ကိုယ့္ထက္အသက္ႀကီးသူေတြနဲ႔ ကိုယ့္ထက္အရင္ အိမ္ေထာင္ျပဳသြားၾကတဲ့
သူငယ္ခ်င္းေတြက သူတုိ႔ရဲ႕ အိမ္ေထာင္ေရးအေတြ႔အၾကံဳေတြကို ျပန္လည္မွ်ေဝတဲ့အခါ
အခ်ိဳ႕အရာေတြက တူညီေနတာကို ေတြ႔ရမွာပါ။ အိမ္ေထာင္ျပဳရမယ့္အရြယ္
ေရာက္လာတဲ့အခါ ကိုယ့္ရဲ႕စီနီယာေတြဆီက အၾကံဉာဏ္နဲ႔ အေတြ႔အၾကံဳေတြကို
ေမးရျမန္းရၿပီေလ။ သူတုိ႔ေတြေျပာၾကတဲ့ စကားေတြထဲမွာ ဒီအခ်က္ သံုးခ်က္ကေတာ့
အားလံုးေျပာၾကတာကို ၾကားခဲ့ရပါတယ္။
၁။ ခက္ခဲတယ္
ႏွစ္ေယာက္တစ္ဘဝ
တည္ေဆာက္ဖုိ႔ဆိုတာ တကယ္ကိုခက္ခဲလြန္းပါတယ္။ ေငြေရးေၾကးေရး
အဆင္ေျပတယ္ဆုိရင္ေတာင္မွ မဂၤလာမေဆာင္ခင္ကတည္းက အလုပ္ေတြ႐ႈပ္ရၿပီေလ။
ညႇိႏႈိင္းရတာ၊ ဆံုးျဖတ္ခ်က္ရတာေတြနဲ႔ ႏွစ္ဘက္အသိုင္းအဝိုင္းၾကားမွာ
အဆင္ေျပဖုိ႔ရာ အေတာ္ေလးၾကိဳးစားရပါတယ္။ အတူေနၿပီဆုိလည္း
အိမ္ေထာင္သည္ျဖစ္သြားေတာ့ လူလြတ္ဘဝကလို မဟုတ္ေတာ့ဘူး။ တာဝန္ေတြ ဝတၱရားေတြ
မ်ားလာၿပီ။ တခ်ိဳ႕ကေတာ့ ဒါကိုခက္ခဲပင္ပန္းတယ္လို႔ ထင္ၾကတယ္။
တခ်ိဳ႕က်ေတာ့လည္း အျပန္အလွန္ညႇိႏႈိင္းနားလည္ေပးေတာ့ ထင္သေလာက္ မခက္ပါဘူး။
၂။ ၿပီးျပည့္စံုေစ
ပံုျပင္ေတြထဲကလို
ေပ်ာ္႐ႊင္စြာ ေပါင္းဖက္ၾကသြားသတည္းေပါ့။ တကယ္ေတာ့ ဒါက
ဇာတ္သိမ္းမဟုတ္ပါဘူး။ နွစ္ေယာက္အတူ တည္ေဆာက္္ရတဲ့ ဘဝသစ္တစ္ခု
စတင္လိုက္တာပါ။ တစ္ေယာက္ရဲ႕အေၾကာင္း တစ္ေယာက္က ပိုသိနားလည္လာမယ္၊
သည္းခံရတာေတြ၊ အတူႀကိဳးစားရတာေတြ ႐ွိလာမယ္။ ဒါမွ ဘဝအစစ္ပါ။ မိဘအရိပ္မွာ
ေနခဲ့တုန္းက အပူအပင္မရွိခဲ့ေပမဲ့ အိမ္ ေထာင္ျပဳလိုက္ေတာ့မွပဲ ဘဝကို ေရေရရာရာ နားလည္လာပါတယ္။
၃။ ပိုေကာင္းတဲ့လူ
နတ္သမီးတစ္ပါးက
ကိုယ့္ ေမွာ္ႏွင္တံေလးနဲ႔တို႔ၿပီး ေရာ့အင့္ လူေတာ္တစ္ေယာက္
ျဖစ္လာေစဆုိၿပီး လုပ္ေပးလိုက္တာမဟုတ္ပါဘူး။ ဘဝကို ပိုၿပီး နားလည္လာတဲ့အခါ
ကိုယ္က ပိုရင့္က်က္လာရတယ္ေလ။ လုပ္သင့္တာနဲ႔ လုပ္ခ်င္တာကိုလည္း
ခြဲျခားတတ္လာၿပီ။ မျဖစ္ျဖစ္ေအာင္ လုပ္ရမယ့္အရာေတြအတြက္ အားစိုက္တတ္လာေတာ့
ကိုယ္ဟာ အိမ္ေထာင္သည္ဘဝမွာ ပိုၿပီးထက္ျမက္လာခဲ့ရပါတယ္။ ဒါေပမဲ့
ႀကိဳးစားခ်င္စိတ္ရွိဖုိ႔ေတာ့ လိုတာေပါ့။ ဘာမွမလုပ္ဘဲေနရင္ ဘာမွျဖစ္မလာသလို
ကိုယ့္စိတ္ကို ဦးစားေပးေနရင္လည္း အိမ္ေထာင္ေရးအဆင္မေျပႏိုင္ဘူးဆုိတာ
သိထားသင့္ပါတယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ကိုယ့်ထက်အသက်ကြီးသူတွေနဲ့ ကိုယ့်ထက်အရင် အိမ်ထောင်ပြုသွားကြတဲ့ သူငယ်ချင်းတွေက သူတို့ရဲ့ အိမ်ထောင်ရေးအတွေ့အကြုံတွေကို ပြန်လည်မျှဝေတဲ့အခါ အချို့အရာတွေက တူညီနေတာကို တွေ့ရမှာပါ။ အိမ်ထောင်ပြုရမယ့်အရွယ် ရောက်လာတဲ့အခါ ကိုယ့်ရဲ့စီနီယာတွေဆီက အကြံဉာဏ်နဲ့ အတွေ့အကြုံတွေကို မေးရမြန်းရပြီလေ။ သူတို့တွေပြောကြတဲ့ စကားတွေထဲမှာ ဒီအချက် သုံးချက်ကတော့ အားလုံးပြောကြတာကို ကြားခဲ့ရပါတယ်။
၁။ ခက်ခဲတယ်
နှစ်ယောက်တစ်ဘဝ တည်ဆောက်ဖို့ဆိုတာ တကယ်ကိုခက်ခဲလွန်းပါတယ်။ ငွေရေးကြေးရေး အဆင်ပြေတယ်ဆိုရင်တောင်မှ မင်္ဂလာမဆောင်ခင်ကတည်းက အလုပ်တွေရှုပ်ရပြီလေ။ ညှိနှိုင်းရတာ၊ ဆုံးဖြတ်ချက်ရတာတွေနဲ့ နှစ်ဘက်အသိုင်းအဝိုင်းကြားမှာ အဆင်ပြေဖို့ရာ အတော်လေးကြိုးစားရပါတယ်။ အတူနေပြီဆိုလည်း အိမ်ထောင်သည်ဖြစ်သွားတော့ လူလွတ်ဘဝကလို မဟုတ်တော့ဘူး။ တာဝန်တွေ ဝတ္တရားတွေ များလာပြီ။ တချို့ကတော့ ဒါကိုခက်ခဲပင်ပန်းတယ်လို့ ထင်ကြတယ်။ တချို့ကျတော့လည်း အပြန်အလှန်ညှိနှိုင်းနားလည်ပေးတော့ ထင်သလောက် မခက်ပါဘူး။
၂။ ပြီးပြည့်စုံစေ
ပုံပြင်တွေထဲကလို ပျော်ရွှင်စွာ ပေါင်းဖက်ကြသွားသတည်းပေါ့။ တကယ်တော့ ဒါက ဇာတ်သိမ်းမဟုတ်ပါဘူး။ နှစ်ယောက်အတူ တည်ဆောက်ရတဲ့ ဘဝသစ်တစ်ခု စတင်လိုက်တာပါ။ တစ်ယောက်ရဲ့အကြောင်း တစ်ယောက်က ပိုသိနားလည်လာမယ်၊ သည်းခံရတာတွေ၊ အတူကြိုးစားရတာတွေ ရှိလာမယ်။ ဒါမှ ဘဝအစစ်ပါ။ မိဘအရိပ်မှာ နေခဲ့တုန်းက အပူအပင်မရှိခဲ့ပေမဲ့ အိမ် ထောင်ပြုလိုက်တော့မှပဲ ဘဝကို ရေရေရာရာ နားလည်လာပါတယ်။
၃။ ပိုကောင်းတဲ့လူ
နတ်သမီးတစ်ပါးက ကိုယ့် မှော်နှင်တံလေးနဲ့တို့ပြီး ရော့အင့် လူတော်တစ်ယောက် ဖြစ်လာစေဆိုပြီး လုပ်ပေးလိုက်တာမဟုတ်ပါဘူး။ ဘဝကို ပိုပြီး နားလည်လာတဲ့အခါ ကိုယ်က ပိုရင့်ကျက်လာရတယ်လေ။ လုပ်သင့်တာနဲ့ လုပ်ချင်တာကိုလည်း ခွဲခြားတတ်လာပြီ။ မဖြစ်ဖြစ်အောင် လုပ်ရမယ့်အရာတွေအတွက် အားစိုက်တတ်လာတော့ ကိုယ်ဟာ အိမ်ထောင်သည်ဘဝမှာ ပိုပြီးထက်မြက်လာခဲ့ရပါတယ်။ ဒါပေမဲ့ ကြိုးစားချင်စိတ်ရှိဖို့တော့ လိုတာပေါ့။ ဘာမှမလုပ်ဘဲနေရင် ဘာမှဖြစ်မလာသလို ကိုယ့်စိတ်ကို ဦးစားပေးနေရင်လည်း အိမ်ထောင်ရေးအဆင်မပြေနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အိမ္ေထာင္ျပဳျခင္းနဲ႔ ပတ္သက္တဲ့ အမွန္တရား (၃) ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။