစ်ခု ဆုံးရှုံးသွားတာ၊
တစ်ခုုခု ထိတ်လန့်သွားတာ စတာတွေကြောင့် ဖြစ်လာရတဲ့ ထိတ်လန့်မှု၊
ကြောက်လန့်မှုတွေကို ခံနိုင်ရည်ရှိလာမယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အိပ္မက္ ဘာလို႔ မက္တာလဲ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။