iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ရွဴလမ္းေၾကာင္းပိတ္မႈ သက္သာေစဖုိ႔ အသုံးျပဳတဲ့ အစြမ္းထက္ပိုးသတ္ေဆးေတြက ေက်ာက္ကပ္ပ်က္စီးမႈအျပင္ အၾကားအာရုံဆုံးရႈံးမႈအႏၱရာယ္လည္း ပိုမိုျမင့္တက္ေစႏုိင္ေၾကာင္း ေလ့လာမႈတစ္ခုက ေတြ႔ရိွခဲ့ပါတယ္။ 

Aminoglycoside ပုိးသတ္ေဆးကို တစ္ကမာၻလံုးအႏွံ႔ ခန္႔မွန္းေျခ လူ ၇၀,၀၀၀ ေယာက္ အသုံးျပဳျပီး အဆုတ္သာမက သရက္ရြက္၊ အသည္း၊ ေက်ာက္ကပ္နဲ႔ အူေတြ ထိခုိက္ေစပါတယ္။ အသက္ရွဴလမ္းအေၾကာင္းပိတ္မႈျပသနာ ေလ်ာ့နည္းေစဖုိ႔ ပိုးသတ္ေဆးေပးခံရတဲ့ လူနာေတြ အၾကားအာရုံဆုံးရႈံးႏုိင္ေျခ ၄.၇၉ ဆ ပိုမ်ားေၾကာင္း ေလ့လာေတြ႔ရိွခ်က္ေတြက ေဖာ္ျပခဲ့ပါတယ္။ အထီးက်န္ခံစားရမႈ၊ စိတ္က်ေရာဂါနဲ႔ မွတ္ဥာဏ္က်ဆင္းမႈ ပိုမိုဆုိးရြားေစႏုိင္တဲ့ အေျခအေနတစ္ခုပဲ ျဖစ္ပါတယ္။

Aminoglycosides ေဆးထုိးတဲ့လူနာေတြမွာ အၾကားအာရုံ ပုံမွန္ေစာင့္ၾကည့္စစ္ေဆးမႈျပဳလုပ္ဖုိ႔ ဆရာဝန္ေတြအတြက္ သိပ္အေရးၾကီးတယ္လုိ႔ ေလ့လာမႈက ဆုိပါတယ္။ အသက္ရွဴလမ္းေၾကာင္းပိတ္ေရာဂါေဝဒနာရွင္ေတြ ကုသတဲ့ ဆရာဝန္ေတြ အသက္ရွဴလမ္းေၾကာင္း ကူးစက္ေရာဂါလကၡဏာေတြ ကုသျခင္းအတြက္ အျခားနည္းလမ္းေတြ စဥ္းစားသင့္တယ္လုိ႔ သုေတသီေတြ အၾကံျပဳခဲ့ၾကပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက်ရှူလမ်းကြောင်းပိတ်မှု သက်သာစေဖို့ အသုံးပြုတဲ့ အစွမ်းထက်ပိုးသတ်ဆေးတွေက ကျောက်ကပ်ပျက်စီးမှုအပြင် အကြားအာရုံဆုံးရှုံးမှုအန္တရာယ်လည်း ပိုမိုမြင့်တက်စေနိုင်ကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

Aminoglycoside ပိုးသတ်ဆေးကို တစ်ကမ္ဘာလုံးအနှံ့ ခန့်မှန်းခြေ လူ ၇၀,၀၀၀ ယောက် အသုံးပြုပြီး အဆုတ်သာမက သရက်ရွက်၊ အသည်း၊ ကျောက်ကပ်နဲ့ အူတွေ ထိခိုက်စေပါတယ်။ အသက်ရှူလမ်းအကြောင်းပိတ်မှုပြသနာ လျော့နည်းစေဖို့ ပိုးသတ်ဆေးပေးခံရတဲ့ လူနာတွေ အကြားအာရုံဆုံးရှုံးနိုင်ခြေ ၄.၇၉ ဆ ပိုများကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြခဲ့ပါတယ်။ အထီးကျန်ခံစားရမှု၊ စိတ်ကျရောဂါနဲ့ မှတ်ဉာဏ်ကျဆင်းမှု ပိုမိုဆိုးရွားစေနိုင်တဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။

Aminoglycosides ဆေးထိုးတဲ့လူနာတွေမှာ အကြားအာရုံ ပုံမှန်စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ဖို့ ဆရာဝန်တွေအတွက် သိပ်အရေးကြီးတယ်လို့ လေ့လာမှုက ဆိုပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်ရောဂါဝေဒနာရှင်တွေ ကုသတဲ့ ဆရာဝန်တွေ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါလက္ခဏာတွေ ကုသခြင်းအတွက် အခြားနည်းလမ်းတွေ စဉ်းစားသင့်တယ်လို့ သုတေသီတွေ အကြံပြုခဲ့ကြပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top