iMyanmarHouse.com - Best Property Website for Myanmar
×

လက္ဆစ္ေတြ တေျဖာက္ေျဖာက္နဲ႔ ခ်ိဳးျခင္းက လက္ဆစ္မ်ားကို ဒဏ္ျဖစ္ေစၿပီး အဆစ္မ်ားကို ႀကီးမားလာေစတယ္ဆိုတာက မမွန္ကန္ေၾကာင္း အသစ္စက္စက္ ေလ့လာခ်က္တစ္ခုအရ သိရပါတယ္။

ေျမာက္အေမရိကႏိုင္ငံ ဓာတ္မွန္ဌာနမွ သုေတသီမ်ားက လူအေယာက္ (၄၀) အား လက္ဆစ္ခ်ိဳးေစၿပီး ခ်ိဳးေနခ်ိန္မွာ လက္အဆစ္ရဲ့ လႈပ္ရွားမႈေတြကို အာထရာေဆာင္းျဖင့္ ေသခ်ာၾကည့္႐ႈေလ့လာခဲ့ၾကပါတယ္။  ဓာတ္မွန္ရုိက္တဲ့အခါမွာ လက္ဆစ္ခ်ိဳးေနစဥ္အတြင္းမွာပဲ လက္ေခ်ာင္းအဆစ္ေလးမ်ား လႈပ္ရွားသြားပံုကို အေသးစိတ္ၾကည့္ရႈၾကၿပီး လက္ဆစ္က်ိဳးသြားတဲ့ ေျဖာက္ ဆိုတဲ့ အသံထြက္ခ်ိန္မွာ လက္ဆစ္ေတြကို ထိခိုက္မႈ တစ္စံုတစ္ရာ မရွိခဲ့ပါဘူး။ စမ္းသပ္ခံ လူနာမ်ားရဲ႕ လက္ညွစ္အား၊ သံုးလိုက္တဲ့ အင္အားနဲ႔ လက္ဆစ္အေနအထားကို ေသခ်ာတိုင္းတာခဲ့ၾကတယ္။ လက္ဆစ္ မခ်ိဳးခင္ နဲ႔ ခ်ိဳးၿပီး ဆိုၿပီး (၂) မ်ိဴး စစ္ေဆးခဲ့ၾကရာမွ ထြက္လာတဲ့ အေျဖအရ လက္ကို ဒီလို ျဖစ္ညွစ္ၿပီး လက္ဆစ္ခ်ိဳးတာေၾကာင့္ လက္ေခ်ာင္းေလးေတြအတြက္ ဘာျပႆနာမွ မေပၚေပါက္ေစဘူးလို႔ ေတြ႔ရွိခဲ့ၾကပါတယ္။

တစ္ခ်ိဳ႕ လူနာမ်ားက လက္ဆစ္ကို မခ်ိဳးေပမယ့္ ေျဖာက္ဆိုတဲ့ အသံထြက္ေအာင္ အဆစ္ကို ေဆာ့ကစားတတ္ၾကပါတယ္။ ေဒါက္တာ ဘိုတင္ (Dr.Boutin) က ဒီ  သုေတသနကို ေလ့လာခဲ့သူ ျဖစ္ၿပီး ဒီ လက္ဆစ္ခ်ိဳးလိုက္ရင္ ထြက္တဲ့ ေျဖာက္ ဆိုတဲ့အသံမွာ လက္အဆစ္ကို ခ်ိဳးလိုက္ခ်ိန္ အဆစ္ႏွစ္ခုၾကားမွာ ခိုေနတဲ့ ေလကေန ထြက္တဲ့အသံ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ လက္ဆစ္ခ်ိဳးလိုက္တဲ့အခါ စိတ္ထဲမွာ တင္းမာေနတာတစ္ခုခု ေျပေလ်ာ့သြားသလို ျဖစ္ေစတာေၾကာင့္ ခ်ိဳးၾကတာပါလို႔လည္း သူက ဆိုပါတယ္။ လက္ဆစ္ခ်ိဳးရတာ အေညာင္းေျပသလိုလို၊ ေျဖာက္ခနဲ ျမည္သံက စိတ္ေက်နပ္မႈ တစ္မ်ိဳးေပးသလို ခံစားရတယ္လို႔ တစ္ခ်ိဳ႕လူေတြက ထင္ေပမယ့္ တစ္ခ်ဳိ႕ကေတာ့ ဒီလို ခ်ိဳးတာနဲ႔ ခ်ိဳးတဲ့အသံကို ၾကားရတာ အသည္းယားၿပီး ခံစားရခက္ေစတယ္လို႔ ဆိုပါတယ္။

လက္ဆစ္ခ်ိဳးတဲ့အခါမွာ လက္အဆစ္က ဒီလိုေလးျဖစ္သြားတာပါ

အမွန္က လက္ဆစ္ခ်ိဳးျခင္းေၾကာင့္ ဒဏ္ရာ မရေစႏိုင္သလို အက်ိဳးလည္း မျဖစ္ထြန္းေစပါဘူး။ လက္ဆစ္ခ်ိဳးတတ္တဲ့အက်င့္ရွိသူေတြက စိတ္ေက်နပ္ေအာင္ ခ်ိဳးၾကမွာပါပဲ။ လက္ဆစ္ခ်ိဳးရင္ ႀကီးလာတဲ့အခါ လက္ေခ်ာင္းတုတ္တုတ္ႀကီးေတြ ျဖစ္သြားမယ္လို႔ ေရွးလူႀကီးေတြ ေျပာဆိုသြန္သင္ခဲ့တဲ့ အယူအဆတစ္ခုလည္း ျဖစ္ခ်င္ျဖစ္ေနႏိုင္ပါတယ္။

Credit  :Duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လက်ဆစ်တွေ တဖြောက်ဖြောက်နဲ့ ချိုးခြင်းက လက်ဆစ်များကို ဒဏ်ဖြစ်စေပြီး အဆစ်များကို ကြီးမားလာစေတယ်ဆိုတာက မမှန်ကန်ကြောင်း အသစ်စက်စက် လေ့လာချက်တစ်ခုအရ သိရပါတယ်။

မြောက်အမေရိကနိုင်ငံ ဓာတ်မှန်ဌာနမှ သုတေသီများက လူအယောက် (၄၀) အား လက်ဆစ်ချိုးစေပြီး ချိုးနေချိန်မှာ လက်အဆစ်ရဲ့ လှုပ်ရှားမှုတွေကို အာထရာဆောင်းဖြင့် သေချာကြည့်ရှုလေ့လာခဲ့ကြပါတယ်။  ဓာတ်မှန်ရိုက်တဲ့အခါမှာ လက်ဆစ်ချိုးနေစဉ်အတွင်းမှာပဲ လက်ချောင်းအဆစ်လေးများ လှုပ်ရှားသွားပုံကို အသေးစိတ်ကြည့်ရှုကြပြီး လက်ဆစ်ကျိုးသွားတဲ့ ဖြောက် ဆိုတဲ့ အသံထွက်ချိန်မှာ လက်ဆစ်တွေကို ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ စမ်းသပ်ခံ လူနာများရဲ့ လက်ညှစ်အား၊ သုံးလိုက်တဲ့ အင်အားနဲ့ လက်ဆစ်အနေအထားကို သေချာတိုင်းတာခဲ့ကြတယ်။ လက်ဆစ် မချိုးခင် နဲ့ ချိုးပြီး ဆိုပြီး (၂) မျိူး စစ်ဆေးခဲ့ကြရာမှ ထွက်လာတဲ့ အဖြေအရ လက်ကို ဒီလို ဖြစ်ညှစ်ပြီး လက်ဆစ်ချိုးတာကြောင့် လက်ချောင်းလေးတွေအတွက် ဘာပြဿနာမှ မပေါ်ပေါက်စေဘူးလို့ တွေ့ရှိခဲ့ကြပါတယ်။

တစ်ချို့ လူနာများက လက်ဆစ်ကို မချိုးပေမယ့် ဖြောက်ဆိုတဲ့ အသံထွက်အောင် အဆစ်ကို ဆော့ကစားတတ်ကြပါတယ်။ ဒေါက်တာ ဘိုတင် (Dr.Boutin) က ဒီ  သုတေသနကို လေ့လာခဲ့သူ ဖြစ်ပြီး ဒီ လက်ဆစ်ချိုးလိုက်ရင် ထွက်တဲ့ ဖြောက် ဆိုတဲ့အသံမှာ လက်အဆစ်ကို ချိုးလိုက်ချိန် အဆစ်နှစ်ခုကြားမှာ ခိုနေတဲ့ လေကနေ ထွက်တဲ့အသံ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ဆစ်ချိုးလိုက်တဲ့အခါ စိတ်ထဲမှာ တင်းမာနေတာတစ်ခုခု ပြေလျော့သွားသလို ဖြစ်စေတာကြောင့် ချိုးကြတာပါလို့လည်း သူက ဆိုပါတယ်။ လက်ဆစ်ချိုးရတာ အညောင်းပြေသလိုလို၊ ဖြောက်ခနဲ မြည်သံက စိတ်ကျေနပ်မှု တစ်မျိုးပေးသလို ခံစားရတယ်လို့ တစ်ချို့လူတွေက ထင်ပေမယ့် တစ်ချို့ကတော့ ဒီလို ချိုးတာနဲ့ ချိုးတဲ့အသံကို ကြားရတာ အသည်းယားပြီး ခံစားရခက်စေတယ်လို့ ဆိုပါတယ်။

လက်ဆစ်ချိုးတဲ့အခါမှာ လက်အဆစ်က ဒီလိုလေးဖြစ်သွားတာပါ

အမှန်က လက်ဆစ်ချိုးခြင်းကြောင့် ဒဏ်ရာ မရစေနိုင်သလို အကျိုးလည်း မဖြစ်ထွန်းစေပါဘူး။ လက်ဆစ်ချိုးတတ်တဲ့အကျင့်ရှိသူတွေက စိတ်ကျေနပ်အောင် ချိုးကြမှာပါပဲ။ လက်ဆစ်ချိုးရင် ကြီးလာတဲ့အခါ လက်ချောင်းတုတ်တုတ်ကြီးတွေ ဖြစ်သွားမယ်လို့ ရှေးလူကြီးတွေ ပြောဆိုသွန်သင်ခဲ့တဲ့ အယူအဆတစ်ခုလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

Credit  :Duwun




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top