iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးခ်ိဳေရာဂါနဲ႔ ဆီးခ်ိဳေရာဂါရဲ႕ေရွးေျပးလကၡဏာေတြဟာ ကမၻာတစ္ဝန္းမွာ ပိုမိုပ်ံ႕ႏွံ႕လာပါတယ္။ ျဖစ္လို႔ျဖစ္ေနမွန္း မသိလိုက္ခင္မွာတင္ ဆီးခ်ိဳေရာဂါကို ခံစားေနရသူေတြလည္း ႐ွိပါတယ္။ က်န္းမာေရးပညာ႐ွင္ေတြကေတာ့ အသက္ ၄၅ ႏွစ္ ေက်ာ္သူတိုင္း ဒီစစ္ေဆးမႈကို ျပဳလုပ္ျခင္းျဖင့္ ဆီးခ်ိဳေရာဂါကို ေစာစီးစြာသိ႐ွိႏိုင္မယ္လို႔ ဆုိပါတယ္။ ေ႐ွ႕ေျပးလကၡဏာေတြ ျဖစ္ေနျခင္းက ဆီးခ်ိဳျဖစ္ၿပီလို႔ေတာ့ မဆုိလိုႏိုင္ပါဘူး။ ဒီအဆင့္မွာတင္ ဆီးခ်ိဳျဖစ္မလာေအာင္ တားဆီးလို႔ရႏိုင္မွာျဖစ္ပါတယ္။

၁။ အစာအိမ္ထဲမွာ ေကာင္းတဲ့ဘက္တီးရီးယားေတြ လံုလံုေလာက္ေလာက္ ႐ွိေနသလားဆုိတာ စစ္ေဆးပါ။ ဘာလို႔လဲဆိုေတာ့ ယင္းဘက္တီးရီးယားေတြက ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ကို အကူအညီေပးမွာျဖစ္ၿပီး ယင္းဘက္တီးရီးယားေတြ ေလွ်ာ့နည္းတဲ့အခါ ေသြးတြင္းက အခ်ိဳပမာဏ ျမင့္တက္လာတယ္လို႔ ခ်ီကာဂို႐ွိ University of Illinois Medical Center ရဲ႕ သုေတသီက ေျပာပါတယ္။ အမွ်င္ဓာတ္ပါတာ မ်ားမ်ားစားေပးသင့္ပါတယ္။

၂။ အိပ္ေရးပ်က္ျခင္းကလည္း ဆီးခ်ိဳျဖစ္ႏိုင္ေျခ ျမင့္တက္ေစပါတယ္။ အိပ္ေရးပ်က္တဲ့လူေတြဟာ ေလ့က်င့္ခန္းမလုပ္တဲ့အျပင္ ေဆးလိပ္ပါေသာက္တယ္ဆုိရင္ေတာ့ ဆီးခ်ဳိျဖစ္ႏိုင္ေျခ ျမင့္သတက္ျမင့္လာပါတယ္။ ည ၁၁ မတိုင္မီ အိပ္ႏိုင္ဖို႔ ႀကိဳးစားပါ။

၃။ ျပင္သစ္သုေတသီေတြက ဆရာမ ၈၂၀၀၀ ကို ေလ့လာၾကည့္ရာမွာ A ေသြးပိုင္႐ွင္ အမ်ိဳးသမီးေတြနဲ႔ B ေသြးပိုင္႐ွင္ အမ်ိဳးသမီးေတြဟာ O ေသြးပိုင္႐ွင္ အမ်ိဳးသမီးေတြနဲ႔ယွဥ္ရင္ ဆီးခ်ိဳေရာဂါအမ်ိဳးအစား-၂ ျဖစ္ႏိုင္ေျခ ၁၀ ရာခိုင္ႏႈန္းနဲ႔ ၂၁ ရာခိုင္ႏႈန္း ပိုျမင့္တယ္လို႔ ဆုိပါတယ္။

၄။ အသက္အ႐ြယ္ကလည္း စကားေျပာပါတယ္။ သက္လတ္ပိုင္းမွာ ဆီးခ်ိဳေရာဂါ စတင္ဝင္ေရာက္လာတတ္ၿပီး အသက္ ၆၀ ဝန္းက်င္မွာေတာ့ ဆီးခ်ိဳေရာဂါကို ပိုမိုခံစားလာရပါတယ္။ ယင္းအခ်ိန္တြမွာ အဆီေတြက ဝမ္းဗိုက္၊ ၾကြက္သားနဲ႔ အသည္းေတြမွာစုလာၿပီျဖစ္လို႔ ဆီးခ်ိဳေဝဒနာကို ပိုခံစားရတာပါ။ လႈပ္ရွားမႈနည္းလာတာေၾကာင့္လည္း ပါဝင္ပါတယ္။

၅။ ဗီတာမင္ D လံုေလာက္စြာ ရရွိဖုိ႔လည္း လိုအပ္ပါတယ္။ ေနေရာင္ျခည္ကရတဲ့ ဗီတာမင္ D ဟာ ခႏၶာကိုယ္ကေန ကယ္လ္ဆီယံ (calcium) စုပ္ယူမႈကို အေထာက္အကူျဖစ္ေစလို႔ အရိုးနဲ႔ၾကြက္သားေတြကို သန္မာေအာင္ ကူညီေပးပါေသးတယ္။ ဒါေၾကာင့္မို႔လို႔ ကိုယ္တြင္းက ဂလူးဂို႔စ္ (glucose) ျဖစ္စဥ္ေတြကို ေကာင္းမြန္ကို ထိန္းေပးထားႏိုင္မွာပါ။

Credit : Duwun



ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆီးချိုရောဂါနဲ့ ဆီးချိုရောဂါရဲ့ရှေးပြေးလက္ခဏာတွေဟာ ကမ္ဘာတစ်ဝန်းမှာ ပိုမိုပျံ့နှံ့လာပါတယ်။ ဖြစ်လို့ဖြစ်နေမှန်း မသိလိုက်ခင်မှာတင် ဆီးချိုရောဂါကို ခံစားနေရသူတွေလည်း ရှိပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ အသက် ၄၅ နှစ် ကျော်သူတိုင်း ဒီစစ်ဆေးမှုကို ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို စောစီးစွာသိရှိနိုင်မယ်လို့ ဆိုပါတယ်။ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေခြင်းက ဆီးချိုဖြစ်ပြီလို့တော့ မဆိုလိုနိုင်ပါဘူး။ ဒီအဆင့်မှာတင် ဆီးချိုဖြစ်မလာအောင် တားဆီးလို့ရနိုင်မှာဖြစ်ပါတယ်။

၁။ အစာအိမ်ထဲမှာ ကောင်းတဲ့ဘက်တီးရီးယားတွေ လုံလုံလောက်လောက် ရှိနေသလားဆိုတာ စစ်ဆေးပါ။ ဘာလို့လဲဆိုတော့ ယင်းဘက်တီးရီးယားတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို အကူအညီပေးမှာဖြစ်ပြီး ယင်းဘက်တီးရီးယားတွေ လျှော့နည်းတဲ့အခါ သွေးတွင်းက အချိုပမာဏ မြင့်တက်လာတယ်လို့ ချီကာဂိုရှိ University of Illinois Medical Center ရဲ့ သုတေသီက ပြောပါတယ်။ အမျှင်ဓာတ်ပါတာ များများစားပေးသင့်ပါတယ်။

၂။ အိပ်ရေးပျက်ခြင်းကလည်း ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ အိပ်ရေးပျက်တဲ့လူတွေဟာ လေ့ကျင့်ခန်းမလုပ်တဲ့အပြင် ဆေးလိပ်ပါသောက်တယ်ဆိုရင်တော့ ဆီးချိုဖြစ်နိုင်ခြေ မြင့်သတက်မြင့်လာပါတယ်။ ည ၁၁ မတိုင်မီ အိပ်နိုင်ဖို့ ကြိုးစားပါ။

၃။ ပြင်သစ်သုတေသီတွေက ဆရာမ ၈၂၀၀၀ ကို လေ့လာကြည့်ရာမှာ A သွေးပိုင်ရှင် အမျိုးသမီးတွေနဲ့ B သွေးပိုင်ရှင် အမျိုးသမီးတွေဟာ O သွေးပိုင်ရှင် အမျိုးသမီးတွေနဲ့ယှဉ်ရင် ဆီးချိုရောဂါအမျိုးအစား-၂ ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းနဲ့ ၂၁ ရာခိုင်နှုန်း ပိုမြင့်တယ်လို့ ဆိုပါတယ်။

၄။ အသက်အရွယ်ကလည်း စကားပြောပါတယ်။ သက်လတ်ပိုင်းမှာ ဆီးချိုရောဂါ စတင်ဝင်ရောက်လာတတ်ပြီး အသက် ၆၀ ဝန်းကျင်မှာတော့ ဆီးချိုရောဂါကို ပိုမိုခံစားလာရပါတယ်။ ယင်းအချိန်တွမှာ အဆီတွေက ဝမ်းဗိုက်၊ ကြွက်သားနဲ့ အသည်းတွေမှာစုလာပြီဖြစ်လို့ ဆီးချိုဝေဒနာကို ပိုခံစားရတာပါ။ လှုပ်ရှားမှုနည်းလာတာကြောင့်လည်း ပါဝင်ပါတယ်။

၅။ ဗီတာမင် D လုံလောက်စွာ ရရှိဖို့လည်း လိုအပ်ပါတယ်။ နေရောင်ခြည်ကရတဲ့ ဗီတာမင် D ဟာ ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယံ (calcium) စုပ်ယူမှုကို အထောက်အကူဖြစ်စေလို့ အရိုးနဲ့ကြွက်သားတွေကို သန်မာအောင် ကူညီပေးပါသေးတယ်။ ဒါကြောင့်မို့လို့ ကိုယ်တွင်းက ဂလူးဂို့စ် (glucose) ဖြစ်စဉ်တွေကို ကောင်းမွန်ကို ထိန်းပေးထားနိုင်မှာပါ။

Credit : Duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top