iMyanmarHouse.com - Best Property Website for Myanmar
×

ႏွလံုးဟာ လူ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြထဲက အေရးအႀကီးဆံုး ျဖစ္ပါတယ္။ ႏွလံုးနဲ႔ဆုိင္တဲ့ ေရာဂါေတြဟာ ႀကိဳတင္သိ႐ွိျခင္း မ႐ွိဘဲ ရုတ္တရက္ၾကံဳရတာမ်ိဳး ျဖစ္ပါတယ္။ ဒါေပမဲ့ ကိုယ့္ရဲ႕ႏွလံုးက ပံုမွန္မဟုတ္ဘူးဆုိတာကိုေတာ့ ဒီလကၡဏာကိုေတြကိုၾကည့္ၿပီး သိႏိုင္ပါတယ္။ ဒီလိုေတြၾကံဳေနရၿပီဆုိရင္ ဆရာဝန္ဆီျမန္ျမန္သြားၿပီး ႏွလံုးက်န္းမာေရးကို စစ္ေဆးလိုက္ပါ။

၁။ ရင္ဘတ္ေအာင့္တာ

ရင္ဘတ္နားက ေအာင့္တာ၊ နာက်င္တာမ်ိဳး ခံစားရပါတယ္။ ရင္ဘတ္ေပၚမွာ ဆင္တစ္ေကာင္လံုး တက္ဖိထားသလိုမ်ိဳး ေလးလံၿပီး ေအာင့္ေနတာမ်ိဳး၊ ႏွလံုးထဲက ၾကြက္သားေတြ အတင္းဆြဲဆုပ္ထားသလို ခံစားရတာမ်ိဳးေတြဟာ ႏွလံုးသိပ္မေကာင္းဘူးဆုိတဲ့ လကၡဏာတစ္ခုပါ။ တစ္ခါတစ္ေလက်ရင္ ႏွလံုးမဟုတ္ဘဲ ပုခံုး၊ လက္ေမာင္း၊ လည္ပင္းနဲ႔ ေမး႐ိုးေတြ နာက်င္ေနရတာလည္း ရွိတတ္ပါတယ္။

၂။ အသက္႐ႈတိုေတာင္းျခင္း

အသက္႐ႈတဲ့အခါ ခပ္ျမန္ျမန္ ႐ႈသြင္း၊ ရႈထုတ္လိုက္တာမ်ိဳးကလည္း သိပ္ေကာင္းတဲ့အရာ မဟုတ္ပါဘူး။ ေလွကားအတက္အဆင္းေတြမွာ အသက္မ႐ႈႏိုင္ဘဲ ေဟာဟဲ႐ိုက္ေနတာမ်ိဳးလိုေပါ့။ ဒါက ႏွလံုးအဆို႔နဲ႔ ဆက္ႏႊယ္ေနႏိုင္ပါတယ္။

၃။ ေမာပန္းႏြမ္းနယ္မႈ

အမ်ိဳးသမီးအေတာ္မ်ားမ်ားဟာ အေၾကာင္းရင္း တိတိက်က်မရွိဘဲ အလုပ္ထဲမွာ ေမာပန္းႏြမ္းနယ္ေနၾကရတာကို ခံစားေနရရင္း ရုတ္တရက္ႏွလံုးရပ္သြားတာမ်ိဳး ျဖစ္ရပါတယ္။ အိပ္ေရးမဝျခင္းကို ကာလရွည္ၾကာ ရင္ဆိုင္ေနရတာလည္း မျဖစ္သင့္ပါဘူး။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နှလုံးဟာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက အရေးအကြီးဆုံး ဖြစ်ပါတယ်။ နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေဟာ ကြိုတင်သိရှိခြင်း မရှိဘဲ ရုတ်တရက်ကြုံရတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့နှလုံးက ပုံမှန်မဟုတ်ဘူးဆိုတာကိုတော့ ဒီလက္ခဏာကိုတွေကိုကြည့်ပြီး သိနိုင်ပါတယ်။ ဒီလိုတွေကြုံနေရပြီဆိုရင် ဆရာဝန်ဆီမြန်မြန်သွားပြီး နှလုံးကျန်းမာရေးကို စစ်ဆေးလိုက်ပါ။

၁။ ရင်ဘတ်အောင့်တာ

ရင်ဘတ်နားက အောင့်တာ၊ နာကျင်တာမျိုး ခံစားရပါတယ်။ ရင်ဘတ်ပေါ်မှာ ဆင်တစ်ကောင်လုံး တက်ဖိထားသလိုမျိုး လေးလံပြီး အောင့်နေတာမျိုး၊ နှလုံးထဲက ကြွက်သားတွေ အတင်းဆွဲဆုပ်ထားသလို ခံစားရတာမျိုးတွေဟာ နှလုံးသိပ်မကောင်းဘူးဆိုတဲ့ လက္ခဏာတစ်ခုပါ။ တစ်ခါတစ်လေကျရင် နှလုံးမဟုတ်ဘဲ ပုခုံး၊ လက်မောင်း၊ လည်ပင်းနဲ့ မေးရိုးတွေ နာကျင်နေရတာလည်း ရှိတတ်ပါတယ်။

၂။ အသက်ရှုတိုတောင်းခြင်း

အသက်ရှုတဲ့အခါ ခပ်မြန်မြန် ရှုသွင်း၊ ရှုထုတ်လိုက်တာမျိုးကလည်း သိပ်ကောင်းတဲ့အရာ မဟုတ်ပါဘူး။ လှေကားအတက်အဆင်းတွေမှာ အသက်မရှုနိုင်ဘဲ ဟောဟဲရိုက်နေတာမျိုးလိုပေါ့။ ဒါက နှလုံးအဆို့နဲ့ ဆက်နွှယ်နေနိုင်ပါတယ်။

၃။ မောပန်းနွမ်းနယ်မှု

အမျိုးသမီးအတော်များများဟာ အကြောင်းရင်း တိတိကျကျမရှိဘဲ အလုပ်ထဲမှာ မောပန်းနွမ်းနယ်နေကြရတာကို ခံစားနေရရင်း ရုတ်တရက်နှလုံးရပ်သွားတာမျိုး ဖြစ်ရပါတယ်။ အိပ်ရေးမဝခြင်းကို ကာလရှည်ကြာ ရင်ဆိုင်နေရတာလည်း မဖြစ်သင့်ပါဘူး။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top