iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်ၤားေလးတစ္ေယာက္ ကိုယ့္ကို သေဘာက်ေနၿပီဆိုတာ ဘယ္လိုသိႏိုင္မလဲ။ ကိုယ့္ကို သေဘာက်ေနၿပီဆိုရင္ သူဘယ္လိုပံုစံမ်ိဳး ျပဳမူတတ္လဲဆိုတာကို မွ်ေ၀ေပးသြားပါမယ္။

သူ႔ရဲ့ မ်က္ႏွာအမူအရာ

သူ႔ရဲ့မ်က္ႏွာအမူအရာေတြက သင္နဲ႔စကားေျပာတဲ့အခါ အရမ္းကို ရင္းႏီွးတဲ့ပံုျပေနတယ္။ သူ႔ရဲ့မ်က္လံုးေတြမွာလည္း သင့္ကို အရမ္းဂရုတစိုက္ရွိလွတယ္။ မ်က္ခံုးေတြကို သြားေတြေပၚေအင္ၿပံဳးလိုက္နဲ႔ သင္စကားေျပာတာကိုလည္း ဂရုတစိုက္နားေထာင္တယ္။ ဒါဆိုရင္ သူသင့္ကို စိတ္၀င္စားေနပါၿပီ။

သူ႔ရ့ဲ ကိုယ္ဟန္အမူအရာ

ေယာက်ၤားေလးေတြဟာ ကိုယ့္ကို သေဘာက်ေနၿပီဆိုတာကို ကိုယ္ဟန္အမူအရာေတြနဲ႔ ျပသေလ့ရွိပါတယ္။ မိန္းကေလးတြမွာေတာ့ ကိုယ့္ကို စိတ္၀င္စားေနၿပီဆိုတာ အလြယ္တကူသိႏိုင္တဲ့ ဆဌမအာရံု ရွိၾကပါတယ္။

အၾကည့္

သင္နဲ႔စကားေျပာတဲ့အခါ သူ႔ရဲ့အၾကည့္ေတြက သင့္ကိုရင္းႏွီးဖို႔ ႀကိဳးစားေနတယ္။ ရင္းႏွီးႏိုင္မဲ့ အခြင့္အေရးေတြကို ရွာေဖြေနတတ္ပါတယ္။ သင့္ကို အၿမဲအရိပ္တၾကည့္ၾကည့္လုပ္ေနတတ္ပါတယ္။ မ်က္လံုးဟာ ႏွလံုးသားရဲ့ တံခါးေပါက္ဆိုတဲ့အတိုင္းပဲ သူနဲ႔ မ်က္လံုးခ်င္ဆံုလိုက္တာနဲ႔ သင္ရိပ္မိႏိုင္ပါတယ္။

သင္ေျပာသမွ်ကို ေသခ်ာနားေထာင္တယ္

သင္စကားေျပာတဲ့အခါမွာ မညည္းမညဴဘဲ ေသခ်ာ ဂရုတစိုက္နားေထာင္ပါတယ္။ ဆိုလိုတာကေတာ့ သင့္ကိုသူစိတ္၀င္စားေနတယ္ဆိုတာကို ျပသခ်င္တာပါပဲ။ အဲဒီအခါမွာ သူ႔အေပၚ သင္ဘယ္လိုသေဘာထားတယ္ဆိုတာကို ျပသေပးပါ။

ပုဂၢိဳလ္ေရးဆိုင္ရာ ေမးခြန္းေတြေမးတယ္

သင့္ကို တစ္ေယာက္ေယာက္က သေဘာက်ေနတယ္ ဆိုၿပီး မတင္မက်ျဖစ္ေနလား။ သင့္အေပၚမွာ ပုဂၢိဳလ္ေရးနဲ႔ဆိုင္တဲ့ ေမးခြန္းေတြ အမ်ားအျပားေမးလာၿပီဆိုရင္ ေသခ်ာေနပါၿပီ။ သင့္မွာ ခ်စ္သူရွိခဲ့ဖူးသလား။ မိသားစုဘယ္ႏွစ္ေယာက္ရွိသလဲ။စသျဖင့္ ေမးခြန္းေတြ ေမးတတ္ပါတယ္။ ကိုယ္သေဘာက်ရင္ေတာ့ ေသခ်ာျပန္ေျဖပါ။ သေဘာမက်ဘူးဆိုရင္လည္း တစ္ခါတည္း သူစိတ္ပ်က္သြားႏိုင္တဲ့ထိ ေျပာပါ။

သင္နဲ႔ ေတြ႔ဖို႔ ႀကိဳးစားမယ္

သင့္ရဲ့ ေဖ့ဘုတ္အေကာင့္ေတာင္းတာ ဒါမွမဟုတ္ ဖုန္းနံပါတ္ေတာင္းတာမ်ိဳး သင္နဲ႔ ဆက္သြယ္ႏိုင္မဲ့သူဆီ အကူအညီေတာင္းတာမ်ိဳးနဲ႔ သင့္ကိုေတြ႔ဖို႔ အေၾကာင္းအမ်ိဳးမ်ိဳးျပ ႀကိဳးစားပါလိမ့္မယ္။

သူ႔ရဲ့ သူငယ္ခ်င္း မိသားစု၀င္ေတြနဲ႔ မိတ္ဆက္ေပးတယ္

သင့္ကို စိတ္၀င္စားေနတဲ့ ေယာက်ၤားေလးတစ္ေယာက္က သူ႔ရဲ့ သူငယ္ခ်င္း မိသားစု၀င္စသျဖင့္ သူ႔အတြက္အေရးပါတဲ့ သူေတြနဲ႔ သင့္ကို မိတ္ဆက္ေပးပါတယ္။ ဒါက ရည္ရြယ္ခ်က္အမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ေအာင္သြယ္ဖို႔ စစ္ကူေတာင္းတာျဖစ္ျဖစ္ သင့္ကို ဘယ္လိုေနလဲဆိုၿပီး အမွတ္ေပးဆံုးျဖတ္ခိုင္းတာပဲျဖစ္ျဖစ္ေပါ့။

သင့္ကိုဖြင့္ေျပာမယ္

သူ႔ရဲ့ကိုယ္ပိုင္နည္းလမ္းနဲ႔ သင့္ကို သေဘာက်ေၾကာင္း ခ်စ္တဲ့အေၾကာင္းဖြင့္ေျပာလာပါလိမ့္မယ္။

ဒီေတာ့ ဘယ္လိုျပန္ေျဖမလဲ။ သူ႔ကိုသေဘာက်လား။ မက်ဘူးလား။

Credit :mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ယောကျၤားလေးတစ်ယောက် ကိုယ့်ကို သဘောကျနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ ကိုယ့်ကို သဘောကျနေပြီဆိုရင် သူဘယ်လိုပုံစံမျိုး ပြုမူတတ်လဲဆိုတာကို မျှဝေပေးသွားပါမယ်။

သူ့ရဲ့ မျက်နှာအမူအရာ

သူ့ရဲ့မျက်နှာအမူအရာတွေက သင်နဲ့စကားပြောတဲ့အခါ အရမ်းကို ရင်းနှီးတဲ့ပုံပြနေတယ်။ သူ့ရဲ့မျက်လုံးတွေမှာလည်း သင့်ကို အရမ်းဂရုတစိုက်ရှိလှတယ်။ မျက်ခုံးတွေကို သွားတွေပေါ်အေင်ပြုံးလိုက်နဲ့ သင်စကားပြောတာကိုလည်း ဂရုတစိုက်နားထောင်တယ်။ ဒါဆိုရင် သူသင့်ကို စိတ်ဝင်စားနေပါပြီ။

သူ့ရဲ့ ကိုယ်ဟန်အမူအရာ

ယောကျၤားလေးတွေဟာ ကိုယ့်ကို သဘောကျနေပြီဆိုတာကို ကိုယ်ဟန်အမူအရာတွေနဲ့ ပြသလေ့ရှိပါတယ်။ မိန်းကလေးတွမှာတော့ ကိုယ့်ကို စိတ်ဝင်စားနေပြီဆိုတာ အလွယ်တကူသိနိုင်တဲ့ ဆဌမအာရုံ ရှိကြပါတယ်။

အကြည့်

သင်နဲ့စကားပြောတဲ့အခါ သူ့ရဲ့အကြည့်တွေက သင့်ကိုရင်းနှီးဖို့ ကြိုးစားနေတယ်။ ရင်းနှီးနိုင်မဲ့ အခွင့်အရေးတွေကို ရှာဖွေနေတတ်ပါတယ်။ သင့်ကို အမြဲအရိပ်တကြည့်ကြည့်လုပ်နေတတ်ပါတယ်။ မျက်လုံးဟာ နှလုံးသားရဲ့ တံခါးပေါက်ဆိုတဲ့အတိုင်းပဲ သူနဲ့ မျက်လုံးချင်ဆုံလိုက်တာနဲ့ သင်ရိပ်မိနိုင်ပါတယ်။

သင်ပြောသမျှကို သေချာနားထောင်တယ်

သင်စကားပြောတဲ့အခါမှာ မညည်းမညူဘဲ သေချာ ဂရုတစိုက်နားထောင်ပါတယ်။ ဆိုလိုတာကတော့ သင့်ကိုသူစိတ်ဝင်စားနေတယ်ဆိုတာကို ပြသချင်တာပါပဲ။ အဲဒီအခါမှာ သူ့အပေါ် သင်ဘယ်လိုသဘောထားတယ်ဆိုတာကို ပြသပေးပါ။

ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းတွေမေးတယ်

သင့်ကို တစ်ယောက်ယောက်က သဘောကျနေတယ် ဆိုပြီး မတင်မကျဖြစ်နေလား။ သင့်အပေါ်မှာ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ အများအပြားမေးလာပြီဆိုရင် သေချာနေပါပြီ။ သင့်မှာ ချစ်သူရှိခဲ့ဖူးသလား။ မိသားစုဘယ်နှစ်ယောက်ရှိသလဲ။စသဖြင့် မေးခွန်းတွေ မေးတတ်ပါတယ်။ ကိုယ်သဘောကျရင်တော့ သေချာပြန်ဖြေပါ။ သဘောမကျဘူးဆိုရင်လည်း တစ်ခါတည်း သူစိတ်ပျက်သွားနိုင်တဲ့ထိ ပြောပါ။

သင်နဲ့ တွေ့ဖို့ ကြိုးစားမယ်

သင့်ရဲ့ ဖေ့ဘုတ်အကောင့်တောင်းတာ ဒါမှမဟုတ် ဖုန်းနံပါတ်တောင်းတာမျိုး သင်နဲ့ ဆက်သွယ်နိုင်မဲ့သူဆီ အကူအညီတောင်းတာမျိုးနဲ့ သင့်ကိုတွေ့ဖို့ အကြောင်းအမျိုးမျိုးပြ ကြိုးစားပါလိမ့်မယ်။

သူ့ရဲ့ သူငယ်ချင်း မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးတယ်

သင့်ကို စိတ်ဝင်စားနေတဲ့ ယောကျၤားလေးတစ်ယောက်က သူ့ရဲ့ သူငယ်ချင်း မိသားစုဝင်စသဖြင့် သူ့အတွက်အရေးပါတဲ့ သူတွေနဲ့ သင့်ကို မိတ်ဆက်ပေးပါတယ်။ ဒါက ရည်ရွယ်ချက်အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အောင်သွယ်ဖို့ စစ်ကူတောင်းတာဖြစ်ဖြစ် သင့်ကို ဘယ်လိုနေလဲဆိုပြီး အမှတ်ပေးဆုံးဖြတ်ခိုင်းတာပဲဖြစ်ဖြစ်ပေါ့။

သင့်ကိုဖွင့်ပြောမယ်

သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ သင့်ကို သဘောကျကြောင်း ချစ်တဲ့အကြောင်းဖွင့်ပြောလာပါလိမ့်မယ်။

ဒီတော့ ဘယ်လိုပြန်ဖြေမလဲ။ သူ့ကိုသဘောကျလား။ မကျဘူးလား။

Credit :mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top